I'm sure....(one short)

1K 86 43
                                    

   အချစ်ဆိုတာမျိုးက သူ့အလှည့်ကျမှ ဆန်းကျယ်တာလား...အစကတည်းဆန်းကျယ်တာလား..။သူမသိတော့ဘူး....။သူများတွေ အချစ်ကို ဘယ်လိုစတွေ့ကြသလဲ..။တစ်ချို့ကတော့ ပန်းတွေဝေနေတဲ့ ပင်လယ်ကြီးမှာ နူးနူးညံ့ညံ့လေညှင်းလေးတွေနဲ့စတွေ့ကြတယ် ပြောတယ်...။တစ်ချို့ကြတော့ မိုးတွေရွာတဲ့နေ့မှာ မိုးရေထဲ ကဗျာဆန်ဆန်တွေ့ကြတယ်...။တချို့ကတော့ နှင်းတွေကျနေချိန်မှာ ကြည်နူးဆွတ်ပျံ့ဖွယ်ကောင်းမှုနဲ့တွေ့ကြတယ်...။

     သူက​ရော....။သူက​​တော့ဆောင်းဦးရဲ့ အချုပ်ခန်းထဲစတွေ့တာ..။
...............

ဂျိမ်း!!!!. ..

        နားဝင်ဆိုးစရာ အသံကြီးတစ်ခု..။ထိုအသံဟာ အချုပ်ခန်းတံခါးကြီးဖွင့်သံတစ်ခုသာဖြစ်တယ်...။ Jung Hoseokဆိုတဲ့သူ့အတွက်တော့ ထိုအသံမျိုးဟာ..သာယာဖွယ် တေးသီသံလိုလို..။သူဒီလိုစခန်းမျိုးကို ဝင်ထွက်သွားလာနေကြ..။ထောင်ကရဲမှူးတွေနဲ့တောင် သူရင်းနှီးနေပြီ..။

"Ya...Hoseok.ဘယ်လိုရောက်လာပြန်တာလဲ.."

     လက်ထိပ်တောင် ခတ်ထားစရာမလိုပဲ အချုပ်ခန်းထဲကို ကိုယ့်အိမ်ကိုယ့်ယာထဲဝင်လာသလိုမျိုးဝင်လာတဲ့ Hoseokကို စခန်းမှူးက ကော်ဖီသောက်နေရင်းမှ လှမ်းမေးသည်..။

"အင်း..ကောင်လေးတစ်ယောက်ကို စလိုက်မိတာ..."

     သူပြောလိုက်တော့ စခန်းမှူးက သူ့နောက်ကကောင်လေးကို ကျော်၍ကြည့်သည်..။သေးသေးလေးနဲ့ ဖြူအုအုကောင်လေးတစ်ယောက်...။

"ဟိတ်ကောင်..ကြည့်လဲလုပ်ပါအုန်း..အသက်မှပြည့်ရဲ့လား..မဟုတ်ရင်..စခန်းမဟုတ်ပဲ ထောင်ထဲအောင်းနေရမယ်..."

        Jung Hoseokဆိုသည့်ကောင်လေးက အသက်အားဖြင့်တော့ ငယ်ငယ်ရွယ်ရွယ်လေးပင်..။သို့သော် ထိုလူငယ်ကရှုတ်သည်..ပွေသည်..။ကောင်မလေးတွေသာမက ကောင်လေးများပါ ကြွေကြစေနိုင်တဲ့မျက်နှာချိုးမျိုး...။Hoseokကသူတို့ရပ်ကွပ်ထဲက ပိုက်ဆံရှိအသိုင်းဝိုင်းကကောင်လေးတစ်ယောက်ပါပဲ..။သို့ပေမယ့် ကောင်လေးက ဆိုးပေပေလေး..။လူရိုက်တယ်...အုပ်စုလိုက်ရန်ဖြစ်တယ်..မှောင်ခိုကားပြိုင်တယ်...လောင်းကစားဝိုင်းတွေထဲဝင်ပါတယ်..။သို့ပေမယ့် ထိုကောင်လေးက စခဲ့သည်မရှိ...သူ့ကိုစိန်ခေါ်လို့ အမောက်ထောင်ပြရုံလေး...။Junghoseokက စခန်းကို အေးဆေးလာလဲရရဲ့သားနဲ့ နေ့တိုင်းအမှုတွေတစ်မျိုးမဟုတ် တစ်မျိုးနဲ့ စခန်းရဲ့ အချုပ်ထဲလာလာအိပ်တယ်...။သူသာ အိပ်ချင်ရင် စခန်းမှူးက ရိုးရိုးလဲပေးအိပ်ပါတယ်...။သူကတော့ပြောတယ်... အားနာလို့ပါတဲ့....။

I'm sure!Where stories live. Discover now