စနေနေ့ကျောင်းပိတ်ရက်ဖြစ်၍ လက်ထဲက အထုပ်လေးကိုကိုင်ကာအောင်ကောင်း မြတ်တစ်ယောက် စတိုးဆိုင်လေးဆီမှ ပြန်လာခဲ့သည်။ ကျောင်းဖွင့်ရက်ဆိုလည်း ကျောင်းစာတွေဖြင့် မလွတ်လပ်၊ ဒီလိုကျောင်းပိတ်ရက်လေးသာ အားပြီးလွတ်လပ်တာလေ...။ ဒါကြောင့် မနက်အစောထဲကအောင်ကောင်းမြတ်သည် ဟိုးဘက်နှစ်လမ်းကျော်က စတိုးဆိုင်သို့ကာ ဝယ်စရာရှိသည်များကို သွားဝယ်ခြမ်းပြီး ပြန်လာခဲ့သည်။ အိမ်အတွက် လိုတဲ့ပစ္စည်းတွေကိုလည်း ဝယ်ခဲ့ပြီးပြီ၊သူ့အတွက် အသုံးလိုတဲ့စာရေးကိရိယာတွေလည်း ဝယ်ခဲ့ပြီးပြီ။
ပြီးတော့ အိမ်မှာအထွက်မှာ ဖိနပ်စင်ပေါ်က ဦးရဲ၏ ကတ္တီပါဖိနပ်လေးမှ သဲကြိုးလေးပြတ်လုနီးပါးဖြစ်နေတာကိုလည်း တွေ့သဖြင့် ဦးရဲအတွက် ကတ္တီပါဖိနပ်အသစ်တစ်ရံလည်း ဝယ်ခဲ့ပေးသည်။ ဒါတောင် မနက်အစော ဦးရဲနိုးလာရင်စားဖို့ မနက်စာပြင်ပေးခဲ့သေးသည်။ မြတ်ရဲ့အလုပ်က မနက်တိုင်းကျောင်းမသွားခင် မနိုးသေးတဲ့ဦးရဲအတွက် မနက်စာပြင်ပေးရတာဖြစ်သည်။ ဦးရဲက သူဌေးသားပီပီ မနက်ဆို အစောထလေ့မရှိ၊ အမြဲတမ်းသူကသာ နှိုးရသောသူဖြစ်သည်။
နာရီလက်တံလေးကြည့်တော့ ကိုးနာရီစွန်းစွန်းပြနေလေပြီ...။ အင်း...အခုချိန်ဆို ဦးရဲနိုးလောက်ပြီပဲ။အောင်ကောင်းမြတ် အိမ်ထဲရောက်တော့ ဆွဲလာတဲ့ အထုပ်ကလေးကိုချ၊ အိမ်နောက်ဖေးက ဘေစင်မှာ လက်ဆေးပြီး ပစ္စည်းတွေကို နေရာတကျထားနေလိုက်သည်။ အိမ်ရှေ့ခန်းထဲက တိုင်ကပ်နာရီလေးမှာလည်း လွန်ခဲ့တဲ့နှစ်ရက်လောက်ကပဲ ဦးရဲ ဓာတ်ခဲကုန်၍ သူလဲပါမည်ဆိုကာ တက်ဖြုတ်သည်။ သို့သော် အယူမတတ်သော ဦးရဲကြောင့် နာရီလေးခမျာ အောက်ပြုတ်ကျပြီး ကွဲရသည်။ အဲ့ဒါကြောင့် ဒီနေ့အသစ်ဝယ်လာခဲ့ရသည်လေ...။
ခုံလေးကိုယူပြီး မမှီမကန်းရှိသည့် နံရံပေါ်က သံချိတ်လေးပေါ်သို့ နာရီလေးကို တက်ချိတ်လိုက်သည်။ နေရာညှိနေဆဲမှာပဲ...
" အောင်ကောင်းမြတ်...''
အနောက်ကနေ ဆတ်ခနဲ ခေါ်သံကြောင့် သူ့ကိုယ်လေးတုန်တက်သွားရသည်။ ဦးရဲက တကယ်ပါပဲ။
YOU ARE READING
လွှမ်းမိုးခဲ့ပါသော ဦး
Romanceတအုံ့နွေးနွေးရှိလှပါသော ရင်ခုန်သံတို့နှင့် ဦးရဲ၏ ရင်ခွင်သည် သူ့အတွက်သာလျှင် ထာဝရ...။ သူသာလျှင် ဦးရဲရင်ခွင်ထက်ဝယ် ခိုနားရသည့်သူ...။