Part - 1

24 10 1
                                    

Unicode

လူသွားလူလာသိပ်မရှိတဲ့ ကျောင်းစင်္ကြန်မှာ ဂျင်ယောင်းနဲ့ဂျီဟွန်းအေးအေးချမ်းချမ်း လမ်းလျှောက်နေတုန်း အနောက်ကနေ လှမ်းအော်သံကြောင့် ပြိုင်တူလှည့်ကြည့်မိလိုက်သည်။

"ဟေ့ကောင်တွေ ငါ့ကိုမစောင့်ဘဲ ကျောင်းလာရဲတယ်ပေါ့"

လက်နှစ်ဖက်လုံးကို ဂျင်ယောင်းနဲ့ဂျီဟွန်းရဲ့ ကျောတဖက်စီပေါ်တင်ရင်း အပြစ်တင်သံတွေကို တရစပ်ထုတ်လွှတ်နေလေသည်။
ဝူဂျင်းဟာ သိပ်ကိုစကားများတာပေါ့။

"မင်းအိပ်ရာထနောက်ကျနေတာကိုထည့်ပြောအုံးလေ ငါတို့တွေကိုမင်းအိမ်မရောက်ခဲ့ဘူးထင်လို့လား?"

ဂျီဟွန်းရဲ့ ပြန်လည်ချေပချက်ကြောင့် ဝူဂျင်းခဏတာတိတ်ဆိတ်သွားလေသည်။
Introvertတစ်ယောက်ဖြစ်တဲ့ ဂျင်ယောင်းကတော့ ငြိမ်စိမ်စွာ သူတို့နှစ်ယောက်ကိုမနိုင်သည့်ပုံစံဖြင့် ခေါင်းခါရင်း အတန်းရှိရာစီ ဆက်လျှောက်သွားနေလေသည်။

"ဂျင်ယောင်း စောင့်အုံး!!"

စကားများနေပြီး ခဏလောက်နေမှ သူတို့ဘေးနားမှာ ဂျင်ယောင်းမရှိတော့မှန်းသိကာ အနောက်ကိုပြေးလိုက်ကြလေသည်။

အတန်းထဲကိုဝင်လာတာနဲ့ ဆရာမရဲ့အကြည့်စူးစူးကနေထုတ်လွှတ်နေတဲ့ ဖိအားကို ခံစားမိလိုက်ကြသည်။
ကြည့်ရတာ သူတို့အချိန်မှားဝင်လာမိသည့် ပုံစံပင်။
အတန်းပေါက်ဝမှာရပ်နေတာမို့ တစ်တန်းလုံးရဲ့အကြည့်တွေဟာလည်း သူတို့ပေါ်ကိုကျရောက်နေတာကိုလည်း ခံစားမိသေးသည်။

"သေစမ်း"

ဝူဂျင်းရဲ့ပါးစပ်ကနေလွှတ်ကနဲထွက်သွားတဲ့ အသံတိုးတိုးလေးက အပ်ကျသံတောင်ကြားနိုင်လောက်တဲ့တိတ်ဆိတ်နေတဲ့အတန်းထဲကို ပြန့်နှံ့ကာ ကြားသွားစေခဲ့သည်။

"ပတ်ဝူဂျင်း ရပ်နေ နင်တို့နှစ်ယောက်အထဲဝင်"

သူတို့နှစ်ယောက်လည်းခပ်သွက်သွက် နေရာရှိရာဆီဝင်ထိုင်လိုက်ကြသည်။
ဆရာမက ဝူဂျင်းကိုသတိပေးစကားပြောပြီးမှ လွှတ်လိုက်လေသည်။
ပတ်ဝူဂျင်းကတော့ အဲ့ဒါကို ကြောက်သည့်ပုံလည်းမပေါ် သူ့နဂိုပုံစံအတိုင်း ခပ်ပြုံးပြုံးဖြင့်သာ။

UntitledWhere stories live. Discover now