《80》[ပုံမှန်မဟုတ်တဲ့ ကောင်ငယ်လေး]

8.2K 1.5K 85
                                    

[Zawgyi]

ရှောက်ချင်းရန်က တိတ်တဆိတ်ပြုံးလိုက်သည်။
သူ့ထင်မြင်ချက်အရ စုပေထိုအရာတွေကိုမြင်ခဲ့
ဘူးလောက်သည်။စုပေကတော့ သူ့ကို
အံ့ဩစရာတွေထပ်ပေးတာပဲ။အထက်တန်း
ကျောင်းသားတစ်ယောက်က ဘယ်လိုလုပ်ဒီလို
အရာတွေကိုမြင်ဖူးရတာလဲ?

748 :"ဆွဲဆောင်ခြင်းယူနစ်ဘားတန်း 2% တိုးလာပါ
သည်။တိုးတက်မှုဖြစ်စဉ် 40% ပါ"

ရှောက်ချင်းရန်အပေါ် စုပေ၏သဘောထားတွေ
ပြောင်းလဲလာသည်။ကြည့်ရတာ သူအကဲခတ်မှားခဲ့
တယ်ထင်တယ်။ဒီလူက ကပ်စေးနည်းပေမယ့်
ရာခိုင်နှုန်းတိုးနှုန်းကတော့ မြန်သည်။
ခံစားလို့ကောင်းလိုက်တာ!

သက်လက်ပိုင်းလူတစ်ယောက်က သူတို့ပြောနေသည့်
ခေါင်းစဉ်ဆီပြန်ဆွဲခေါ်သွားသည်။
"ငါတို့လည်း စာဖိုမှူးတစ်ယောက်လို့ထင်ပါတယ်။
ဒါပေမယ့် ဘာလို့အဲ့စာဖိုမှူးက Otaku တွေ
ကိုပဲရွေးသတ်ရတာလဲ"

ရှောက်ချင်းရန် ပြုံးပြလိုက်သည်။
"လူဆိုးတစ်ယောက်က လူတစ်ယောက်ကို
သတ်ဖို့အကြောင်းပြချက်တွေမလိုဘူး"

"ဒါပေမယ့် တူညီတဲ့အကျင့်ရှိတဲ့လူတွေကိုသာ
ရွေးသတ်တယ်ဆိုရင်တော့ လူသတ်သမားက
သူတို့ကို မုန်းနေလို့ပဲဖြစ်ရမယ်"

"Otaku တွေကိုမုန်းတယ်ဆိုတော့...လူသတ်သမားက
သူတို့နဲ့အဆက်အသွယ်အများကြီးရှိရမယ်..
မင်းတို့ delivery ပို့တဲ့သူတွေကို
အာရုံစိုက်သင့်တယ်"

ရှောက်ချင်းရန်၏မှတ်ချက်ကြောင့် သက်လက်ပိုင်း
လူတွေရယ်လိုက်ကြသည်။ဘာဘီကျူ့ပါတီ
ပြီးပြီဆိုတော့ အိပ်ချိန်ကျရောက်ပြီ။
ရှောက်ချင်းရန်နဲ့ စုပေကတဲတစ်ခုထဲဖြစ်တဲ့အတွက်
စုပေစိတ်မသက်မသာဖြစ်သွားသည်။

သူ့လျှို့ဝှက်ချက်တွေကို ဖောက်ထွင်းမြင်ခံလိုက်
ရသည်ဟူသော ခံစားချက်တစ်ခုလည်းရနေသည်။
ထို့ကြောင့်စုပေမြန်မြန်အိပ်ရာထသွားကာ
အိပ်ရာသို့အရင်ဝင်လိုက်သည်။ရှောက်ချင်းရန်
သူ့ဘေးဝင်အိပ်လိုက်တာကို
ခံစားလိုက်ရသည့်အတွက် စုပေရှက်ရွံ့ခြင်းကို
ဖုံးကွယ်ရန် ကျောပေးအိပ်လိုက်သည်။

ဗီလိန်ကြီး​ရေ​ကျေးဇူးပြုပြီးငါ​လေးကိုညှာတာ​ပေးပါ![MM translation]Donde viven las historias. Descúbrelo ahora