Unicode
အခန်း ၁၅ + ၁၆/ ဒီနေ့ကြောင်စာက လီမွန်အရသာကွ
Chapter 15
လင်းမုန့်တစ်ယောက် တွင်းပေါက်{1}ထဲခုန်ချခဲ့ပြီးကတည်းက ထောင်ပေါင်းများစွာသောပြိုင်ဘက်တွေနှင့် သူ့ရဲ့နှစ်သိမ့်ကြင်နာမှုကိုရရှိသူများဟာ တရုတ်ပြည်တစ်ဝှမ်း ပြန့်နှံ့ခဲ့လေသည်။
//{1}. တွင်းပေါက် = အနက်ရှိုင်းဆုံးထိ ဝါသနာထုံလွန်းသူကိုရည်ညွှန်းသည့် အင်တာနက်ဗန်းစကား။ ဥပမာ စာဖတ်ခြင်း၊ web novel များရေးခြင်း (သို့) game များဆော့ခြင်း။//
ယေဘူယျအားဖြင့်ဆိုလျှင် သူ့အနေနှင့် မင်းဂွတ်သီးဆိုသည့် IDအပေါ် ဘယ်လို အထူးတလည် ထင်မြင်ယူဆချက်မျိုးမှမရှိပေ။ ဒါကရှည်လျားပြီး မှတ်မိဖို့လည်း ခက်ခဲသည်လေ။
ပြီးတော့ သူတို့တစ်ခါဆုံဖူးတယ်ဆိုတာကိုတောင် သူဘာမှမသိတော့၊ မမှတ်မိတော့ပါဘူး။ အခုတော့ လင်းမုန့်ဟာ ဟိုယခင်က သူ့လက်တွေနဲ့ အနိုင်ယူခဲ့ဖူးတဲ့သူတစ်ယောက်ဆီကနေ တဖန်ပြန်လည်အနိုင်ယူခြင်းကို ခံစားနေရလေပြီ။
ထို့ပြင် စာကြောင်းလေးတစ်ကြောင်းက သူ့ကိုထိန်းမနိုင်သိမ်းမရ ဒေါသထွက်လာစေဖို့လုံလောက်ခဲ့သည်။"ငါ့ဓာတ်ပုံပြန်ပေး ငါမင်းကိုမပေးတော့ဘူး"
သူထိုဓာတ်ပုံကိုပြန်ဆွဲယူလိုက်ချိန်မှာ တစ်ဖက်လူက လက်ကိုအနည်းငယ်မျှ မြှင့်ကာကိုင်လိုက်သည်။
သည်တော့ သူပဲလွဲချော်သွားရသည်ပေါ့။ သူမတ်တပ်ရပ်လိုက်ကာ ဇွတ်တရွတ်ပင် ထိုဓာတ်ပုံကိုဆွဲယူလိုက်သည်။
မင်းဂွတ်သီးနတ်ဘုရားသည် ညင်သာစွာပင် သူ့ရဲ့လက်အစုံကို ခေါင်းပေါ်သို့ မြှင့်တင်ထားလိုက်သည်။ လင်းမုန့်လည်း အကြိမ်အနည်းငယ်မျှ ခုန်ကာဖမ်းသည်။ သို့သော်လည်း ဒါကမလုံလောက်ပါချေ။
"ငါ့ကိုပြန်ပေး"
လင်းမုန့်ပြောလိုက်သည်။ အစပိုင်းမှာထွက်နေခဲ့သည့် ဒေါသများဟာ ရှက်ကိုးရှက်ကန်းဖြစ်မှုဆီသို့ ပြောင်းလဲသွားရလေသည်။
"ဒါက ပြိုင်ပွဲနိုင်တဲ့အတွက် ရတဲ့ဆုလေကွာ ဘာလို့ပြန်ပေးနိုင်မှာလဲ"

YOU ARE READING
ငါတို့ကောင်တွေဂိမ်းကစားတာတော်တယ်(ဘာသာပြန်)
RomanceWeb Novel (CN) Original Author(s) Dịch Tu La Yi Xiu Luo 易修罗 All Credit To Original Translated by- Lay Pyay Yhine, Yaw Ywet Kway, Kally Chu