Zawgyiနောက်နေ့တွင် ရှမိသားစုရဲ့သတင်းဟာ လူအပြောများခဲ့သည်။တရားရုံးတွင် သက်သေအထောက်အထားများစွာရှိနေတာကြောင့် ဘယ်လိုမှရုန်းထွက်ခို့မရတော့ပဲ ရှကျန်းဝေ့တို့သားအဖဟာထောင်ကျခဲ့သည်။ရှကျန်းဝေ့ဟာ လူသတ်ရန်ကြံစည်မှု ၊ လုပ်ကြံမှု ၊လာဘ်စားမှုတွေနဲ့ နှစ်၅၀ချမှတ်ခံလိုက်ရသည်။ရှလုံစစ်ကတော့ ကြံရာပါအဖြစ် ထောင်ဒဏ် နှစ်၃၀ချမှတ်ခံလိုက်ရသည်။
လျိုချင်းဟောင်က ဒါကိုမကျေနပ်ချေ။သူက ဒီသားအဖနှစ်ယောက်ကို ပြန်မထွက်လာနိုင်အောင်လို့လုပ်ဖို့စိတ်ကူးထားသည်။သေချာတာပေါ့ ရှကောဖေးရဲ့သဘောတူညီမှုမပါပဲ သူမလုပ်ဘူးလေ။
ရှကောဖေးဟာ ရှမိသားစုရဲ့အမွေဆက်ခံသူဖြစ်လာပြီး ရှကုမ္ပဏီရဲ့CEOတစ်ယောက်ဖြစ်လာခဲ့သည်။ရှကောဖေးရဲ့ ထက်မြတ်လွန်းတဲ့အရည်အချင်း၊ရိုးသားမှုတွေကြောင့် ရှယ်ယာဝင်တွေကလည်းကန့်ကွက်စရာမရှိချေ။သူတို့က ရှကုမ္ပဏီမှာ ရှယ်ယာဝင်တွင်ဖြစ်လာတာကြာပြီ။အဖိုးရှကိုလည်း ယုံကြည်ကြတယ်။အဖိုးရှ ပျိုးထောင်ပေးလာတဲ့မြေးဟာလည်း ယုံကြည်ရမယ်ဆိုတာသိကြတယ်။
တစ်ဖက်မှာလည်း လီရုန်က သူ့ညီနဲ့တုန်းလင်ကိုလက်တုန့်ပြန်ဖို့အစီအစဉ်ဆွဲလို့နေတယ်။ရှကောဖေးက သူ့ဘေးမှာမျက်မှောင်ကြုတ်ကာထိုင်နေတဲ့ကလေးကို တစ်ချက်ကြည့်လိုက်ပြီး လက်ချောင်းများကိုလှုပ်လိုက်တယ်။
"ကလေး ဘာဖြစ်လို့လဲ?မျက်နှာလည်းမကောင်းပါလား.."
"ဘာမှမဖြစ်ပါဘူး ။ ကောဖေး.."
"ဟင်"
"ကျွန်တော် အပြင်သွားဦးမယ်.."
"သွားလေ ကိုယ်လည်းလိုက်..."
"မလိုက်နဲ့!...ခင်ဗျားမလိုက်ပါနဲ့...အခုကကျွန်တော့်ကိစ္စပါ.."
"ကိုယ်ပြောထားတယ်လေ ။မင်းကိစ္စကလည်း ကိုယ့်ကိစ္စလို့..မင်းပြဿနာကလည်း ကိုယ့်ပြဿနာပဲ..."
"ကျွန်တော်သိပါတယ် ။ခင်ဗျားကိုလိုအပ်ရင် ကျွန်တော်သေချာပေါက်အကူအညီတောင်းမှာပါ..."
"...."
"နေခဲ့ဦးနော်..ကျွန်တော်နောက်မကျစေရပါဘူး..."
KAMU SEDANG MEMBACA
System Ah Li(Real Life)✔
RomansaHost(လီရုန်)ရဲ့ သူ့မူလကမ္ဘာကိုပြန်ရောက်သွားပြီး သူ့ညီနဲ့ သူ့မွေးစားအဖေရဲ့သားကိုကလဲ့စားပြန်ချေမှာပါ ၊နောက်ပြီး သူ့ချစ်သူနဲ့မထင်မှတ်ပဲပြန်ဆုံတွေ့ရကာ သူ့ချစ်သူရဲ့အရှုပ်ထုတ်တွေကို ကူညီပေးရင်း သူ့ချစ်သူကြီးနဲ့ ခွေးစာတွေကျွေးမယ့်အပိုင်းတွေပါနော် ။ Host(လီရု...