ကိုကို့အချစ်တွေလည်းနေဝင်ချိန်ရောက်ပြီထင်ပါရဲ့
ပြန်လာခဲ့နော်လို့ပြောတဲ့စကားကို အင်း ဆိုတဲ့စကားလေးသာပြောခဲ့ပေမဲ့ ကျွန်တော်ဆိုတဲ့ကောင်က အဲ့စကားလေးကိုယုံကြည်ပြီးစောင့်နေမိတာကိုကို ည ၈ နာရီထိုးပြီကိုကို
' အင်းကိုကို မအားသေးတာပဲဖြစ်မှာပါ ပြန်လာမှာပါ´၉ နာရီ
'ကိုကိုအလုပ်မပြီးသေးတာနေမှာပါသေချာပါတယ်ပြန်လာမှာ´
၁၀ နာရီ
' အလုပ်ကိစ္စ ပြောနေတာဖြစ်မှာပါ လုပ်ငန်းရှင်တွေဆိုတော့ ဧည့်ခံနေရတာဖြစ်ပါလိမ့်မယ် ´
၁၁ နာရီ
' ကိုကို ကိုကိုမလွန်ဘူးလားဗျာ´
၁၁ နာရီခွဲ
' ဟောကားသံကြာတယ် ကိုကိုပြန်လာပြီ မပြောဘူးလား ကိုကိုပြန်လာမှာပါဆို´
ကားပေါ်ကနေ မိန်းကလေးတစ်ယောက်ကိုတွဲပြီးပြန်လာတဲ့ကိုကို့ ကိုကြည့်ရတာ ကျွန်တော်အဆင်ပြေတယ်ထင်နေတာလားကိုကိုရာ
"ကောကော အိမ်ရောက်ပြီ"
"ဟမ်အင်းသွားမယ်လေ "
" ဟိုတစ်ယောက်လာကူ လေ ဘာကြည့်နေတာလဲ မနိုင်တော့ဘူးဒီမှာ"
ကိုကို့ကိုတွဲထားတဲ့ကောင်မလေးကလှမ်းခေါ်တာပါ ကျလုကျခင်တွေကိုအမျက်ရည်မြန်သိမ်းဆည်းပြီး ကိုကို့ကို ကူတွဲပေးရတယ်အခန်းထဲရောက်လာတော့ ကိုကိုပြောလိုက်တဲ့စကားတစ်ခွန်းက ရင်ထဲကိုကျဥ်တက်သွားတာပဲဗျာ
" babe ကိုတို့ဒီညကို တူတူဖြတ်သန်းကြရအောင်"
'ကိုကို ရာ ကျွန်တောရှိနေတာကိုတောင် ပြောထွက်တယ်ဗျာ အင်းစိတ်ချပါကိုကို ကိုကိုကြိုက်သလောက်သာကျွန်တော့နှလုံးသားကိုချနင်းလိုက်ပါ ကျွန်တော့ကပိုချစ်ရတယ့်သူမို နှလုံးသားကိုလမ်းခင်းပေးဖို့အသင့်ပါကိုကို´အသာလေးပြန်ထွက်လာကာတံခါးကိုသေချာပိတ်ပေးပြီး အောက်ဆင်းလာခဲ့တယ်
sofa လေးပေါ်မှာထိုင်ကာငိုကျွေးမိပြန်းတော့ အတိတ်က စကားသံတွေကိုကြားယောင်မိပြန်ပါတယ်