(Unicode Version)
ညနေ၆နာရီ ကွက်တိမှာ အဲ့ဒီOmegaလေးက ကျွန်တော့်အခန်းကိုရောက်လာတယ်။ ကျွန်တော်ရေချိုးပြီး ထွက်လာတုန်းမှာပဲ သူကခပ်တည်တည်ပဲ ဖက်ထုတ်ပြုတ်တွေထည့်နေတာဗျာ။ နေစမ်းပါဦး...ဒီအခြေအနေကဘယ်လိုကြီးပါလိမ့်။ ငါ့နှယ်..စိတ်ထဲတစ်မျိုးတစ်မည်တောင်ဖြစ်တယ်။"ထယ်ယောင်း ငါ့အခန်းနံပါတ်ကို မနက်ကယွန်းဂီပြောလိုက်တာလား"
ခေါင်းသုတ်နေရင်း ကျွန်တော်ကမေးတော့ အဲ့ဒီကောင်လေးကခေါင်းငြိမ့်ပြတယ်။ ဖက်ထုတ်ပြုတ်အနံ့လေးထောင်းခနဲထလာတာနဲ့ ကျွန်တော်ချက်ချင်းဗိုက်တန်းဆာသွားရော။
အင်္ကျီလေးကပျာကယာလဲပြီးပြန်ထွက်လာတော့ အဲ့ကောင်ျလးကမပြန်သေးဘူးဗျ။ မုန့်ထုတ်တွေထုတ်နေတာတွေ့တယ်။ အေးပေါ့ဘယ်ပြန်ဦးမလည်း..ငါ့မှ သူ့ကိုပိုက်ဆံမပေးရသေးတာ။
"ဘယ်လောက်ကျလည်း ထယ်ယောင်းရေ"
"ပေးစရာမလိုပါဘူး..လာလေ အတူစားရအောင်"
ကြည့်လိုက်တော့ ဖက်ထုတ်ပြုတ်ကနှစ်ပွဲဗျ။ အငွေ့တထောင်းထောင်းနဲ့ဖက်ထုတ်တွေကလည်းအများကြီး အပေါ်ကနေကြက်သွန်မြိတ်လေးကလည်းအုပ်ထားသေးတယ်။ ကင်ချီဗူးအသေးလေးကလည်း ဘေးမှာချထားတယ်။ ပြီးတော့နို့နှစ်ပုလင်းနဲ့ အာလူးကြော်ထုတ်တွေ။
အာလူးကြော်ထုတ်ဆိုမှ ကျွန်တော်အကြိုက်ဆုံး "Moshi" တံဆိပ်နဲ့ရေညှိအရသာ။ ယွန်းဂီကဆို မင်းဟာကဘာအရသာကြီးမှန်းမသိပါဘူးကွာဆိုပြီး ပြောတဲ့အထုတ်။ အို.. ကွက်တိမှ ကွက်တိ။
တကယ်တော့ ကျွန်တော်အဲ့ကောင်လေးကိုပြန်လွှတ်ချင်တယ်။ ဒါပင်မဲ့အားလည်းနာတယ်ဗျာ သိတယ်မလား။ ဖက်ထုတ်ပြုတ်အတူစားလိုက်ရင် ရင်းနှီးမှုတွေကပိုများလာတော့မယ်...မကြာမကြာတွေ့နေရရင် သူ့ရနံ့ကဘယ်အချိန်ထုတ်လို့ထုတ်မှန်းမသိလေ။ ဒါပင်မဲ့လည်း အခြေအနေအရ အလိုက်သင့်ကြည့်လုပ်ရမှာဆိုတော့ သူပြင်ပေးထားတဲ့ ဖက်ထုတ်ပြုတ်ကို ထိုင်စားလိုက်ရတယ်။
စားနေတုန်း အဲ့ကောင်လေးကိုနည်းနည်းအကဲခတ်ကြည့်မိတယ်။ သူ့မှာ တစ်ခြားOmegaတွေလို အားနည်းတဲ့အရိပ်အယောင်မတွေ့ရဘူး။ သူပြောပြတဲ့အကြောင်းတွေကလည်း စိတ်ဝင်စားဖို့ကောင်းတယ်။ သူကျောင်းပြောင်းလာတုန်းကအလွဲလေးတွေ...နောက်ပြီး သူကဒယ်ဂူးသားဆိုတော့ သူတို့မြို့ကစိတ်ဝင်စားစရာနေရာလေးတွေအကြောင်းပြောပြတယ်။