ကျောင်းသားသမ္မဂ ခေါင်းဆောင်မဲထည့်ရွေးပွဲကမနှစ်ကထက်ကိုပိုပြီး မြိုင်ဆိုင်ခဲ့သည်။
အရင်ကအတန်းခေါင်းဆောင် ယွန်းချွဲဟို ဖြစ်ပေမဲ့ အခုမှာကျောင်းသားသစ်ကပိုပြီးပေါ်ပြူလာဖြစ်နေသည်။ကျောင်းဖွင့်ပြီးပထမတစ်ပါတ်သည်အေးချမ်းစွာကုန်ခမ်းသွားပြီး အတန်းအပ်ရမည့်နောက်ဆုံးရက်လည်းဖြစ်သည်။
" ဂျုံအင်...နင်လုပ်တာနဲ့ငါတော့ကျောင်းနောက်ကျပြီ ရှီးဗားလ်! "
နှစ်ယောက်သားကျောပိုးအိတ်ကို ကျောင်းနံမှနေအရင်ပစ်ချပြီး ဂျုံအင်က ကင်နာဘီကို ဒူးတစ်ဖက်ထောက်ချပေးပြီးအရင်ကျော်တက်စေလိုက်သည်။
နှစ်ယောက်သားကျောင်းခန်းထဲရောက်တာနဲ့ အတန်းပိုင်ဆရာမရဲ့အဆူအဆဲကိုခံလိုက်ရပြီး ကင်နာဘီကတော့ လက်ခလယ်တထောင်ထောင်ဖြစ်နေသည်။
ကင်ဂျုံအင်က သူ့ရဲ့နောက်ကနေတစ်ယောက်ယောက်ကစူးစိုက်ကြည့်နေသလိုမျိုးခံစားနေရတာကြောင့်အနောက်ကိုလှည့်ကြည့်လိုက်မိသည်။
ထိုကျောင်းသားရဲ့အကြည့်တွေကအင်မတန်စူးရှနေပြီး တစ်ခုခုကိုအလိုမကျသလိုပင်။
မျက်နှာကျပုံနဲ့ အမူယာက ကိုရီးယားလူမျိုးစစ်စစ်တော့မဖြစ်နိူင်။ သူကလည်းပြန်စိုက်ကြည့်နေတာမို့ ဂျုံအင်က မသိမသာပြုံးပြရင်း တစ်ဖက်ကိုပြန်လှည့်လိုက်မိသည်။
ကျောင်းမှာ ရန်ငြိုးမရှိတာအကောင်းဆုံးဖြစ်ပြီး ပေါ်ပြူလာမဖြစ်တာပိုလို့ ၊ ပိုလို့ အကောင်းဆုံးဖြစ်သည်။
ချမ်းသာတဲ့မိသားစုတွေရဲ့ မိဘတွေရဲ့ဂုဏ်မက်မောမှုကြောင့် သာမာန်မိသားစုကကျောင်းသား၊ကျောင်းသူတွေကစာတော်နေရင်တောင် အဆင့်တစ်ကိုမရယူရဲပေ။
အဆင့်တစ်ထက် သူတို့အနာဂတ်ကပိုပြီးအရေးကြီးသည်။ထိုအနာဂတ်အတွက် အထက်တန်းကို အခက်ခဲမရှိအောင်မြင်နိူင်ဖို့လိုအပ်သည်။
" ကင်ဂျုံအင် ၊ ကင်နာဘီ မနက်ကနောက်ကျတဲ့အတွက်သန့်ရှင်းရေးလုပ်ပြီးမှပြန်ရမယ် "
ဂျုံအင်က ကျောပိုးအိတ်လွယ်နေရင်းဆရာမဆီမှထိုစကားကြားတဲ့အခါ စိတ်ပျက်စွာ ခုံပေါ်ပြန်မှောက်ချသွားတော့သည်။
YOU ARE READING
Don't Say Good Bye
Fanfiction" နှုတ်ဆက်ပါတယ် ဆိုတဲ့စကားကို ငါတို့ထပ်မပြောပဲ နေရအောင် "