အခန်းထဲ ဝင်လာကြသူတွေက မြင်ရခဲတဲ့လူကိုတွေ့လာကြသလို... အချင်းချင်း တီးတိုးစကားတွေပြောပြီး ဖုန်းတွေလည်း ဖွင့်ကြသည်။ ဒီမနက် တော်တော်မျက်စိနောက်စရာပဲ ။ ဘယ် အနုပညာရှင်များကျောင်းကိုရောက်နေလို့ ဒီလောက် ယောက်ယက်ခတ်နေလဲ မသိပါ။ ဒီအတန်းချိန်ပြီးရင်တော့ အိမ်ပြန်တော့မယ်လို့ တွေးပြီး ဆရာလာမှာကို ချန်းယောလ်စောင့်နေလိုက်သည်။
”ဟိုင်းအီ ”
အသံနဲ့တင် ချန်းယောလ်စိတ်ညစ်သွားသည်။
သူကတော့ လက်ချောင်းလေးတွေကို အသာလှုပ်ယမ်းရင်း သူ့ကားအမဲကို မှီကာ ချန်းယောလ်ကို ကြည့်နေ၏ ။ ရှပ်အမဲနဲ့ ဘောင်းဘီအဖြူ
ကို ရိုးရိုးရှင်းရှင်းသာဝတ်ထားသူက လူအများအမြင်ကိုတော့ သိမ်းပိုက်ထားနိုင်သည်။
ထိုထဲမှာ... ချန်းယောလ်လည်း ပါသလား ဆိုတာကတော့....”Boss Byun ကို အလုပ်တွေများမယ် ထင်ထားတာ
အခုလို အားအားယားယား ဖြစ်နေမယ်လို့ မထင်ထားဘူး ”ချန်းယောလ်ရဲ့ ခနဲ့စကားကို သူရယ်သည်။
”သေချာတာပေါ့... ငါက ဘယ်လောက်အလုပ်များတဲ့လူလဲ... အားယားနေတယ်ဆိုတာ ဖြစ်နိုင်ပါ့မလား
ငါ့ကောင်လေးတက်နေတဲ့ကျောင်းကို သိချင်လို့သာ စုံစမ်းရင်း လာကြိုတာ ”
မှီထားရာ ကားကနေ လျှောက်လာရင်း ချန်းယောလ်နား ရောက်လာသည်။
”ငါမအားရက်နဲ့ မင်းကို လိုက်ဂရုစိုက်နေရတာ သိရင်လည်း ငါနဲ့ မြန်မြန် လက်ထပ်ဖို့ စဥ်းစားပေးဦး ”
အပြောင်းအလဲမြန်တဲ့ ဘတ်ဟျွန်းက မျက်နှာကို မဲ့ရွဲ့လာကာ...
”အရင်ကတော့ ငါလာကြိုရင် အပျော်ဆုံးပါ ဆိုပြီး ပက်ချွဲနှပ်ချွဲလုပ်တတ်တဲ့ ကလေးက
အခုတော့ အရမ်းစကားများတာပဲ …””ဘယ်သူက ဂရုစိုက်ခိုင်းနေလို့လဲ
လာကြိုတဲ့ ကားမှာ ခင်ဗျားပါမလားဆိုပြီး လည်ပင်းတစ်ရှည်ရှည်နဲ့ စောင့်နေခဲ့တဲ့ ကလေး... ခင်ဗျားကိုမတွေ့ရင် မျက်ရည်ပေါက်ကြီးငယ်ကျခဲ့တဲ့ ကလေးဆိုတာ လွန်ခဲ့တဲ့ နှစ်နှစ်ဆယ်ကျော်မှာ ကျန်ခဲ့ပြီ ... ဗြောင်ဘတ်ဟျွန်း!!!”

YOU ARE READING
Uncover <Completed>
Fanfictionချစ်တဲ့စိတ်ကို မဖုံးကွယ်တော့ဘူးမလို့ ခင်ဗျားဘက်က ဆက်ချစ်ပေးပါဦး ChanBaek