weekend နဲ့ christmas holiday ပိတ်ရက်ဆက်သွားတဲ့အတွက် ဒီကျောင်းပိတ်ရက် အတွင်းမှာ တာဝန်ယူထားတဲ့ project တွေကို အပြီးလုပ်ပြီး mail ပို့ပေးဖို့ကို ဆရာက အပြင်းအထန် တိုက်တွန်းနေတယ်။ Complain တက်နေတဲ့ ကျောင်းသားအချို့ရဲ့ အသံတွေနဲ့ အတူ အတန်းပြီး ဘဲလ်သံပါ ပေါ်ထွက်လာခဲ့တယ်။
အမေရဲ့ သူ မနက် အဆောင်ဝင်ခေါ်တာစောင့်မလား။ ကိုယ့်ဘာသာ ဂျောဂန်ကို တန်းသွားမလား ဆိုတဲ့ text ကို ကျွန်တော် အဖြေပေးဖို့ခက်နေတယ်။ အကြောင်းက လူးဝစ်က သူနဲ့ မိုင်းလ်တစ်ဒ်မြို့စွန်ကို လိုက်ခဲ့ဖို့ ခေါ်နေတာကို လိုက်ရေး မလိုက်ရေး မဆုံးဖြတ်ရသေးလို့။
" ဆိုတော့ မင်း လိုက်မှာလား Jimin Park။ "
ကော်ဖီခွက်ကို လှမ်းပေးရင်း လူးဝစ်ကမေးတယ်။ ကော်ဖီခွက်သာ လှမ်းယူလိုက်တယ် ကျွန်တော့ စိတ်အာရုံက သစ်ပင်ကြီးကနေ ထိုးဖောက်လာတဲ့ နေရောင်ခြည်တန်းလေးတွေကနေ ဖယ်မခွာနိုင်ဘူး။
" ဟိတ်ကောင် လိုက်မှာလား။ မလိုက်ဘူးလား။လိုက်မယ်ဆို အဆောင်ပြန် ရေသွားချိုး။ "
" လိုက်ဖို့အတွက် မင်းပြောတဲ့ ထဲမှာ စိတ်ဝင်စားစရာမတွေ့သေးဘူး။ "
" ဒီ သေနာ ကတော့ .... စိတ်ဝင်စားစရာ ဆိုတာ ကိုယ်တိုင် ဖန်တီးယူရတာ အရင် လိုက်ကြည့်လိုက်ပါဦး။ "
" မင်း ကို တစ်စက်လေးမှမယုံတော့......."
" Jimin ရေး ငါလိုက်ပို့တဲ့နေရာကို မင်း စိတ်မဝင်စားရင် ဒီ semester အပြီးထိ စာကြည့်တိုက်က စက်ကော်ဖီဖိုး ငါပေးမယ် Deal။ "
" ကြာတယ်ကွာ အခုဘဲ သွားကြတာပေါ့။ "
" ဒီကောင်ကွာ.......... ဟိတ်ကောင် စောင့်ဦးဟ။ "
မိုင်းလ်တစ်ဒ်မြို့လေးဟာ စိန့်ဂျော့ချ်အဝေးပြေးလမ်းမကြီးပေါ်က ကျေးလက်ဆန်တဲ့နယ်မြို့လေးဖြစ်တယ်။ ကျွန်တော်တို့ တက္ကသိုလ်က မိုင်းလ်တစ်ဒ်မြို့အထွက်နားမှာ ရှိပြီး ကျွန်တော်တို့နှစ်ယောက်က အစားအသောက်ကွပ်ကဲရေးနဲ့စီမံရေးဌာနက ကျောင်းသားတွေဖြစ်ကြတယ်။
ကျွန်တော်က လင်ဗာလ်မြို့မှာနေတယ်။ ကျွန်တော့်မိဘတွေက လင်ဗာလ်မှာ ကိုရီးယားရိုးရာစားသောက်ဆိုင်လေးဖွင့်ထားကြတယ်။ လင်ဗာလ် နဲ့ မိုင်းလ်တစ်ဒ် က 2 နာရီသာသာလောက်ကားမောင်းရတယ်။ စောစောမထချင်တဲ့ အကြောင်းပြချက်ကောင်းတစ်ခုနဲ့ ကျောင်းထဲမှာဘဲ အဆောင်နေဖြစ်တော့တယ်။
YOU ARE READING
The Day I Met You
Nouvellesproject အတွက် ရေးပေးထားတဲ့ KookMin Fic လေးပါ။ projectမှာ လုပ်အားဒါန ပါဝင်ခွင့်ရခဲ့တဲ့အတွက် အရမ်းလဲ ဝမ်းသာပိတိဖြစ်ရပါတယ်။ အထူးသဖြင့် ကိုယ်ချစ်ရတဲ့ ဒီကောင်လေး နှစ်ယောက်ကို အရင်းတည်ရင်း ပါဝင်ခွင့်ရခဲ့လို့ အတိုင်းမသိပါဘဲ။ အရေးအသားပိုင်းမှာ လိုအပ်တာလေး...