Uncover 2

2.3K 405 60
                                        

အချိန်တွေကမြန်ပါသည်။ တရွေ့ရွေ့ကုန်ဆုံးသွားတဲ့ အချိန်တွေနောက်မှာ ချန်းယောလ်သည် နှစ်ဆယ်ကျော် လူကြီးလေးတစ်ယောက် ဖြစ်နေပြီ ။ မြင့်မားတဲ့ အရပ် ချောမောတဲ့ ရုပ်ရည်ကြောင့် တက္ကသိုလ်က နာမည်ကြီးကောင်လေးအဖြစ် ကျော်ကြား၏ ။

ပိတ်ရက်မလို့ အိမ်မှာမနေချင်တဲ့ ချန်းယောလ်ဟာ အိမ်နဲ့ နည်းနည်းဝေးတဲ့ ကော်ဖီဆိုင်လေးကို ရောက်နေသည်။ ချောကလက်ကိတ်တစ်ပိုင်းနဲ့ ကော်ဖီခါးခါးကို ခုနတလော အရသာတွေ့နေတာမလို့ ဒါကိုပဲ မှာယူထားတယ် ။ လျှာဖျားပေါ် တင်ကျန်နေတဲ့ ခပ်ခါးခါးအရသာလေးကို ခံစားရင်း ဆိုင်က ဖွင့်ထားတဲ့ သတင်းကို ကြည့်မိသည်။

ကမ္ဘာအနှံ့အောင်မြင်နေတဲ့ Fashion Co. ရဲ့ Boss Byun အကြောင်း ။ Bodygard ဖြစ်တဲ့
ခပ်တောင့်တောင့်လူမဲကြီးတွေရဲ့ ဝန်းရံမှုကြားက
အဖြူရောင်ကောင်လေး ။ ရရှိနေတဲ့ အောင်မြင်မှုနဲ့အတူ မျက်နှာကပါ ယုံကြည်မှုအပြည့် မာန်ချီနေပုံ အထင်းသား...။ CEO Byun က အကောင်သေးပေမဲ့ အဆိပ်ပြင်းပုံပေါ်သည်။

ချန်းယောလ် အကြည့်လွှဲရင်း ကော်ဖီသောက်လိုက်ကာ ခဏကြာတော့ ပိုက်ဆံရှင်းကာ ထွက်လာခဲ့လိုက်၏ ။

.......

ပါရီမြို့လယ်က အထပ်မြင့်အဆောက်အဦး

ခါးသက်သက်ဝိုင်အရသာက လူကို ရစ်မူးစေသည်။ ကုန်သွားတဲ့ ခွက်ထဲ ထပ်လောင်းထည့်နေတုန်း
တံခါးခေါက်ပြီး ဝင်လာတဲ့ သူ့PA ။

”Boss... လေယာဥ်လက်မှတ် ရပါပြီ ”

မျက်စိရှေ့ရောက်လာတဲ့ လက်မှတ်ကိုကြည့်ရင်း တစ်ခုတ်တစ်ရ ပြုံးလိုက်သည်။

”ပြန်တွေ့ရတော့မှာပေါ့ ”

လေသံတိုးတိုးလေးက ရွှင်မြူးနေဟန် ။
ခါးသက်သက်ဝိုင်က လူကို ရင်ခုန်စေသည်လား...

&&&&& U. N. C. O. V. E. R

”Byun BaekHyun က တကယ်မိုက်တာပဲ ”

ပိုင်ရှင်ကလည်း သူ မော်ဒယ်ကလည်း သူ ။
မျက်စိရှေ့တင် ​ဖြတ်သွားတဲ့ ကားက ဗြောင် ဘတ်ဟျွန်းကိုယ်တိုင် မော်ဒယ်လုပ် ကြေငြာထားတဲ့ Brand ကြော်ငြာကား....။
ထိုကားကို ကြည့်ပြီး ပြောနေတုန်းရှိသေး လမ်းမထက်က LED Board ကြီးမှာပြသနေတဲ့
သူ့ရဲ့ ကြော်ငြာတွေ ။
ပါးစပ်အဟောင်းသားနဲ့ ငေးကြည့်နေတဲ့ မီဆိုကြောင့် ချန်းယောလ် ခေါင်းခါလိုက်မိသည်။ ချစ်သူကို ဘေးထားပြီး အခြား ယောကျ်ားကို ငေးနေတာများ...။

Uncover <Completed>Wo Geschichten leben. Entdecke jetzt