Epi <43> - I can't handle it

2.3K 123 0
                                    

[Unicode]

ဒယ်ဂူမြို့လေးရဲ့ ရပ်ကွက်သန့်သန့်လေးဟာ
မနက်ခင်းအစောပိုင်းမှာ စတင်အသက်ဝင်လို့နေပြီ ။
ရင်ဘတ်ထဲက အင်္ကျီလေးကို တစ်ခါနမ်းရှိုက်ပြီး
ပြုံးယောင်သမ်းသွားတဲ့ သူ့မျက်နှာငယ်ငယ် ။
အဖြူရောင်တိုက်လေးပေါ်ကို ဖြာကျလာတဲ့နေရောင်ခြည်က
မှန်တံခါးမှတစ်ဆင့်ဖြတ်၍ အမြွှာနှစ်ယောက်ကို
အိပ်မရအောင်လုပ်နေသည့်အလား ။ ဒါပေမယ့် အရင်နိုးလာသူကတော့ ထယ်ယောင်း သာ ...

" ညတုန်းက လိုက်ကာပိတ်ဖို့မေ့သွားတာပဲ "

တစ်နေ့တာရဲ့အစ ဖွင့်ဖို့ရာပြင်နေတဲ မျက်လုံးနှစ်လုံးပေါ်
လက်လေးတင်ရင်း မောင့် အကြောင်းတွေးမိပြန်သည် ။
သူ့အကြောင်းတွေးမိတာနဲ့ ပြုံးရယ်လာတတ်ပေမယ့်
အခုတော့မျက်ရည်စတို့က ခဏခဏရစ်သိုင်းလာတတ်၏ ။
ခဏအကြာမှ မျက်ရည်စတို့ကိုသုတ်ကာ ထဖို့ပြင်ရတော့သည် ။

ကလေးနှစ်ယောက်ရဲ့ မျက်နှာကိုလက်လေးနဲ့နေကာပေးရင်း
ကိုယ်တစ်ဦးတည်းအပိုင် ​နေမင်းကြီးနှစ်စင်းကို တစိမ့်စိမ့်
ငေးမောနေမိသေးသည် ။ တစ်ဦးက အိမ်မက်ထဲမှာပင်
ဘာတွေစားနေလဲတောမသိ စိုရွဲရွှဲနှုတ်ခမ်းနဲ့ပါးစပ်က
ယောင်ယမ်းကာဝါးနေပြီး ပါးဖောင်းဖောင်းတို့က မို့မို့တက်လာကာ ပြုံးရယ်နေသေးသည် ။ အင်း
အိမ်မက်ထဲက အစားမက်တဲ့နတ်သားလေးက မင်ဟွန်းလေး
ထင်တယ် ။ ဟိုဘက်က ဘေးတစောင်းကိုကွေးကွေးလေး
လှည့်အိပ်တဲ့ ဒုံဂယူလေးကတော့ ညဘက်ကိုတော်ရုံနဲ့မအိပ်ပဲ
တဗျစ်ဗျစ်တောက် စကားတွေပြောခဲ့ရာက ခုမှနှစ်ခြိုက်စွာ
အိပ်နေပုံရသည် ။ ဒီကောင်လေးလည်း လူကြီးဆန်လာတာ အခုရက်ပိုင်းသေးတောင် သိပ်မပေါက်ချတော့ ။ ဤကလေး
နှစ်ယောက်ရဲ့ အပြုံးနုနုတို့ကပင် ထယ်ယောင်း အတွက်
အားဆေးကောင်းတွေဖြစ်ခဲ့တာပါ ။

" အွတ် !! "

ရင်ဘတ်ထဲက လှိုက်ခနဲတတ်လာတဲ့ အော်ဂလီဆန်ချင်စရာ
ခံစားချက်ကြီးရယ် ကိုယ်လက်မအီမသာဖြစ်တာရယ်ကြောင့်
ထယ်ယောင်း မနက်စောစောစီးစီး ပါးစပ်ကိုလက်နှင့်အုပ်ကာ
အမြန်ပြေးထွက်လာရသည် ။ ပင်ပန်းနွယ်းနယ်ပြီး
မျက်ရည်စတို့ကပါ ပါလာတာကြောင့် ဘေစင်ကို
လက်နဲ့ထောက်ကာ အသက်ရှူနေရ၏ ။ ရုတ်တရတ်
ခေါင်းထဲဝင်လာတဲ့အတွေး ။ အဲ့ အဲ့တာက ... မနေ့ဝယ်ပြီးစစ်ထားတဲ့ pregnant tester လေးက အပေါ်ထည်အင်္ကျီအိတ်ကပ်ထဲမှာ ။
Result လည်းပေါ်ဦးမှာမဟုတ်တာကြောင့် မျက်နှာသစ်ဖို့ကိုသာ အာရုံစိုက်လိုက်သည် ။

♡︎ 𝙏𝙍𝙐𝙀 𝙇𝙊𝙑𝙀 - 진정한 사랑 ♡︎ (COMPLETE)✓Where stories live. Discover now