Epi <42> - Depression

2.2K 121 0
                                    

[Unicode]

ထွက်ခွာသွားသော Taxi ဆီမှ မင်ဟွန်း လေး၏အသံအား
တစ်ပိုင်းတစ ကြားလိုက်ရသလို ။ သိပ်ပြီးသင်္ကာမကင်းပေမဲ့
ထွက်သွားပြီမို့Re တစ်ယောက်ခေါင်းခါပြီး ခြံဝန်းအတွင်းသို့
ပြန်ဝင်လာခဲ့၏ ။ စွန့်ပစ်ထားတာကြာပြီဖြစ်တဲ့အဖေက
အခုမှပြန်လည်ပြီး တွေ့ခွင့်တောင်းဆိုနေတာရယ်ကြောင့်
ဘောစ့်ရဲ့အပူတို့ကို ဘေးလူတွေကပါခံစားမိပြီး
ပူလောင်နေရသည် ။ အကုန်လုံးက သခင်လေးဂျွန်နဲ့
သခင်လေးထယ်ယောင်းတို့ရဲ့ လောင်းရိပ်အောက်မှာ
နေထိုင်ခဲ့ရတာ ။ အခုတော့ သခင်လေးဂျွန်က
ပူလောင်နေရှာတော့ အားလုံလည်းစိတ်မချမ်းသာရသလို
အိမ်ရဲ့ဆည်းလည်းလေး အမြွှာနှစ်ယောက်ကလည်း
မရှိတော့ပေ ။ အခုတလော စိတ်ရှုပ်ထွေးမှုကြောင့်
ကယောက်ခြောက်ခြားဖြစ်သည်ဟုသာထင်ပြီး Re လည်း
ခေါင်းတတွင်တွင်ခါနေမိသည် ။

_________________________________

" အီးဟီးဟီး ဒယ်ဒီ့ဆီသွားချင်ပါတယ်ဆို အာပါးမကောင်းဘူး
အင့် နီ နီရယ်က ဒယ်ဒီ့ ရှီကိုပဲတွားမှာ မှာကို ဟင့် "

" တိတ်ပါ သားငယ်ရယ် ဒယ်ဒီ့ဆီသွားလို့မရသေးလို့ပါ "

မင်ဟွန်းလေးကရော ဒုံဂယူလေးပါ တဟင့်ဟင့်ရှိုက်ငိုနေကြသည် ။ အကြီးလေးက
ရှိုက်သံလေးသာထွက်တော့ပေမယ့် ဒုံဂယူက တအီအီ
ပူဆာပြီးငိုယိုနေတာ စကားတောင်မပီတော့ ။ တဟွတ်ချောင်းတွေဆိုပြီး မျက်နှာဖြူနုနုက
ရဲပတောင်းခတ်နေသည် ။

" ကောင်လေး ... ကလေးတွေတွေ့ချင်တဲ့လူနဲ့
ပေးတွေ့လိုက်ပါလားကွယ် "

" မဖြစ်လို့ပါဦးလေးရယ် "

Taxi မောင်းသူက စိတ်မကောင်းလို့ထင် ။ သူလည်း
ဝိုင်းပြောသော်လည်း ထယ်ယောင်း အကြိမ်ကြိမ်
ငြင်းရမြဲ ။ ကျွန်တော်လည်း မောင့်ကိုတွေ့ချင်တာပေါ့ ...

" ဒယ်ဒီ့ ရှိသွားမယ်လို့ အင့် "

" ဂျွန်ဒုံဂယူ !!! သွားလို့မရသေးဘူးလို့ပြောနေတာကို
အာပါးပြေားစကား မင်းနားမလည်တာလား !! "

ကိုယ့်စိတ်ကိုယ်ပင်မသိလိုက်ပဲ ရင်ဘတ်ပေါ်က
ကလေးငယ်အား အသံခပ်မာမာနှင့်အော်လိုက်မိသည် ။
လိမ္မာလှချည်ရဲ့ဆိုပြီး သူတို့လေးတွေကို ကိုယ်ရောမောင်ကပါ အမြဲအေးအေးလူလူနဲ့ တစ်ခုခုဆိုစိတ်ရှည်ရှည်၊ သည်းခံရှင်းပြတတ်ရာက အခုအော်လိုက်မိပေသည် ။  သူတို့လေးတွေငိုရင် မနေနိုင်လွန်းသူက ကိုယ်ရယ်ပါ
သူတို့လေးတွေမျက်ရည်မြင်ရရင် နှစ်ဆနာကျင်ရသူ ။
အချိန်ကြာကြာပေးပြီးချော့နေရလို့ ဘယ်ကရောက်လာမှန်း
မသိတဲ့ဒေါသတို့က ထွက်သွားသည်ထင် ။

♡︎ 𝙏𝙍𝙐𝙀 𝙇𝙊𝙑𝙀 - 진정한 사랑 ♡︎ (COMPLETE)✓Wo Geschichten leben. Entdecke jetzt