Unicode
"ပုံပြင်လေးကတော့ဒါပဲပေါ့ကွယ်"
ဒယ်ဂူမြို့ရှိတောင်ကုန်းလေးပေါ်၌ တည်ဆောက်ထားသော မိဘမဲ့ကျောင်းထဲတွင် sister(ခရစ်ယာန်သီလရှင်)တစ်ပါးက ညအိပ်ယာဝင်ပုံပြင်ပြောပြနေသည်...
"ပုံပြင်ထဲကမကောင်ဆိုးဝါးကြီးက တကယ်ရှိခဲ့တာလားsister.."
"ရှိခဲ့တာပေါ့ကွယ်..."
"အဲ့မကောင်းဆိုးဝါးကနောက်တော့ဘာဖြစ်သွားလဲဟင်"
"ကဲကဲ..မမေးကြနဲ့တော့အိပ်ချိန်ရောက်ပြီ..fatherကြီးလာရင်ဆူခံထိနေလိမ့်မယ်"
"ဟုတ်ကဲ့ပါ"
"နောက်ဆုံးတစ်ခုပဲမေးမှာပါ"
လက်ထောင်ကာပြောလာသော အငယ်ဆုံးကလေးကြောင့် sisterကခေါင်းငြိမ့်ပြလိုက်သည်။
"အဲ့ဒါကတကယ့်ဖြစ်ရပ်မှန်ဆိုတော့ လွန်ခဲ့တဲ့ဘယ်နှစ် နှစ်ကလဲsister"
" လွန်ခဲ့တဲ့နှစ်၇၀၀ကျော်တုန်းကပေါ့ကွယ်...ကဲ့ကလေးတို့ ကောင်းကောင်းအိပ်တော့ မအိပ်ခင်ဝတ်ပြုဖို့မမေ့နဲ့နော်"
"ဟုတ်ကဲ့ပါsister...ကောင်းသောညပါ"
"ကောင်းသောညပါကလေးတို့...ဘုရားသခင်ကောင်းချီးပေးပါစေ"
--------_--------
လွန်ခဲ့သောနှစ်ပေါင်း၇၀၀ကျော်ခန့်က"လူလေးတို့တောထဲသိပ်မသွားကြနဲ့နော် ညမနက်စေနဲ့ အန္တရာယ်များတယ် တောထဲကရဲတိုက်ကြီးထဲမှာ မျက်နှာဖုံးတပ်ပြီးလူတွေကို ဖမ်းစားတတ်တဲ့ မကောင်းဆိုးဝါးကြီးရှိတယ်"
အမယ်အိုကြီးက ဆေးရွက်သွားခူးမည့်သူတို့ကို သတိပေးနေတော့သည်...အမယ်အို၏စကားကို နားထောင်ကြောင်းခေါင်းငြိမ့်ပြကာ ကြိမ်ခြင်းေလးအားလွယ်၍တောထဲသို့လာခဲ့သည်..
"ဟေ့.. Yoongi မင်းအဘွားကြီးSongပြောတဲ့စကားကိုယုံလား"
Yoongiကသူငယ်ချင်းဖြစ်သူJong-ann၏စကားကို နားမလည်သလိုပြန်မေးလိုက်သည်။
"ဘာကိုလဲ...မကောင်းဆိုးဝါးဆိုတာကိုလား"
"ဟုတ်တယ်လေ...ငါကတော့သိပ်မယုံချင်ပေမယ့် ယုံလိုက္မယ်"

YOU ARE READING
MASK (Completed)
Fanfictionလူအများကမကောင်းဆိုးဝါးလို့ သတ်မှတ်ထားတဲ့လူတစ်ယောက်ရဲ့အချစ်က.... လူအများကမကောင်းဆိုးဝါးလို့ သတ်မှတ်ထားတဲ့လူတစ်ယောက်ရဲ့အချစ်က... Story photo by Triple-D 93