The First Or The Last (One Shot)

1.3K 181 32
                                    

"ကိုတို့ လမ်းခွဲကြရအောင်"

"ဘာလို့လဲ Jungkook ငါတို့ဘာလို့ လမ်းခွဲရမှာလဲ "

" ဒီအတိုင်း ကို့ကို လမ်းခွဲပေးပါ ကိုတို့ကြားမှာ ချစ်ခြင်းမှ မရှိတော့ပဲ "

" ဟင့်အင်း Jungkook ငါမင်းကို ချစ်တယ်လေ ငါလမ်းမခွဲပေးနိုင်ဘူး"

"Jin ကိုတောင်းဆိုနေတာပါ ကိုတို့လမ်းခွဲကြ
ရအောင်နော် "

"Jungkook မင်းမှာ နောက်တစ်ယောက်တွေ့နေလို့လား"

"မဟုတ်ဘူး Jin မဟုတ်ဘူး... ဒီအတိုင်း အချစ်မရှိတော့တဲ့ Relationship တစ်ခုကို အဆုံးသတ်ချင်ရုံပဲ Jin "

" ကောင်းပြီလေ မင်းသဘောအတိုင်း ငါလမ်းခွဲပေးပါ့မယ် ဒါပေမယ့် ငါ့ကို အချိန် နှစ်ပတ်လောက် ပေးနိုင်မလား... နှစ်ပတ်ပြည့်တဲ့အခါ ငါလမ်းခွဲပေးပါ့မယ် "

" ရပါတယ် Jin မင်းသဘော ကိုလိုက်လျောပါ့မယ် "

~~~~~~~~~~~~~~~~~~~~~~~~~~~~~~
မှန်တင်ခုံရှေ့ထိုင်ပြီး ပြင်ဆင်နေတုန်း jungkook နဲ့အတူတူ တွဲရိုက်ထားတဲ့ ဓာတ်ပုံလေးကို ကိုင်ကြည့်ရင်း မနေ့က Jungkook တောင်းဆိုထားတဲ့ လမ်းခွဲခြင်းဆိုတာကို ပြန်တွေးမိတော့ မဖိတ်ခေါ်ပဲ ကျဆင်းလာတဲ့ မျက်ရည်တို့က အတားအဆီးကင်းမဲ့စွာ...

Jungkook ဆီ​က တောင်းဆိုထားမိတဲ့ နှစ်ပတ်ကို စတင်ဖို့ ဒီနေ့က ပထမဆုံးသောနေ့
သူတို့နှစ်ယောက်ကြားမှာ ချစ်ခြင်းပျက်သုဥ်းနေပြီလို့ ခံစားနေရတဲ့ Jungkook ကို Jin သူ့ရဲ့ ဂရုစိုက်မှုနဲ့ ချစ်ခြင်းတို့ကို နှုတ်ဆက်လက်ဆောင်အဖြစ် တစ်ပတ်အတွင်းပေးလိုက်တော့မည်...

တကယ်တော့ Jk ပြောတဲ့ အချစ်မရှိတော့သလို ခံစားရသည်ဆိုသည်မှာလညိး ဟုတ်တော့ ဟုတ်နေပေလိမ့်မည်...jin. Jk ကို ပစ်ထားမိတာ များသွားလေလား... အရင်လို ဂရုစိုက်မှု လျော့နည်းသွားမိလေလို့လား... စာရေးဆရာဖြစ်တဲ့ သူက Jk ကို ပစ်ထားမိပြီး စာရေးသားခြင်းကိုပဲ အာရုံစိုက်နေမိလို့လား... ဝေခွဲမရပါသော မေးခွန်းများစွာက သူ့အပြစ်များလားဟူ၍သာ...

ကားသော့လေးဆွဲပြီး ထွက်လာမိတော့ Jinရဲ့ ဘေးက Passenger seat မှာနေရာယူနေသည်က လက်ဆောင်ဘူးလေးတစ်ခုနဲ့ ထမင်းဘူးလေးတစ်ခု...
ထိုအရာများကို ပြုံး၍ကြည့်ကာ Jk apartment ဆီသို့...

You've reached the end of published parts.

⏰ Last updated: Jul 26, 2022 ⏰

Add this story to your Library to get notified about new parts!

The First Or The Last (one shot)Where stories live. Discover now