ZAWGYI
တစ်ခါက ဝဝလုံးလုံးနဲ့ ကိုယ်လုံးပြည့်ပြည့်ဖြိုးဖြိုးရှိတဲ့မိန်းမတစ်ယောက်နဲ့ ပိန်ပိန်ပါးပါးနဲ့ ကိုယ်လုံးသေးငယ်တဲ့ယောက်ျားတစ်ယောက်ရှိကြပြီး သူတို့နှစ်ယောက်ဟာ လင်မယားတွေ ဖြစ်ကြတယ်...
ယောက်ျားဖြစ်တဲ့သူဟာ ကုမ္မဏီကြီးကြီးတစ်ခုမှာ အလုပ်လုပ်တဲ့သူဖြစ်ကာ သောကြာနေ့ ညနေအိမ်ပြန်ရောက်တိုင်း သူရလာသမျှ ပိုက်ဆံတွေကို သူ့မိန်းမကို ပြန်အပ်ရသော်လည်း သူ့မိန်းမဟာ သူ့ကို အလုပ်မှာ နေ့လည်စာဝယ်စားနိုင်ရုံလောက်သာ ပိုက်ဆံပြန်ပေးတတ်သတဲ့...
တစ်နေ့မှာတော့ ယောက်ျားဖြစ်တဲ့သူက အရင်ကထက် ပိုပြီး ပျော်ရွှင်နေသောပုံစံနဲ့ အိမ်ပြန်လာခဲ့ပြီး အိမ်ရောက်တာနဲ့ ချက်ချင်းပဲ ဧည့်ခန်းထဲကို ပြေးဝင်သွားခဲ့လေတယ်... ဧည့်ခန်းထဲမှာတော့ သူ့မိန်းမက ရေဒီယိုလေး နားထောင်ရင်း ချောကလက်စားနေလေရဲ့...
" မိန်းမ... ဒီနေ့ ငါဘာဖြစ်လာတယ်ဆိုတာ မင်းခန့်မှန်းမိမှာတောင် မဟုတ်ဘူးကွ " ယောက်ျားဖြစ်သူဟာ စိတ်လှုပ်ရှားနေတဲ့အသံနဲ့ ထိုသို့ပြောလိုက်လေတယ်...
😆😆😆😆😆😆😆
UNICODEတစ်ခါက ဝဝလုံးလုံးနဲ့ ကိုယ်လုံးပြည့်ပြည့်ဖြိုးဖြိုးရှိတဲ့မိန်းမတစ်ယောက်နဲ့ ပိန်ပိန်ပါးပါးနဲ့ ကိုယ်လုံးသေးငယ်တဲ့ယောကျ်ားတစ်ယောက်ရှိကြပြီး သူတို့နှစ်ယောက်ဟာ လင်မယားတွေ ဖြစ်ကြတယ်...
ယောကျ်ားဖြစ်တဲ့သူဟာ ကုမ္မဏီကြီးကြီးတစ်ခုမှာ အလုပ်လုပ်တဲ့သူဖြစ်ကာ သောကြာနေ့ ညနေအိမ်ပြန်ရောက်တိုင်း သူရလာသမျှ ပိုက်ဆံတွေကို သူ့မိန်းမကို ပြန်အပ်ရသော်လည်း သူ့မိန်းမဟာ သူ့ကို အလုပ်မှာ နေ့လည်စာဝယ်စားနိုင်ရုံလောက်သာ ပိုက်ဆံပြန်ပေးတတ်သတဲ့...
တစ်နေ့မှာတော့ ယောကျ်ားဖြစ်တဲ့သူက အရင်ကထက် ပိုပြီး ပျော်ရွှင်နေသောပုံစံနဲ့ အိမ်ပြန်လာခဲ့ပြီး အိမ်ရောက်တာနဲ့ ချက်ချင်းပဲ ဧည့်ခန်းထဲကို ပြေးဝင်သွားခဲ့လေတယ်... ဧည့်ခန်းထဲမှာတော့ သူ့မိန်းမက ရေဒီယိုလေး နားထောင်ရင်း ချောကလက်စားနေလေရဲ့...
" မိန်းမ... ဒီနေ့ ငါဘာဖြစ်လာတယ်ဆိုတာ မင်းခန့်မှန်းမိမှာတောင် မဟုတ်ဘူးကွ " ယောကျ်ားဖြစ်သူဟာ စိတ်လှုပ်ရှားနေတဲ့အသံနဲ့ ထိုသို့ပြောလိုက်လေတယ်...
စက္ကန့်အနည်းငယ်လောက်ကြာပြီးနောက်
" ငါ ထီဆုကြီး ပေါက်လာတဲ့ကွ "" ဟယ် တကယ်လား?? ဝမ်းသာစရာပဲ " မိန်းမဖြစ်သူဟာ အစပိုင်းမှာတော့ လွန်စွာပျော်ရွှင်သွားခဲ့သော်ငြား အနည်းငယ်ပြန်စဥ်းစားပြီးနောက်တွင်တော့ ဒေါသသံဖြင့် " နေပါအုံး ရှင်က ထီထိုးဖို့ ပိုက်ဆံကို ဘယ်ကရတာလဲ "
😆😆😆😆😆😆😆