.................How did it all start?....................
.
.
.
.
.
.
.ခန္ဓာကိုယ်ကြီးက ထူးဆန်းစွာလှုပ်ရှားနေသလို ခံစားမှုမျိုး......
မျက်လုံးတို့ကိုမဖွင့်နိုင်ခဲ့ပါချေ။
အိပ်ပျော်နေတာလား နိုးနေတာလားဆိုတာဝောာင် သေချာမသိပါချေ။
ထူးဆန်းသောအသံတချို့ကိုလည်းကြားနေရသည်။
ဒါပေမယ့် အိပ်မက်လိုမျိုး....
' ဒီကောင်တွေက တကယ့်ကို အရှုပ်ထုတ်တွေ '
ဘယ်သူလဲ....
' ပေးထားတဲ့စာကို တစ်ယောက်မှကို အဖက်မလုပ်ကြတာ '
' တော်တော့်ကို နေနိုင်တဲ့ဟာလေးတွေ အခုတော့ ကိုယ်တိုင်လာခေါ်ရရော '
' ပြောမနေပါနဲ့ ငါတို့တုန်းကလည်း စီနီယာတွေက
ဒီလိုပဲလာခေါ်ခဲ့ရတာကို '' အခုမှပဲ စီနီယာတွေကို ကိုယ်ချင်းစာမိတော့တယ် '
' ဟေ့ Jimin မင်းပြီးပြီလား လာကူဦး '
' နေဦး သူပြီးရင် ဟိုတစ်ယောက်ကျန်သေးတယ်
သူလည်း ပုခုံးမှာ အကိုက်ခံထားရတာ '' မြန်မြန်လုပ်ကွာ '
အချင်းချင်းစကားပြောနေတဲ့အသံတွေ......
' အ ကူညီပါဦး ခါးနာသွားပြီ ဒီကောင်ကတအားလေးတယ် '
' လာလာ ဒီမှာချ '
' ဒါပေမယ့် ကျွန်တော့်တုန်းက လာပဲမလာခဲ့တာ စာကိုတော့ ဖတ်ပြီး သွားသင့်မသွားသင့်အကြာကြီးစဉ်းစားနေခဲ့တာဗျ
ဒီကောင်တွေကျမှ ဘယ့်နှယ့် အမှိုက်ပုံးထဲချည်းတန်းစီထည့်တာ ဘာကောင်တွေမှန်းလဲမသိဘူး '' နိုးလာရင်တော့ နည်းနည်းလောက်ပညာပြလိုက်ဦးမှပဲ '
' သေချာပေါက်ပညာပြရမှပေါ့
ဒင်းတို့ကြောင့် ခါးနာသွားပြီ '' မင်းတို့ကလည်း ကလေးလိုတွေ လုပ်မနေကြစမ်းပါနဲ့ လူကဖြင့်အိုနေပြီကို '
' ဘာပြောတယ် '
' အင်းလေ မဟုတ်လို့လား ၇၀၀ ကျော်နေပြီကို '
' အင်း ထားပါတော့ '
' ဟေ့ဟေ့ Jungkook မင်းကြည့်စမ်း
ငါထင်တာမမှားရင် Alfred ကိုဆက်ခံမှာ သူပဲ '
YOU ARE READING
The Seven
Fanfictionလွန်ခဲ့တဲ့နှစ်ပေါင်း 5သောင်းကျော်လောက်က မြင့်မြတ်လက်နက် 7 ခုကိုပိုင်ဆိုင်တဲ့ နတ်သူငယ် 7 ယောက် ရှိခဲ့တယ်...........။ Enhypen fanfiction BTS and Tomorrow X Together will appear as guest roles. I do not own these characters as this is a...