《78》[ပုံမှန်မဟုတ်တဲ့ ကောင်ငယ်လေး]

8.6K 1.5K 18
                                    

[Zawgyi]

စုပေ ငြင်းပယ်လိုက်တယ်။သူ့ဇာတ်ကြောင်းကို
သူပြန်ရေးဆွဲနေရလို့ ရှက်နေရတဲ့အထဲ မိန်းမ
အဖြစ်ပြောင်းရဦးမယ်ဟုတ်လား...ပိုပြီးတော့တောင်
ရှက်ဖို့ကောင်းသေးတယ်...သူ mood သွင်းမရဘဲ
ဖြစ်သွားလိမ့်မယ်။editor ကလည်း artist ရဲ့ idea ကိုလေးစားတဲ့အတွက် ပြောင်းလဲပစ်ဖို့ စုပေကို
အတင်းမတိုက်တွန်းပါဘူး။

ဒါပေမယ့်သူကမပြောင်းလဲဖြစ်တဲ့အတွက်
တုံ့ပြန်ချက်ကောင်းကောင်းရ ၊ မရဆိုတာမသေချာပါဘူး။အကြောင်းကတော့ ဒီလိုပုံစံမျိုးက အရမ်းကို
sensitive ဖြစ်လို့ပါ။စုပေကလည်း
အဆင်ပြေတယ်လို့ပြောလိုက်ပါတယ်။သူက
တုံ့ပြန်ချက်တွေကို သိပ်ဂရုစိုက်နေမှာမဟုတ်ပါဘူး။

ရီထောင်ထောင်က သူ့ကို ဖုန်းဆက်ကာ
ကုသမှုအခြေအနေဘယ်လိုရှိလဲ လှမ်းမေးသည်။
စုပေက လက်တစ်ဖက်ကနေ pen ကိုလှည့်နေရင်း
ပြန်ဖြေသည်။
"ဘာမှထူးထူးခြားခြားမရှိပါဘူး။
ထောင်ထောင်...ငါတို့ကတကယ်မဖြစ်နိုင်တော့ဘူး"

"ငါဂရုမစိုက်ဘူး"
ထောင်ထောင်က အော်လိုက်တယ်။
"နင်ကဒီဘဝမှာ ငါ့လူပဲဖြစ်ရမယ်"

စုပေ ခေါင်းယမ်းလိုက်မိသည်။
ပြောရဆိုရခက်လိုက်တာ...

"ငါတို့အပန်းဖြေဥယျာဉ်ကို သွားကြရအောင်"
သူမထိုစကားပြောလိုက်ပြီးနောက် တစ်ဖက်မှအချိန်
အတော်ကြာတိတ်ဆိတ်သွားသည်။ထို့နောက်
စုပေငြင်းလိုက်သည်။
"ငါလုပ်စရာတစ်ခုရှိတယ်။စိတ်မကောင်းပါဘူး"

ရီထောင်ထောင်က ပြောလိုက်သည်။
"ငါတို့သူငယ်ချင်းတွေလိုတောင် နေလို့မရတော့ဘူးလား"

စုပေ ပြုံးလိုက်သည်။
"သူငယ်ချင်းတွေသာဆိုရင် မင်းအခြားတစ်ယောက်ကိုလဲရွေးခေါ်လို့ရတာပဲ ဥပမာ - မင်းအခင်ဆုံးသူ
ပေါ့"

"နင့်မှာ အကြင်နာတရားမရှိဘူးလား"
သူမက ခွန်းတုံ့ပြန်တယ်။စုပေ တစ်ခုခုပြန်ပြော
လိုက်ချင်ပေမယ့် သူမကဖုန်းချသွားပြီ။သူ
ကိုယ့်ဆံပင်ကိုဆွဲဖွလိုက်သည်။

သူဇာတ်ကြောင်းရေးဆွဲဖို့သာ ပိုကြိုးစားတော့တယ်။သို့ပေမယ့် သူစိတ်ကူးအသစ်တွေပေါ်မလာခင်
မှာပဲ ရှောက်ချင်းရန်ကဖုန်းဝင်လာသည်။ပစ်မှတ်က
ဖုန်းခေါ်လာတယ်!စုပေ ဖုန်းကိုင်လိုက်တဲ့အချိန်မှာ
ရှောက်ချင်းရန်၏နွေးထွေးသော လေသံကိုကြား
လိုက်ရသည်။
"ငါတို့ အားလပ်ရက်မှာ စခန်းချခရီးထွက်ကြမလား"

ဗီလိန်ကြီး​ရေ​ကျေးဇူးပြုပြီးငါ​လေးကိုညှာတာ​ပေးပါ![MM translation]Où les histoires vivent. Découvrez maintenant