(Unicode Version)
ပြတင်းပေါက်ပါသည့်အခန်းကို အိပ်ခန်းလုပ်ထားသောကြောင့် မနက်မိုးစင်စင်လင်းတော့ နေရောင်ခြည်ခပ်နုနုက ဂျီမင်း၏ နှာဖျားထက် သက်ဆင်းလာလေသည်။
ညက နှစ်ဦးသားပွဲကြမ်းခဲ့သည်မှာ ဘယ်နှကြိမ်မှန်းပင် မမှတ်မိတော့..။ အောက်ပိုင်းတစ်ခုလုံး နာကျင်ကိုက်ခဲသည့်စိတ်တစ်ခုသာ ရှိသည်။ နံဘေးက လူကတော့ ညတုန်းက ကြမ်းရမ်းထားသည့်လူသားမဟုတ်သည့်အတိုင်း အသက်ရှူသံမျှင်းမျှင်းဖြင့် အိပ်မောကျနေလေသည်။
မနက်စာပြင်ဆင်ရန်အတွက် အိပ်ရာမှကုန်းရုန်းထလိုက်တော့ ခါးအောက်ပိုင်းက မျက်ခနဲဖြစ်သွားသည်မို့ ပုံခနဲပြန်လဲကျသွားမှုကြောင့် နံဘေးကလူက လှုပ်လှုပ်ရှားရှားဖြစ်လာသည်။" ဂျီမင်း.. နိုးပြီလား..."
ပြန်မဖြေသေးဘဲ မျက်နှာရှုံမဲ့ရင်း ညည်းညူနေသူကြောင့် ထိန့်တလန့်ဖြင့် ထယ်ယောင်းပြာသွားကာ..
" ဂျီမင်း.. ဘာဖြစ်လို့လဲ..
နေမကောင်းလို့လား.."မျက်မှောင်ကြုံကာ စူးစူးစိုက်စိုက်ကြည့်လိုက်တော့ ထယ်ယောင်း ရယ်သည်။
" ခွေးကောင်.. အဲ့တာမင်းကြောင့်
ငါအခုမတ်တပ်တောင်
ရပ်လို့မရတော့လောက်ဘူး"ထယ်ယောင်းက ရယ်ကျဲကျဲလုပ်ပြီး ဆံပင်တွေကို ဆွဲဖွရင်း နား,နားသို့ကပ်လာကာ..
" မင်းညက အရမ်းကြည့်ကောင်းတယ်"
ရဲခနဲဖြစ်သွားတဲ့နားရွက်ဖျားများကြောင့် ထယ်ယောင်းသဘောတကျရှိနေပေမယ့် ဂျီမင်းက မျက်နှာကို တစ်ဖက်သို့လွှဲလိုက်လေသည်။
" ကိုးနာရီ ထိုးနေပြီ..
မနက်စာက ဝယ်ထားပြီးပြီ..
အဆင်သင့်လည်း ပြင်ထားပြီးပြီ..
မျက်နှာသစ်ပြီးရင် စားရုံပဲ.."" အင်း... "
ဂျီမင်းအား ရင်ခွင်ထဲဆွဲထည့်ရင်း နားထင်ကို ခပ်ဖွဖွနမ်းရင်း ပြောနေပုံမှာ မည်မျှအသည်းတယားရှိလှကြောင်း ပေါ်လွင်နေသည်။ ၃နာရီလောက်မှ အိပ်ရပေမယ့်လည်း မနက်၆နာရီတည်းက စောစောထ၍ ဈေးသို့ မနက်စာသွားဝယ်ကာ ထယ်ယောင်းပြင်ဆင်ထားပြီး လွန်ခဲ့တဲ့ နာရီဝက်လောက်ကမှ ဂျီမင်းနံဘေးတွင် ပြန်ဝင်ခွေနေတာဖြစ်သည်။ ပထမဆုံးအကြိမ် မို့လို့လားတော့ မသိ..။ အမှန်တိုင်း ပြောရရင် တကိုယ်လုံး မလှုပ်ချင်လောက်အောင်ကိုပင်။ သူကိုယ်တိုင်တောင် ထိုမျှပင်ပန်းနေလျှင် ဂျီမင်းသာဆိုရင် တွေးတောင်မတွေးဝံ့ပြီ။
YOU ARE READING
Love Bites ||kth:pjm|| (Hiatus)
Fanfictionmy own creation hope you guy will enjoy it ♡ fic cover by - dalumii