Part (12)

1.9K 163 11
                                    

ပြောင်းလဲသွားတဲ့တိတိကိုရှောင်ကျန့် အရင်ကထက်ပိုကာပိုကာ ချစ်မိလာပါသည်။

အရင်က အဆိုးလေးတုန်းကလဲ ပိုချစ်ခဲ့ရသလို လိမ္မာလာတဲ့အခါ ပို၍ ချစ်ရပါတယ် ။

ခုဆိုနှစ်ယောက်သားက တစ်ယောက်နဲ့တစ်ယောက်ပိုနားလည်လာပြီး အလုပ်ကိစ္စတွေမှာလဲ တိုင်ပင်ဆွေးနွေးဖြစ်လာတယ်။

ခုဆို ရှောင်ကျန့်သင်ပြပေးသမျှတွေကို သေချာဂရုတစိုက်သင်ယူကာ ရှောင်ကျန့်ဆီကလဲ သူ့အလုပ်တွေအတွက် အကြံညာဏ်တောင်းလာတတ်တယ်။

ဒါပေမဲ့လေ ယွဲ့လင်းအာ ကိုတော့ တိတိလေးက သိပ်ချစ်ပါသည်တဲ့....။ အတိလင်းရှောင်ကျန့်ကို ပြောပြထားပြီး ရှောင်ကျန့်ကို နားလည်ပေးနိုင်မလားမေးခဲ့တယ်။

နားလည်ပေးတါပေါ့ နားလည်ပေးနိုင်တာပေါ့လေ သို့ပေမဲ့ သူ့ဘက်ကိုတော့ တိတိက ဘာကြောင့်များတစ်ချက်လေးမှလှည့်မကြည့်ရတာပါလဲ နားမလည်ပေးရပါလဲ....

ထားပါလေ အမုန်းကြီးမုန်နေတာတောင် သူ့အပေါ်သင့်မြတ်ပေးခဲ့တာနဲ့တင် ရှောင်ကျန့်တွက်လုံလောက်ပြီမလား....။ လောဘမကြီသင့်ဘူးလေနော်....

ရုတ်ချည်းပြောင်းလဲသွားတာကြောင့် ယန်းလီတို့နဲ့ဟောက်ရွမ်းတို့ကပြောနေသေးတယ် ရှောင်ကော ရိပေါ်ကိုသတိထားဦးတဲ့ ရိပေါ်က သိပ်အငြိုးကြီးတဲ့လူစားမျိုးဖြစ်တဲ့အပြင် ချက်ခြင်းကြီး ပြောင်းလဲသွားတာ တစ်ခုခုပဲတဲ့....

ဟုတ်တာပေါ့ တိတိပြောင်းလဲသွားတာ တစ်ခုခုကြံစည်နေတာ ရှောင်ကျန့်သိပ်သိတာပေါ့။ နောက်ပြီး သိပ်ကိုအငြိုးကြီးမှန်းလဲ သိတာပေါ့....

ဘယ်လိုလုပ်ရမလဲ ကိုယ်က သူဖြစ်ချင်တာကို စိတ်လိုလက်ရလုပ်ပေးချင်နေတာလေ....
.........

"မနက်ဖြန် လင်းကိုအိမ်ဖိတ်ခဲ့လို့ ကျန့်ကောချက်ပြုတ်ပေးလို့ရမလား ဟင်....ချက်ပေးပါနော် ကျန့်ကောလက်ရာအရမ်းကောင်းတာမို့...."

မနက်ဖြန်ရုံးပိတ်ရက်မို့ တိတိက ညနေကတည်းက သူ့ကောင်မလေးနဲ့ချိန်းထားတယ်ဆိုပြီးထွက်သွားတာ ည၁၀နာရီမှပြန်ရောက်လာပြီး စာရင်းတွေစစ်နေတဲ့သူ့အခန်းကိုလာပြီး ပူဆာတာ သူ့ချစ်သူကို ချက်ပြုတ်ကြွေးမွေးဖို့တဲ့....

သိပ်ချစ်မိ၍......(Complete )Where stories live. Discover now