01 : A Yeon

551 33 0
                                    


Yeonက သိပ်လှတဲ့ မိန်းမလေးတစ်ယောက်ပါ ။
ကိုယ့်ကြောင့်နဲ့လည်း ကိုယ်ပေါ်
အနာတရတွေဖြစ်ခဲ့ရတာတောင်
အမာရွတ်လေးတွေနဲ့ အလှမပျက်ခဲ့တဲ့ Yeon ။
ဒီသိပ်လှပြီးချစ်ဖို့ကောင်းတဲ့ Yeonက
ကိုယ့်ကို A Yeonလို့ခေါ်တယ် ။

🍁 A Yeon ♥

ရာသီတွေက သိပ်မလှဘူး ။
ဘူဆန်မြို့လေးက မိုးတွေအရမ်းရွာရင်
နေမကောင်းလည်း ဖြစ်တတ်သေးတာလေ ။ 
ကားလမ်းပေါ်ရေတွေလျှံလို့ ရုံးတွေလည်း
အကုန်ပိတ်ထားရတယ် ။
အထပ်မြင့်တိုက်ပေါ်ကနေ ကားလမ်းတွေဆီ
ငေးရင်း ဟိုဟိုဒီဒီအတွေးကလေးတွေလည်း Yeonမှာ များလို့ရယ်ပေါ့ ။


သုံးရက်ဆက်တိုက် မိုးတွေရွာနေခဲ့ပြီးမှ
ပထမဆုံး ပြန်မြင်ရတဲ့ နေရောင်က
ခပ်မှိန်မှိန်လေး ထွက်လို့လာသည် ။
အလင်းရောင်မတိုးတဲ့ အဝတ်ဗီရိုထဲက
ဖုန်း၌ဝယ်တော့ အဝင်ကော်လ်တွေက
အကြိမ်ပေါင်းမနဲ ။
အခုထိလည်း ဝင်နေဆဲဖြစ်တဲ့ ဖုန်းကော်လ်မှာ
A Yeon ဆိုတဲ့ အမည်နာမလေးကို
အထင်းသားလေး တွေ့မြင်နေရသည် ။

TVမှာ အဆက်မပျက်လာနေတဲ့
ဘူဆန်ကလမ်း‌တွေပေါ်ရေလျှံမှုသတင်းတွေက နေရာတိုင်းမှာထုတ်လွှင့်လို့နေလေ၏ ။
လမ်းတွေပေါ်ရေလျှံတာမျိုးက
ဘူဆန်လိုမြို့အတွက်တော့
အဆန်းတကျယ်မဟုတ်ပေမဲ့ ဆန်းကျယ်နေတာက ဒီတစ်ခါ သူမ ခေါ်တဲ့ဖုန်းကော်လ်တွေကို
Yeonက မကိုင်‌တာဘဲ ။
သူမဖုန်းခေါ်တိုင်း အဝင်သံတစ်ချက်မကြားအောင်
ဖုန်းကိုင်မြန်တဲ့ Yeonက အခုတော့
သူမ ဖုန်းတွေကို မကိုင်တာ ငါးရက်ရှိခဲ့ပြီ ။

" Na Yeon ~ "

" ဟုတ်ကဲ့ အမေ "

" ဘယ်သူ့ဆီ ဖုန်းတွေဒီလောက်ခေါ်နေတာလဲ "

" Yeonဆီကိုပါ "

ကိုယ့်သမီးအ‌ေကြာင်းကိုသိတဲ့ Mrs.Imက
Yeonဆိုတဲ့နာမည်ကြားတော့
ဘားမှဆက်မမေးဘဲ
အပေါ်ထပ်က အခန်းဆီကိုသာ
တက်သွားလို့နေလေသည် ။
ဖုန်းခေါ်မပြတ်တဲ့ NaYeonကလည်း ခုံပေါ်
ခြေအစုံတင်ရင်း ခြေချောင်းတွေကိုပွတ်ကာ
ဖုန်းကိုသာ အဆက်မပျက်ခေါ်နေမိခဲ့သည် ။

A YeonWhere stories live. Discover now