ခမ်းနားတောက်ပလှသည့်အဆောက်အဦးတစ်ခုသည် ကျွန်တော့်အား ဝပ်တွားခယနေသယောင်ထင်မှတ်မိသည်မှာ ဘေးနားတွင် ပါလာသော ကလေးငယ်ကြောင့်ပါဟုဝန်ခံချင်သည်။
suit အပြည့်အစုံနှင့် ခန့်ငြားနေသော kamal ၏ လက်တစ်ဖက်ကို ကျွန်တော့်အားချိတ်စေကာ ထိုပွဲခင်းထဲသို့ဝင်လိုက်သည်။
ကိုရီးယားနိုင်ငံတွင် ထိပ်တန်းသူဌေးများသာတက်ရောက်ခွင့်ရသော ဤပွဲအား ကလေးငယ်ကို ခေါ်လာခြင်းဖြစ်သည်။
အညိုရောင်ဆံပင်ခွေခွေလေးများသည် ကျက်သရေရှိလှသော နဖူးဝန်းဝန်းလေးပေါ်၌ အနည်းငယ် ဖရိုဖရဲကျဆင်းနေပုံမှာ ပွဲခင်းထဲတွင်ရှိသော မိန်းမပျိုများနှင့် နှိုင်းယှဥ်၍မရနိုင်အောင် လှပလွန်းသည်။
" ဟာ... Mr. Choi ဘယ်လိုလုပ် ဒီအတိုင်းဝင်လာတာလဲ... ဧည့်ကြိုတွေဘယ်ရောက်သွားတာလဲ "
ကျွန်တော်နှင့် လုပ်ငန်းတစ်ခုတွင် partner ဖြစ်နေသော သက်လတ်ပိုင်းလူတစ်ယောက်သည် ကျွန်တော့်ကိုမြင်သည်နှင့် အသည်းအသန် ကြိုဆိုသည်။ ထိုလူ၏မျက်လုံးထဲမှ အယောင်ဆောင်အခိုးအငွေ့များကိုတော့ မမြင်ချင်ယောင်ဆောင်လိုက်ပြီး...
" Kamal က ဒီအတိုင်းဝင်ချင်တယ်ဆိုလို့ပြန်လွှတ်လိုက်တာ... ဒါ ကျွန်တော့်သားလေ... "
ကျွန်တော့်လက်အားချိတ်တွယ်ထားသည့် ကလေးငယ်၏ လက်လေးကို လှုပ်ကာပြောလိုက်တော့ ယဥ်ကျေးသော ကလေးငယ်သည် ချက်ချင်းပင် ခါးညွတ်ကာနှုတ်ဆက်သည်။
" တွေ့ရတာဝမ်းသာပါတယ် Mr. "
" ဝမ်းသာပါတယ်ဗျား.... သားအဖနှစ်ယောက်အတူပွဲတက်လာကြတာပဲ... "
" အတွေ့အကြုံရှိအောင်ပေါ့ဗျာ... "
" Daddy သား ဟိုနားကိုသွားလို့ရမလားဟင် "
ခြေဖျားလေးထောက်ကာ ကျွန်တော့်ကို တီးတိုးစွာခွင့်တောင်းသည့် ကလေးငယ်သွားချင်သောနေရာသည် စန္ဒယားတီးနေသည့် ကောင်လေးများရှိသည့်နေရာ။ ကျွန်တော့်မျက်စိအောက်တွင်ဖြစ်သည့်အတွက် သွားဖို့ခွင့်ပြုလိုက်သည့်အခါ ကလေးငယ်သည် အပြေးလေးသွားတော့သည်။
YOU ARE READING
𝐘𝐨𝐮𝐫 𝐋𝐢𝐟𝐞 𝐌𝐲 𝐋𝐢𝐟𝐞 𝐎𝐮𝐫 𝐋𝐢𝐟𝐞
Fanfictionမင်းရဲ့ဘဝ ကိုယ့်ရဲ့ဘဝ ကိုယ်တို့ရဲ့ဘဝ Started date _ 2021/06/21 Ended date _