" ဟဲလို "
ဝင်လာတဲ့ဖုန်း Ringtone သံကြောင့် အိပ်ချင်မူးတူးနဲ့ ဖုန်းကိုနားပေါ်ကပ်ထား
လိုက်သည်။
မျက်လုံးကတော့ မဖွင့်နိုင်သေး။"Jen ငါကယ်ပါအုံး "
"ဘာဖြစ်ပြန်ပြီလဲ ချယ်ယောင်း
စောစောစီးစီး "" ဘယ်ကစောရမှာလဲ နာရီလေး
ဘာလေးကြည့်အုံး။
နင်ဖင်နေထိုးတာမဟုတ်တော့ဘူး။
နေ ကနင်တစ်ကိုယ်လုံးမျိုတော့မှာ၊
ထတော့ ငါဆီလာခဲ့အုံး။ ငါ ဒီမှာအရှက်တွေ
ကွဲတော့မယ်"" နင် အခုဘယ်မှာလဲ "
" Soo Shopping Center ကိုလာခဲ့."
"ဟုတ်ပြီ ဘယ်လမ်းလဲတစ်ခါတည်းပြော "
Soo shopping Center ကအများကြီးဘဲလေ။
စောင်ကိုဆွဲလှန်ကာ အိမ်ရာထဲကလူးလိမ့်ထရသည်။
မနေ့ညကဇာတ်လမ်းတွဲကြည့်နေတာမို့ အိပ်ယာဝင်တာနောက်ကျသွားလေသည်။" #%$#@%% အဲဒီလမ်း"
"ဟုတ်ပြီ ငါလာခဲ့မယ်"
Jen မျက်နှာမြန်မြန်သစ်ကာ ရေမချိုးဘဲပြေးရပြန်တယ်။ ကျောင်းပြီးလို့ သူဒုက္ခကလွှတ်မလားမှတ်တယ်။
ပိုတောင်ဆိုးလာသေးတယ်။"ကျေးဇူးဘဲနော် Jen ဒီကမ်ဘာပေါ်မှာ
ငါသူငယ်ချင်းက ချစ်စရာအကောင်းဆုံးဘဲ"."တော်ပါ နင်ရည်းစားရမှာဘဲအဲလိုချွဲပါ
ငါကိုတော့အဲအသံကြီးနဲ့လာမချွဲနဲ့
ကြက်သီးထလို့ပါ""အဖေနဲ့အမေက ငါအပေါ်ရက်စက်
တယ်ဟာ တစ်ခါတစ်လေလေး
ဈေးဝယ်ထွက်တာလေးကို""နင်ဒီလို့ Credit card ပိတ်ခံထိတိုင်းပြောနေရတာမမောသေးဘူးလား။ နင်ဝယ်လာတာလည်းကြည့်အုံး နင်အခန်းထဲသိမ်းစရာနေရာရောကျန်သေးရဲ့လား နင်တစ်ခါတစ်လေက ကြောက်စရာကြီး "
"ငါလေနင်တို့ကို အရမ်းအားကျတာဘဲ"
"နင်တို့ကို ဟုတ်လား "
ချယ်ယောင်းရဲ့အမေးကို သံယောင်လိုက်ကာ
သူထပ်မေးသည်။"အင်း ".
"နင်နဲ့ လီဆာလေ နင်တို့ကငယ်ငယ်လေး
နဲ့အဘိုးအဖွားအမွေတွေနဲ့မီလျှံနာ
ကြီးတြွေဖစ်နေကြတာ၊ငါကျတော့ နည်းနည်းလေးပိုသုံးမိရင် Card ပိတ်ခံထိတယ် "
YOU ARE READING
လှပ်၍လွှင့်သော
Actionနှင်းတွေကျတိုင်း ချယ်ရီခုံတန်းလေးမှာ နှင်းပွင့်လေးတွေရဲ့ အအေးဒဏ်ကို ခံစားရတဲ့အခါ ဆုံးရှုံးခဲ့ရတဲ့ အချစ်တွေလောက် အေးစက်နာကျင်မူမရှိတာ သတိရပါ။