" Ji yaa... အားစိုက်လေ... အားစိုက်ပြီး
နယ်ပါဟ... လက်ချောင်းက အရှည်ကြီးတွေနဲ့ ... ဖွဖွလေး လုပ်မနေနဲ့လေ ... အားထည့် အားထည့် ဒီလို... ဒီလို... "" Yaa.... Jendeuk ... နင် လုပ်ပြတော့ လွယ်တယ်... ကြာတော့ ညောင်းတယ်ဟ... လာ နင် လာနယ်ကြည့် "
" ဟင့်အင်း... နယ်ပါဘူး ။ နင်ပဲ ငါ့လက်ကို သေးသေးလေးတွေ ဆိုပြီး ပြောင်ထားတာ ။ မနယ်နိုင်ဘူး လက်သေးတယ်.... Blahhh... "
Jennie Jisoo ခေါက်ဆွဲလုပ်ဖို့ ဂျုံနယ်နေတဲ့ နားသွားပြီး စ နေခြင်းဖြစ်သည် ။
အခုဆို Do မိသားစုရဲ့ ရိုးရာခေါက်ဆွဲလုပ်နည်းကို Do Ahjashi က Jisoo ကို
လက်ဆင့်ကမ်းပြီး ပညာကုန်သင်ပေးပြီး
ဖြစ်တာကြောင့် Jisoo တစ်ယောက်တည်း အကုန်လုပ်တတ်အောင် လွှတ်ထားပေးပြီး Do Ahjashi က ဘေးမှာပဲ လိုတာလိုက်ပြောပေးရုံလောက်ပဲ လုပ်တော့သည် ။
ရိုးရာလက်လုပ်ခေါက်ဆွဲဖြစ်တာကြောင့် တစ်ပိုင်တစ်နိုင်ပဲ လုပ်နေကြခြင်းလည်းဖြစ်သည် ။ဒီ တစ်နှစ်ဆိုတဲ့ အချိန်လေးအတွင်းမှာ Do မိသားစု ရိုးရာခေါက်ဆွဲဆိုင်လေးဟာ
အရင်ကထပ် ပိုလည်ပတ်နိုင်ခဲ့ပြီး Do မိသားစု အိမ်လေးကလည်း အရင်ကထပ်
ပိုပြီး စိုပြေလာခဲ့တော့သည် ။
စိုပြေဆို တကျက်ကျက်နဲ့ ရန်ဖြစ်လိုက်
စလိုက်နောက်လိုက် ငိုလိုက်ရီလိုက်နဲ့ အမြဲတေးသံသာနေတဲ့ သာလိကာလေး
နှစ်ကောင်ရောက်လာသည်ကိုး ။ ဒီတစ်နှစ်ဆိုတဲ့ အချိန်လေး တွင်းမှာပဲ Do Ahjima ရဲ့ စိတ်အခြေအနေလည်း အရင်ကထပ် ပိုတည်ငြိမ်လာသလို Do Ahjashi လည်း ပြုံးနိုင်ပျော်နိုင်လာတော့သည် ။နောက်ပိုင်းမှာတော့ Jisoo ရဲ့ လုပ်တတ်ကိုင်တတ်မှုကြောင့် Do ရိုးရာခေါက်ဆွဲဟာ
ဆိုင်မှာလည်း ထိုင်စားတဲ့သူ များတဲ့အပြင် ခေါက်ဆွဲအစိုလည်း လက်ကားရောင်းချလာရပြီး စျေးကွက်ထဲမှာ Do ရိုးရာခေါက်ဆွဲဆိုပြီး နာမည်ရလာခဲ့သည် ။ ဆိုင်မှာလည်း ဝန်ထမ်းသုံးယောက်လောက် ထပ်ခေါ်ထားခဲ့ပြီး Jisoo တို့ကတော့ အကြီးအနေနဲ့ စီမံလုပ်ကိုင်ပေးရသည့် အနေအထားထိ ရောက်လာခဲ့သည် ။Do Ahjashi ကတော့ ခေါက်ဆွဲလုပ်ငန်းကို Jisoo တို့နဲ့ပဲ စိတ်ချလက်ချလွှတ်ထားကာ Ahjima အနားမှာပဲ အမြဲတစေ နေပေးတတ်သည် ။ ဘာလို့လဲဆို Do Ahjima က သည်နောက်ပိုင်းမှာတော့ လူကြီးရောဂါနဲ့ တရှောင်ရှောင် ဖြစ်လာသောကြောင့် ဖြစ်သည် ။
Ahjima နေမကောင်းဖြစ်တဲ့အချိန်တွေဆို Ahjashi ခင်မျာ ပြာယာခပ်ပြီး ဘာအလုပ်မှ မလုပ်နိုင်တော့ ။ အရမ်းချစ်တတ်တဲ့ Do Ahjashi ကို ကြည့်ပြီး Jisoo သနားလည်း သနားမိသလို ချစ်ခြင်းမေတ္တာရဲ့ သဘောသဘာဝကိုလည်း နားလည်သဘောပေါက်လာခဲ့သည် ။
Jennie ကတော့ တခါတလေ နေမကောင်းဖြစ်နေတဲ့ Ahjima နားသွားပြီး သူစိတ်ချမ်းအောင် Omma လို့ ခေါ်ပြီး ချွဲတတ်သေးသည် ။ အဲ့အခါကျရင် Ahjima က မျက်ရည်တွေ ဝဲပြီး ပြုံးနေတတ်သည် ။ Ahjima
ပြုံးနေတာလေးကို Ahjashi က သဘောတွေကျကာကြည့်နေတတ်ပြီး နောက်ကွယ်မှာ
ခိုးငိုနေတာကိုလည်း Jisoo ခဏခဏတွေ့ဖူးသည် ။
ESTÁS LEYENDO
From Zero to Infinity ~~~
Fanficဟိုးအစကနေ အဆုံးထိ ငါတို့လက်တွေ အမြဲတွဲထားကြမယ်နော်... ဟင့်အင်း... အဆုံးထိ မဟုတ်ဘူးလေ ငါတို့လက်တွေက အဆုံးမရှိ တွဲထားကြမှာ မမြင်နိုင်တော့တဲ့ အဆုံးမရှိထိ နင့်လက်ကို တွဲထားမှာ...