3

510 57 3
                                    

Zawgyi

အိမ်အောက်ထပ်သို့ဆင်းလာခဲ့ပြီး ကျေနပ်စွာ သူပြုံးမိသည်။
အရင်တုန်းကအတိုင်းဘဲ ဘာမှ ပြောင်းလဲခြင်းမရှိသော သူမ
၏ ကလေးဆန်သည့် အမူအယာများသည် ချစ်ဖို့ကောင်းတုန်း
တစ်နှစ်ပြီး တစ်နှစ် အသက်တွေကြီးလာတာနှင့်အမျှ ရင့်ကျက်
လာမည်အထင်နှင့် သူ သူမကို ခဏလာကြည့်မိသည်။သို့ပေမယ့် ရင့်ကျက်သည့် ကောင်မလေးတစ်ယောက်အနေနဲ့
မတွေ့လိုက်ရဘဲ ကလေးဆန်သည့် ကလေးပေါက်စလေး
တစ်ယောက်အား တွေ့မြင်လိုက်ရသောကြောင့်သူပြုံးမိခြင်း
ပင်။

သူမလေး သူ့ကို ဖွင့်ပြောသည့်နေတုန်းက သူ့ဘဝမှာ အလွန်
ပျော်သော နေ့ဖြစ်ခဲ့ရသည်။ သို့ပေမယ့် ငိုရင်းပြောလာသည့်
သူမကြောင့် ကိုယ့်ဘက်က နောက်ဆုတ်ပေးလိုက်ဖို့ စိတ်ကဝင်လာသည်။ ထိုနေ့က လုံးဝကို အိပ်မပျော်နိုင်ဖြစ်ခဲ့
ရသည်။ ပျော်လွန်းလို့။ ထိုနေ့တွင် အပျော်ဆုံးလူသားကို
ပြောပါဆိုရင်....ကျွန်တော်ဘဲပေါ့။ဟောဒီက Min Yoongiကြီးပါ။ တစ်သက်လုံး သူမကို ရည်ညွှန်းပြီး ချစ်
လာခဲ့တဲ့ Min Yoongi...။

နောက်တနေ့ သူမကို ချော့ဖို့ဆိုပြီး နှင့်ဆီပန်း တစ်ပွင့်ကို ကိုင်
ကာ သူမရဲ့ ကျောင်းကို သူသွားခဲ့တယ်။ သို့ပေမယ့် ကျောင်း
အဝင်ဝတွင် တွေ့လိုက်ရသည့် မြင်ကွင်းကြောင့် သူ့
နှလုံးသားကို အစိတ်စိတ်အမြွှာမြွှာခွဲလိုက်သလို။ ကောင်လေး
တစ်ယောက်က သူမရဲ့ဘေးနားမှာ ကပ်လျှောက်နေပြီး
သူမအား candyလိုက်ပေးနေတယ်။ ထိုအခါ သူဘာမှမမြင်
တော့။ သူမကို အပြစ်ပေးဖို့ဘဲ သူစဉ်းစားထားသည်။

ထိုနေ့ညနေက သူအပြစ်ပေးတာ လွန်သွားတယ်ထင်သည်။
အခန်းကပြန်ထွက်စဉ် သူမရဲ့ ရှိုက်သံသဲ့သဲ့လေးကို ကြားဖြစ်
အောင်ကြားခဲ့သေးသည်။ ထိုနေ့က သူတစ်ညလုံးစဉ်းစားခဲ့
သည်။ သူမကို လက်ထက်လိုက်ရင်ကောင်းမလား ?
ဒါမှမဟုတ် သူမကို ချစ်ခွင့်မပန်သေးဘဲ သူ့ကို သတိထားမိ
အောင်လုပ်ရမလား ? အမျိုးမျိုးစဉ်းစားသည်။ သို့ပေမယ့်
အကြံကမထွက်။ အဲ့ဒါနဲ့ အိပ်ဖြစ်အောင်အိပ်လိုက်သည်။

ဒီနေ့လည်း သူမကို အပြစ်ပေးမယ် ထင်ပြီး မှိတ်ထားသည့်
မျက်လုံးက အလင်းတောင်ဝင်ပုံမရ။ ထို့ကြောင့် သူ ရယ်မိ
လိုက်ခြင်းဖြစ်သည်။ ကျွန်တော် ခုနက ခေါက်ထည့်လိုက်
တော့ အား ဆိုပြီး အသံစူးစူးလေးနဲ့ ထအော်သည်။
အခုလည်း အခန်းထဲမှာ ကြောင်တောင်တောင်နဲ့ကျန်ခဲ့ပြန်ပြီ။
တကယ့် ကလေးအစစ်။

The Piano boy[Suga x Oc]*Completed*Where stories live. Discover now