(4)

68 11 2
                                    

Unicode

ကျင်းမြိုင်ငါးကန်အတွင်းတွင် ရေမိစ္ဆာအများအပြားကိုထိန်းချုပ်ထားသည် ပေါ်ရှန့်တို့ကို အန္တရာယ်ပြုသည့်ငါးသည် အထိန်းအချုပ်မှလွတ်လာခြင်းဖြစ်သည် နတ်ဘုရားဖြစ်နေရင်တောင် ထိုငါးမျိုးစိတ်နဲ့တိုက်ခိုက်မိလို့ နတ်သက်ကြွေသွားသည်မှာ အများအပြားရှိသည် မုစံဟုခေါ်သည့်ငါးသည် နတ်ဘုရားတွေရဲ့စွမ်းအင်တွေကို ဆုတ်ယူပြီးဝါးမျိုပစ်သည့်အပြင် ပြန်လည်မွေးဖွားနိုင်ခြင်းမရှိတော့သည်မို့ သာမန်ငယ်ရွယ်သည့် နတ်ဘုရားတွေအပါအဝင် စစ်နတ်ဘုရားတွေတောင် မုစံ၏ချေမွခြင်းကိုခံရသည်

မုစံ၏အားသာချက်မှာ ရှည်မျောမျောခန္ဓာကိုယ်ဖြစ်ပြီး မြွေတစ်ကောင်ကဲ့သို့ပင် ခန္ဓာကိုယ်ကို လိုအပ်သလို အသုံးပြုလို့ရသည် တစ်ကိုယ်လုံးက ကြေးခွံတွေက မာကြောလွန်းသည့်အပြင် ညစ်အားတစ်ချက်သည် ကျောက်တောင်တွေကိုတောင် ကြေမွသွားသည်အထိ လုပ်ဆောင်နိုင်သည် ကြေးခွံဖုံးလွှမ်းထားသည့်အတွက် နေရာလွတ်တစ်ခုမှမရှိစွာပင် မည်သည့်သံထည်လက်နက် အမျိုးအစားဖြစ်ဖြစ် ဖြတ်တောက်မရပေ ခေါင်းနဲ့ကိုယ်ထည် အကြားရှိ လည်မျိုသည် မုစံ၏တစ်ခုတည်းသော အားနည်းချက်ဖြစ်သည်
ထို့ကြောင့်ပင် ရေမိစ္ဆာအပြင်
နတ်ဆိုးသားရဲအဖြစ် သတ်မှတ်ခြင်းခံထားရသည်မို့
ကျင်းစစ်သူကြီးသည် မုစံအားတိုက်ခိုက်အနိုင်ယူ၍ ကောင်းကင်ဘုံဧကရာဇ်ထံ မုစံအား လက်ဆောင်ဆက်သခဲ့ခြင်းဖြစ်သည်

ရီရှင်း သူ့သားတော်က နန်းတော်အတွင်းမှာပဲ ရှိတယ်ဆိုသည့်အချက်ကြောင့် စိတ်သက်သာရာ ရသွားသော်လည်း ငါးကန်အတွင်းက အခြေအနေကိုမြင်လိုက်ရချိန်မှာတော့ ​မျက်နှာတစ်ခုလုံးဖြူဆုတ်သွားသည်အထိ ထိတ်လန့်သွားသည် ကံကောင်းတဲ့တစ်ချက်က မုစံကသူ့ထိန်းချုပ်မှုအောက်မှာရှိနေသည့် သူ၏ဆက်နွယ်သားရဲဖြစ်သည် ခေါင်းနဲ့ကိုယ်ထည်အကြား လည်မျို ဒဏ်ရာရစေရန်သာ ဓားဖြင့်အသာခုတ်လွှဲခဲ့ပြီး စိတ်ဖြင့်အမိန့်ပေး၍ ကလေးတွေကိုလွှတ်ပေးစေခဲ့သည် ထို့ကြောင့်လည်း သူကလေးငယ်သုံးယောက်ကို အမြန်ဆုံးကယ်တင်နိုင်ခဲ့ခြင်းဖြစ်သည်

You've reached the end of published parts.

⏰ Last updated: Nov 08, 2021 ⏰

Add this story to your Library to get notified about new parts!

Phoenix's Messy Little Boy (ဖီးနစ်အရှင်ရဲ့ အရှုပ်ထုပ်ကောင်လေး)Where stories live. Discover now