Zawgyi.........
ပြတင်းပေါက်ကနေ အခန်းတွင်းသို့
ဖြာကျလာသောအလင်းရောင်ကြောင့်
Soobinတစ်ယောက်အိပ်ရာပေါ်မှ
လူးလဲထလိုက်ရသည်။
ဆက်အိပ်ချင်သောစိတ်ကိုချုပ်ထိန်း၍
ကိုယ်လက်သန့်စင်ရန်ရေချိုးခန်းသို့
ဝင်သွားလေသည်။အလုပ်သွားဖို့ပြင်ဆင်ရင်း ဟိုတနေ့ကလှမ်းတွေ့လိုက်တဲ့ကောင်လေးကိုအမှတ်ရ၍ပြုံးလိုက်မိလေသည်။
ကောင်လေးကတကယ့်ကိုဖြူဖြူစင်စင်နဲ့
ချစ်စရာကောင်းပြီးတဲ့မျက်နှာလေး မျက်လုံးနက်နက် နှာတံချွန်ချွန်ဆံပင်ကောက်လေးတွေနဲ့
မြင်ရသူတိုင်းကို
အေးချမ်းမူကိုပဲခံစားရစေတဲ့ ပုံစံလေး
ပြုံးလိုက်ရင်နူးညံ့မူတွေကိုပါ
တွေ့ရသေးတာ..
အလုပ်သွားဖို့အကုန်ပြင်ဆင်ပြီးတော့
ဘယ်သူမှမကြားအောင်
တိုးတိုးလေးပြောလိုက်မိသေးတယ်
"ကံမကုန်သေးရင် ဒီကောင်လေးနဲ့ပြန်တွေ့ပါရစေ"ပေါ့......အတွေးစကိုဖြတ်ကာ
Busကားစီးရမှာဖြစ်သဖြင့်
မှတ်တိုင်အထိလမ်းလျှောက်သွားရသည်။
လမ်းထိပ်ရောက်တော့သတိထားကြည့်မိရာ
ကော်ဖီဆိုင်သစ်လေးဖွင့်ထားတာ
တွေ့မိလေ၏......
ကော်ဖီဆိုင်နာမည်လေးက ခပ်ဆန်းဆန်းလေး
"Love is Anywhere"တဲ့
တဲ့.....
ဆိုင်အတွင်းအပြင်အဆင်လေးကလည်း
အောက်ခံကိုမိုးပြာရောင်လေးသုံးပြီ
အပင်ပုစိမ်းစိမ်းလေးတွေနဲ့
အလှဆင်ထားတော့ အပြင်ကနေကြည့်ရတာကို မျက်စိပဒသာရှိလှလေသည်။
အားတဲ့ရက်တော့ ကော်ဖီလာသောက်အုံးမယ်လို့တွေးလိုက်မိ၏.....
ထိုအချိန်Busကားရောက်လာ၍
အတွေးစကိုဖြတ်ကာ ကားပေါ်သို့
တက်လိုက်လေသည်။
မြို့ထဲရောက်တော့ ကားပေါ်မှဆင်းကာ
အလုပ်ရှိရာသို့သွားရလေသည်။
လမ်းသွားလမ်းလာထဲ ဟိုကောင်လေးကို
တွေ့လို့တွေ့ငြားလိုက်ကြည့်မိသေးတယ်....
ရယ်စရာတော့အကောင်းသားနော်
တခါပဲမြင်ဖူးတဲ့ ကောင်လေးကို
လိုက်ရှာနေတာ.......
အလုပ်ထဲရောက်သွားတော့ စစ်စရာစာရင်း
တွေတပုံကြီးတွေ့၍ ဟိုကောင်လေးလည်းအတွေးထဲမှကြက်ပျောက်ငှက်ပျောက်
ပျောက်သွားရ၏။
ရှိသမျှစာရင်းတွေထိုင်စစ်လိုက်ရာ ထမင်းစားချိန်ကျော်သွားသည်ကို ဘေးကသူငယ်ချင်း
ပြောမှနေ့လည်စာသွားစားရလေသည်။
နေ့လည်စာစားပြီးပြန်လာတော့လည်း
ကျန်နေသောစာရင်းများကိုအပြတ်ပြီးအောင်စစ်ရလေသည်။ညနေအလုပ်ဆင်းချိန်
ရောက်တော့ အရမ်းပင်ပန်းသွားသဖြင့်
ကော်ဖီကောင်းကောင်းတစ်ခွက်သောက်မှ
ဖြစ်မယ်ဟုတွေးမိလေသည်။
Busကားကဆင်းရမယ့်မှတ်တိုင်ရောက်တော့ မနက်ကတွေ့ခဲ့တဲ့ကောင်ဖီဆိုင်လေးကို
သတိရသွား၍ ထိုဆိုင်လေးတွင်
ကော်ဖီသောက်ရန်ဆုံးဖြတ်၍
ဆိုင်လေးအတွင်းသို့ဝင်သွားမိ၏။
ဆိုင်ထဲရောက်မှ သေချာကြည့်မိသောအခါ
အပင်ပုစိမ်းစိမ်းလေးတွေအပြင်
စာအုပ်စင်လေးပါထားရှိပေးသည်ကို
တွေ့ရ၏။
စားပွဲအခင်းအကျင်းလေးကလည်း သေသေသပ်သပ်ရှိလှသည်။စားပွဲတစ်ခုပေါ်ဝင်ထိုင်မိရာ "ကိုယ်တိုင်မှာ၍ကိုယ်တိုင်တန်းစီယူရန်" ဟူသောစာတန်းလေးကိုတွေ့ရသည့်အပြင်
"နှစ်သက်ရာစာအုပ်များကိုယူဖတ်၍
နေရာတကျပြန်ထားပေးရန်" ဟူသော
စာတန်းလေးကိုလည်းတွေ့လိုက်ရ၏။
နောက်ထပ်တွေ့လိုက်ရသည့်စာတန်းလေးက "ကျေးဇူးပြု၍
ဆူညံ့ခြင်းမပြုလုပ်ရန်" တဲ့....
ဘေးဘီကိုကြည့်မိတော့လည်း
စာလုပ်နေသောကျောင်းသားများနှင့်
အေးအေးလူလူစာဖတ်နေသောအသက်လတ်ပိုင်းများကိုတွေ့ရ၏။
Soobinတစ်ယောက်လည်း ဒီဆိုင်လေးကိုသဘောကျသွားမိလေသည်။ကော်ဖီမှာရန် ကောင်တာသို့သွားလေ၏။
"မင်္ဂလာပါ အကို "
"ဘာကော်ဖီများသုံးဆောင်ချင်ပါလဲ"
" ဒီမှာmenuပါခင်ဗျာ့" ဆိုတဲ့
နူတ်ဆက်သံကြားလိုက်ရ၏။
Soobinလည်းmenuကိုကြည့်၍ဘာမှာရမှန်းစဉ်းစားမရတော့ ထိုကောင်လေးကပဲ
အကိုကြည့်ရတာပင်ပန်းလာသလိုပဲ
ဘလက်ကော်ဖီလေးကိုသံပုရာသီးညှစ်
သောက်ကြည့်ပါလား ပြောသဖြင့်
ထိုဆိုင်ပိုင်ရှင်ကိုလှမ်းကြည့်မိတော့မှ
ဟိုတနေ့ကတွေ့လိုက်တဲ့ ကောင်လေးဖြစ်နေမှန်းသိ၍အံ့ဩမိလေသည်။
ကိုယ့်ကိုကိုယ်ထိန်းလိုက်ရင်း
"ဒါဆိုဘလက်ကော်ဖီပဲပေးပါ"ဆိုပြီးမှာလိုက်မိ၏။
"ဟုတ်ကဲ့ခင်ဗျာ့"ဆိုပြီး
ကိုယ်တိုင်သွားဖျော်ပေးလေသည်။
Soobinတစ်ယောက်လည်းဟိုငေးဒီငေးနှင့်
ခဏနေသောအခါ
"အကိုရေ ရပြီခင်ဗျာ့"ဆိုပြီးပြောသံကြား၍
ပိုက်ဆံရှင်းပြီးကော်ဖီခွက်ကိုယူကာ
ထိုနေရာမှာပဲထိုင်လိုက်မိ၏။
"အကိုရေ ကျွန်တော်ဆိုင်ကိုအခုမှပထမဆုံးလာဖူးတာလားခင်ဗျာ့"
"အင်း ဟုတ်တယ် တွေ့ပေမယ့် အလုပ်တွေ
ရှုပ်နေလို့မဝင်ဖြစ်ဖူးလေ ဘာလို့လဲ"
"အော် ဒါဆိုအကိုက
ဒီရပ်ကွက်ကပဲလား"
"အင်း ဟုတ်တယ်"
"ဟုတ်ကဲ့ ကျွန်တော်နာမည်Huening Kaiပါ"
"အော် အင်း အကိုနာမည်ကChoi Soobinပါ"
"တွေ့ရတာဝမ်းသာပါတယ်အကို ကျွန်တော်
ဆိုင်လေးကိုလည်းအားပေးပါအုံး
လိုတာလေးတွေရှိရင်လဲပြောပါ"
"အင်း ဟုတ်ပြီ ဟုတ်ပြီ"
"ဒါနဲ့လေအကိုကျွန်တော်ဆိုင်လေးကို
ဘယ်လို့မြင်လဲသိချင်လို့ပါ"
"အင်း ဆိုင်လေးကချစ်စရာလေး
ဆိတ်ငြိမ်တယ် သဘောကျဆုံးက
သီချင်းအေးအေးလေးတွေ
ငြိမ့်ငြိမ့်လေးဖွင့်ပေးထားတာကိုပဲ"
"အော် ဟုတ်ကျေးဇူးပါဗျာ့"
"ဒါနဲ့မင်း ဘာလို့စားပွဲထိုးမငှားတာလဲ"
"အော် ဒါလား ဒီလိုလေကျွန်တော်ဆီ
ကိုယ်တိုင်လာမှာတော့
အကိုလိုဘာသောက်ရမှန်းရွေးမရတဲ့အခါ
ကျွန်တော်အကြံပေးလို့ရတယ်လေ
ဒါကြောင့်ပါ. ...."
"မင်းစိတ်ကူးလေးကကောင်းသားပဲ
စကားပြောရတာလည်းကောင်းလိုက်တာ
ကော်ဖီကလည်းကုန်ပြီ နောက်ခါမှပဲလာပါအုံးမယ် Hueningရေ"
"အော် ဟုတ်ကဲ့အကို ကောင်းကောင်းပြန်ပါ..."
YOU ARE READING
မြတ်နိုးလွန်း၍ငေးကြည့်နေဖို့ကိုသာရွေးချယ်ခဲ့သည်
Fanfic*ရယူပိုင်ဆိုင်လိုစိတ်နဲ့မစတင်ခဲ့တဲ့ အချစ်ဟာအေးချမ်းပါတယ်..... ခံစားရရင်တောင် ကိုယ်တစ်ယောက်တည်းပဲ ခံစားရမယ်လေ ကိုယ့်ချစ်တဲ့သူတော့ မခံစားရစေပါဘူး...... ကိုယ့်ချစ်ရတဲ့သူက တခြားတစ်ယောက် အပိုင်ဖြစ်သွားခဲ့ရင်တောင် အဝေးကနေမြတ်နိုးလို့ရပါသေးတယ်ဆိုတာလေး သိ...