Part 6

292 13 3
                                    

“ဝေ အိပ်ပြီလား”

Messengerမှ messageကို ကြည့်လိုက်တော့ သူ။

နွယ်ကပြောသည်။မကြွေမိစေနဲ့တဲ့။ စိတ်ပါသလောက်ပဲ ဘေးနားထားတတ်တာမျိုးတဲ့။

ဝေ့အတွက် သူ့စိတ်က ဘယ်အချိန်ထိ တည်ရှိနေမှာတဲ့လဲ။ ဝေ သိချင်ပေမဲ့ သိလိုက်ရမှာ ကြောက်နေတဲ့ အဖြေပေါ့။

ဒီးးးဒီ ဒီ ဒီးးးးး

ရုတ်တရက်ကြီး ဖုန်းမြည်သံကြောင့် ဝေလန့်သွားသည်။ နံပါတ်ကို ကြည့်လိုက်တော့ သူ။

ကိုင်လိုက်ရမလား၊ မကိုင်ရဘူးလားလို့ အသိစိတ်က စဉ်းစားနေတုန်းမှာပဲ လက်က ဖုန်းကိုင်လိုက်ပြီး လည်ချောင်းက အသံရှင်းလိုက်မိ‌တော့သည်။

“အဟမ်း ဟဲလို”

“ဟင် ဘာလဲ၊ ဖုန်းကျကိုင်ပြီး messageကျ replyမပြန်ဘူး”

“အော် အာ အဲ့တာက.....”

“ထားလိုက်ပါ၊ အခုကျ အသံလေးပါ ကြားရတာပေါ့”ပြောရင်း ရယ်လိုက်သည့် သူ့ရယ်သံလွင်လွင်လေးကိုပါ ကြားလိုက်ရသည်။

တကယ်ပဲ ထားလိုက်ပါ၊ ဘာဖြစ်လဲ ၊ လမ်းဆိုတာ လျှောက်ရင်း တွေ့တာမျိုး။ စိတ်မပါလို့ ပစ်ချထားခဲ့ရင်တောင် စိတ်ပါတုန်း ရယ်သံတွေ နားထောင်ကြတာပေါ့ ။ ဝေက သူ့ရယ်သံတွေကို ကြိုက်တယ်လေ။

“အဟင်းးး ဘာလို့ ဖုန်းဆက်တာလဲ”

“အိပ်နေပြီလားလို့သိချင်လို့လေ ၊ Messageပို့ပြီး မေးတာကို အဖတ်မလုပ်လို့ သေချာအောင် ဖုန်းဆက်မေးတာ”

“ဟင် အိပ်နေပြီလား သိချင်ရုံနဲ့တင် ဖုန်းဆက်တယ်၊ တကယ်အိပ်ပျော်နေပြီး ဖုန်းဆက်လို့ နိုးသွားရင် ဘယ်လိုလုပ်မလဲ”

“ဘာကို ဘယ်လိုလုပ်ရမှာလဲ၊ ဘယ်လိုမှ မလုပ်ဘူး ၊ နိုးသွားတော့လဲ အခုလို အသံလေးကြားရတာပေါ့ မဟုတ်ဘူးလား?”

“အင် အိပ်ပြီလားက ဘာလို့သိချင်တာလဲ?”

“စကားပြောချင်လို့”

“ဟင်” ဝေ ရယ်မိသွားပါသည်။ သူ့အပြုအမူ၊ သူ့အပြုံးတွေဟာ ဝေ့အတွက်ပဲ သီးသန့်ဖြစ်တည်တာမျိုးမဟုတ်တာကို သိနေပေမဲ့၊  သိနေခဲ့တာတောင် အဲ့ဒီအချိန်မှာ ဝေ တကယ်ပဲ ပျော်ရွှင်ခဲ့မိတော့သည်။ ဝေတို့ အဲ့ဒီညက စကားတွေ အများကြီး ပြောဖြစ်ခဲ့ကြပါသည်။

အဲ့ဒီကောင်လေးဟာ တခြားသူတွေသိတဲ့ ဟန်သာဦးမဟုတ်ဘဲ ဝေပဲ သိတဲ့ ဟန်သာဦးလို့ တွေးမိရလောက်အောင် အဲ့ဒီညက သူ့ရယ်သံတွေ ချိုမြိန်လွန်းခဲ့ပါသည်။

သူ့ဆီက ဝေရရှိနေတဲ့အရာတွေဟာ အစစ်အမှန်တွေလို့ ခံစားမိလောက်တဲ့အထိ သူ့စကားတွေက ချိုမြနေခဲ့ပါသည်။

ဒါကမှ သူ့စိတ်ရင်းတွေပါလို့ တွေးမိလောက်တဲ့အထိ အဲ့ဒီကောင်လေးဟာ အဲ့ဒီညက ဝေ့ကို ‌ဆွဲဆောင်သွားပါတော့သည်။

ဒါပေမဲ့ အတုအယောင်တွေပါပဲ ။ ဒါကို ဝေသိလိုက်တဲ့အချိန်က နောက်နေ့ မနက်ခင်းမှာပဲပေါ့။

ချိုမြိန်ဖွယ်တည်ရှိနေတဲ့ အလိမ်အညာတရားဟာ ဝေ့ကို ကြာရှည်တောင် ပျော်ရွှင်ခွင့် မပေးလိုက်ဘဲ ချက်ချင်းကြီးကို ခါးသီးဖွယ် အမှန်တရားတခုကို လက်တွေ့ချပြပါတော့သည်။

ဝေ  ကားပေါ်ကို တက်လိုက်ရင်း အရင်တခါလို သူနဲ့တွေ့မလားဆိုပြီး ကားပေါ် ဝေ့ကြည့်လိုက်မိသည်။

ဝေ ထင်တဲ့အတိုင်း တွေ့လိုက်တာပါပဲ။ ဝေလဲ သူ့ဆီကို သွားဖို့ပြင်နေတုန်း သူ့ဘေးခုံနားမှာ မတ်တပ်ရပ်နေတဲ့သူက နေရာရွှေ့လိုက်တော့ သူ့ဘေးနားမှာ ထိုင်နေတဲ့သူကို မြင်လိုက်မိသည်။

ကောင်မလေးတစ်ယောက် ၊ အရမ်းကို ချစ်စရာကောင်းတဲ့ ကောင်မလေးတယောက်။

အဲ့ဒီကောင်မလေးက သူ့ပုခုံးပေါ် မှီထားသည်။ သူက ရယ်ရင်း အဲ့ကောင်မလေးဘက်ကို ခေါင်းငဲ့ကာ သူ့ဆီက နားကြပ်ကို ကောင်မလေးနားမှာ တပ်ပေးလိုက်သည်။

ဝေ အဲ့ဒီမြင်ကွင်းကို ကြည့်ရင်း တဘက်လှည့်လိုက်သည်။ တကယ်ပဲ ဝေ့အတွက်ပဲဆိုတာ မရှိပါဘူး။

အားလုံးဟာ သူ့ဆီက အကုန်လက်ခံရရှိနေကြတာချည်းပါပဲ။

ဝေ့အတွက်ပဲ ဝေပဲရရှိတယ်ဆိုတာ တကယ်ပဲ ဘာမှမရှိပါဘူး။
သူ့အတွက် ဝေဟာ ဘာမှမဟုတ်ပါဘူး။

မတူညီသော ဆုံမှတ်များWhere stories live. Discover now