Unicode
"လူလေးမင်းကို အကောင်းနဲ့သတိပေးနေတာနော်...သူ့ဆီမသွားနဲ့"
"ဒီမှာအဘွားSong ကျွန်တော်မကောင်းဆိုးဝါးလည်း အယုံအကြည်မရှိသလို ဘယ်မကောင်းဆိုးဝါးမှလည်း ဒီမှာမရှိဘူး..ကျွန်တော့်ဘာသာသွားတာဗျာ"
Yoongiစိတ်ဆိုးဆိုးဖြင့် အိမ်ကထွက်လာမိသည်..ခြေဦးတည့်ရာတို့က ရဲတိုက်ကြီးဆီပေါ့
Jeonဆိုတဲ့လူရမ်းကား စိတ်ပုတ်ပွနေတဲ့လူကြီးက မပြန်သေးဘူးလေ...သူကအပြင်လည်းမထွက်ဘူး ဒါကြောင့်ဒီနေ့သူ့ကို ရွာထဲလည်ဖို့သွားခေါ်မယ်လေ...ရွာထဲမှာမနေပဲရဲတိုက်မှာချည်းနေမယ် လုပ်နေတဲ့Jeonကို ဒီနေ့တော့ ရွာထဲကိုခေါ်ရဦးမည်... Yoongiရဲတိုက်ထဲဝင်ပြီး Jeonကိုရှာမိတော့ကိုယ်တော်လေးက အရင်နေ့တွေကအတိုင်းပင် မျက်နှာတစ်ဖက်ကိုမျက်နှာဖုံးတယ်ထားကာ အနက်ရောင်ပိုးသားစတို့ကိုလွှမ်းခြုံထားသည် လက်တွက်လည်းဒေစီပန်းဖြူဖြူတို့ကို ဆုပ်ကိုင်ထားပြီးရွှေတုံးသေးသေးအား လက်ဖြင့်တောက်နေသေးသည်...ထို့ကြောင့် လူရမ်းကားကြီးလန့်သွားစေရန် ကိုယ်ကိုဖော့၍လမ်းလျှောက်ကာ အနောက္မှနေ၍မျက်လုံးအစုံကို အုပ်ပြီးစေနာက်မည်ဟုကြံတော့ လက်ပင်မျက်ဝန်းတို့အပေါ်မရောက်ခင် ကျောနောက်ကပ်ကာချုပ်နှောင်ခံလိုက်ရသည်..."ဘာလာလုပ်ပြန်ပြီလဲ လူရှုပ်လေး"
"ဘာမှမဟုတ်ပါဘူး လက်ကိုလွှတ်ပေးပါ..ရွာထဲသွားလည်ဖို့လာခေါ်တာ"
"ကိုယ်မသွားဘူး"
"မသွားလို့မရဘူးလေ...လာပါလာဆို"
"မလိုက်ဘူးလို့ပြောနေ...."
အတင်းဆွဲခေါ်ကာရွာထဲသို့ အတင်းဝင်ရောက်စေသောထိုလူသား ...ရွာထဲကသူများကတော့ လူစိမ်းဝင်လာသည်ကတစ်ကြောင်း မျက်နှာဖုံးတပ်ထားသောကြောင့်တစ်ကြောင်း လိုက်ကြည့်နေကြသည်...အဲ့ဒါတွေကြောင့် မကြိုက်တာ ဘာတဲ့ ပြီးတော့ကျွန်တော့်ကိုခေါ်ကြသည်က မကောင်းဆိုးဝါးတဲ့ ရယ်စရာမကောင်းပေဘူးလား ကျွန်တော်လည်းဒီလိုဘယ်ဖြစ်ချင်ပါ့မလဲ...
ကျိန်စာကြောင့်သာပေါ့..."ပိုးထည်လေးတွေရမယ်နော် နေပြည်တော်ကတောင်လာတာ ဈေးသက်သက်သာသာနဲ့ရမယ်နော်...."
ESTÁS LEYENDO
MASK (Completed)
Fanficလူအများကမကောင်းဆိုးဝါးလို့ သတ်မှတ်ထားတဲ့လူတစ်ယောက်ရဲ့အချစ်က.... လူအများကမကောင်းဆိုးဝါးလို့ သတ်မှတ်ထားတဲ့လူတစ်ယောက်ရဲ့အချစ်က... Story photo by Triple-D 93