ကုမ္ပဏီတစ်ခုရဲ့ Ceo ရုံးခန်းတွင်
"ဒါဆို Boss က ကျတော့ရွာလိုက်မယ်ပေါ့"
"ဟုတ်တယ် အမေက အပန်းဖြေတဲ့အနေ နဲ့လိုက်သွားတဲ့"
ထိုလူနှစ်ယောက်ကတော့ Boss ချစ်စမ်းမောင်
နဲ့ လက်ထောက် သာလှ ချစ်စမ်းမောင်က
အသက် ၃၂နှစ် အရွယ် တစ်ကိုယ်တည်း
ချစ်သူမရှိဘူး မရှိတာထက် နှလုံးသားမရှိတာ
အမေဖြစ်သူက အိမ်ထောင်ဖက်ပေးတွေ့ရင်လဲအဆင်မပြေ အလုပ်ထဲသာ အားစိုက်သည်
ခုတော့ တပည့်ဖြစ်သူရဲ့ရွာလိုက်ဖို့အကြောင်း
ဖန်လာသည်——
"ကောင်ကလေးရေ အိမ်ကိုရေဖြည့်ပေးပါအုံး"
"ဟုတ်ကဲ့ ကျတော် သူကြီးအိမ်ဖြည့်ပေးပြီးရင်လာခဲ့မယ် ဒေါ်ဘုတ်ဆုံ"
ကောင်ကလေးက မိဘမရှိတော့ဘူး
တစ်ရွာလုံးရဲ့အချစ်တော် လူအေးလေး
ဝိုင်းလုပ်ဝိုင်းစားသဘောနဲ့တစ်ချို့က ငွေပေးပြီး
တန်ရာတန်ကြေးနဲ့ခိုင်းတယ် အသက်က ၂၅"ကြီးမြ သားရေဖြည့်ပြီးပြီး "
"အေအေသား လာ မုန့်ဖိုးယူသွား "
"ဟုတ်.. ကျေးဇူးနော် ကြီးမြ နောက်လိုရင်ခေါ်
အုံး""ဟုတ်ပါပြီးရှင်"
"ဟီးဟီး သွားပြီနော် "
"ကောင်ကလေး ခန...မနက်ဖြန် မင်းအစ်ကို
သာလှပြန်ရောက်မယ် ""တကယ်လား"
"ဟုတ်ပတော် "
"ဟီး...ဟုတ်ဟုတ် "
ကောင်ကလေး ခုန်ပေါက်ကာပြန်သွားသည်
သာလှဆိုတာအစ်ကိုလိုသူငယ်ချင်းလိုခင်တဲ့
သူကြီးသား မြို့မှာကျောင်းတက်ပြီး အလုပ်လုပ်နေတာ တဲ့ကောင်ကလေး တစ်နေ့လုံး အလုပ်လုပ်ပြီးအိမ်ပြန်တော့ လမ်းကဝယ်လာတဲ့ဆန်ကြမ်း
တစ်ဗူးကို ချက်ရန်ပြင်ရသည် ထမင်းကျက်တာနဲ့
ငပိရည်နဲ့ ကန်စွန်းရွက်ကိုမြှုပ်ကာ စားတော့
သည် ဒါသူ့နေ့စဉ်ဘဝဘဲ အသားဟင်းဆိုတာ
ရွာမှာအလှူရှိမှသာစားရသည်နောက်တစ်နေ့
ချစ်စမ်းမောင်တို့ကားနဲ့ သာလှရွာသို့ထွက်လာကြသည်