Unicode
"ဒေါ်လာ၆၀၀၀၀"
"ဒေါ်လာ၆၅၀၀၀"
တိုက္ပါ်ရှိမီးေရာင်စုံများဖြင့် ကောင်းကင်ထက်ကကြယ်ပွင့်များပင် အရှုံးပေးရအောင်လှပလွန်းနေသည်...။ လမ်းမီးရောင်အောက်တွင် လျင်မြန်စွာပြေးလွှားနေသော ကားရောင်စုံများကြောင့် စီးဆင်းနေသောလှပသည့် ရောင်စုံမြစ်တစ်စင်းကဲ့သို့...ရာသီဉတုကလည်း အရိုးထဲစိမ့်နေအောင်အေးလှပေတော့...လူလျှောက်လမ်းတွင်လူများရှင်းနေကာ နှင်းများကတိတ်ဆိတ်ငြိမ်းချမ်းစွာ နေရာယူလျက်ရှိနေ၏...သို့သော်...မတိတ်ဆိတ်သည်ကား ကြယ်ရှစ်ပွင့်ဟိုတယ်အဆင့်ရှိသော ဟိုတယ်တစ်ခု၏ခန်းမ...လေလံတင်ခန်းမတစ်ခုဟုဆိုနိုင်ေသာငြား...ထိုေနရာကား ဂိုဏ်းသားများနှင့်ကြေးစားတို့က ရောယှက်ကာသူတို့၏ မကျေနပ်သည့်ပစ်မှတ်ကို ရှာနိုင်သည့်နေရာတစ်ခု တစ်ဦးနှင့်တစ်ဦးငွေကြေးပြိုင်ဆိုင်ကာ ရင်နှီးသောမိတ်ဆွေတစ်ဦးနှယ်ဆက်ဆံသော်ငြား ခေါင်းထဲတွင်တော့ရန်သူထက်ပိုဆိုးသည့် အတွေးများဖြင့်ပြည့်သိပ်လျက်....
ဒေါ်လာ၂၀၀၀လောက်သာရှိသည့် ကျောက္များဖြင့်ခြယ်လှယ်ထားသောပုလင်းထဲရှိ နှစ်ချို့ဝိုင်လေးထည့်လိုက်သည်နှင့် ပစ္စည်းတန်ဖိုးကား လေလံခန်းမတွင်တော့ဒေါ်လာ၂၀၀၀၀ထားက
ဈေးတင်ရောင်းနေသည်ကို လူတိုင်းသိသော်ငြား
ငွေကြေးတတ်နိုင်မှုဂုဏ်,အာဏာစသည်တို့ကို ပြိုင်ဆိုင်ချင်ကြသောလူတွေကြား ထိုငွေကြေးတန်ဖိုးကမည်မျှမဟုတ်ပေ..."ဒေါ်လာ၇၅၀၀၀ေစျးထပ်ပေးမယ့်သူရှိသေးလား တစ်ခါ...နှစ်ခါ...သုံးခါ"
ပစ္စည်းရရှိပိုင်ဆိုင်သွားသူကား မျက်နှာကိုဟန်ချီကာ နှာဖူးမှနှာခေါင်းပေါ်ထိအုပ်ထားသောမျက်နှာဖုံးအောက်ရှိ နှုတ်ခမ်းတို့ကာမဲ့ပြုံးလေးတပ်ဆင်လျက်...ထို့နှင့်ပစ္စည်းတစ်ခုပြီးတစ်ခု တို့အားဈေးခေါ်ကာလေလံဆွဲလျက်...နောက်ဆုံးပစ္စည်းအား စိတ်ဝင်တစားစောင့်နေကြသည်...
"နောက်ပစ္စည်းတစ်ခုကတော့ လူကြီးမင်းတို့အားလုံးစောင့်မျှော်နေတဲ့ ရတနာကိုးသွယ်ဖြင့်ခြယ်လှယ်ထားတဲ့ ဒေါင်းပုံရတနာပန်းချီကားဖြစ်ပါတယ်"
YOU ARE READING
Target (Completed)
Fanfictionပစ်မှတ်ကိုဘယ်လောက်ပဲမပစ်ချင်နေပါစေ...ပစ်ရင်တော့ထိအောင်တော့ပစ်ရမယ်မလား ပစ်မှတ်ကိုဘယ်လောက်ပဲမပစ်ချင်နေပါစေ...ပစ်ရင်တော့ထိအောင်တော့ပစ်ရမယ်မလား Story photo by Triple-D 93