''ကျွန်တော်ချစ်ရသော ထိုကောင်လေး''
*****အခန်း ( ၂၀ ) *****
စစ်သွေးလျှံနှင့် ခွန်းဆက်ပိုင်တို့နှစ်ယောက်သား ရိုက်ထားခဲ့ကြသော ဓာတ်ပုံများကိုပြန်လည်ကြည့်ရှုနေလေသည်။ ခွန်းဆက်ပိုင်သည် ဓာတ်ပုံစားသည်လို့ပြောလို့ရပါပေသည် ဘာကြောင့်လဲဆိုတော့ သူရဲ့အပုံလေးတိုင်းသည် လွန်စွာချောမောလှပနေလေသည် အပုံရိုက်ပေးသော စစ်သွေးလျှံကလည်း တော်တာလည်းပါပါပေသည်။ ဆိုင်၏ညဘက်အပြင်ဆင်နဲ့ ခွန်းဆက်ပိုင်ရော စစ်သွေးလျှံတို့က ခေတ်စကားနဲ့ပြောရလျှင် လွန်စွာကို အလန်းဇယား ဖြစ်နေလေသည်။
''ခွန်းဆက်မင်းက အပုံထဲမှာလွန်စွာအရမ်းဇယားဘဲနော် ''
"'အဲ့လောက်လည်းမဟုတ်ပါဘူး ကိုစစ်''
''ငါတကယ်ပြောတာကွ ''
''ဟုတ်ကဲ့ ''
''အခုအပုံတွေကဘဝရဲ့အမှတ်တရတွေဘဲပေါ့ ''
''ဟုတ်တယ်နော်ကိုစစ် နောက်တစ်ချိန်ကိုယ်စစ်တို့နဲ့ဝေးသွားခဲ့လျှင် ဒီအပုံလေးတွေကြည့်ပြီး အလွမ်းဖြေရမှာ''
''နေပါဦး ဝေးရအောင် မင်းကဘယ်သွားနေမှာမို့လို့လည်း''
''မဟုတ်ဘူးလေ လူတွေကအမြဲအတူနေကြရ တာမှမဟုတ်တာ တစ်နေ့ကိုစစ်အိမ်ထောင်ပြုသွားလျှင် အဆင်ပြေရာနေရာကိုသွားရမှာလေ လူ့လောကရဲ့ကံကိုဘာမှအတိအကျပြောလို့ မရဘူးလေ''
''ဟုတ်ပါပြီး တရားသမားကြီးရယ် နေပါဦး ဒါနဲ့ငါကအိမ်ထောင်မပြုဘဲ မင်းကအရင်ပြုသွားရင်ရော''
''အဲ့လိုမဖြစ်စေရဘူးစိတ်ချ ''
''တယ်ကိုအာမခံနေပါလားညီက မင်းပြောတော့ ကံဆိုတာ ဘာဖြစ်လာမလဲမသိဘူးဆို ''
''ဟုတ်တယ်လေ ဒါပေမဲ့ကျွန်တော်ကသေချာတယ် ''
''ဟုတ်ပါပြီး ဒါနဲ့မင်းသူငယ်ချင်းက မွေးနေ့လက်ဆောင်ဘာပေးတာလည်း ငါသိလို့ရမလား ''
''အဲ ဟုတ်သား ကျွန်တော်တောင်မကြည့်ရသေးဘူး ခဏလေး ''
''အိုကေ "
ထို့နောက် ခွန်းဆက်ပိုင်လည်း သူငယ်ချင်းပေးထားသော မွေးနေ့လက်ဆောင်လေးကို အိတ်လေးထဲမှ ထုတ်ခဲ့လေသည်။ ထို့နောက် စစ်သွေးလျှံအရှေ့မှာဘဲ ဖောက်ကြည့်လေနေလေသည်။ လက်ဆောင်လေးကတော့ လက်ပတ်နာရီလေးပါ စျေးကတော့ အတော်အသင့်ရှိပုံရလေသည်။ နာရီလေးကလည်း လှပါသည် ထိုနာရီဘူးလေးထဲမှာ ရေးထားတဲ့စာလေး...
ESTÁS LEYENDO
" ကျွန်တော်ချစ်ရသော ထိုကောင်လေး " ( Completed )
Fantasíaရိုးသားပြီး ချစ်စရာကောင်းသော ခွန်းဆက်ပိုင်ဟာ ဆင်းရဲနွမ်းပါးတဲ့အတွက် မိဘတွေရဲ့အကူညီနဲ တစ်ချိန်က ကျေးဇူးရှိဖူးတဲ့ တစ်ဖက်ကမိသားစုအိမ်မှာ ကျောင်းသွားတက်ရဖို့ အကြောင်းဖန်လာပါတယ်။ စစ်သွေးလျှံဆိုတာ ရုပ်ရည်ချောမောပြီး မိဘတွေရဲ့ ဝုဏ်တွေကြောင့်လည်း နာမည်ကြီး...