"အိမ်ပြန်ရောက်ပါပီ"
"အော် ဂျယ်လေး စောသားပဲ"
နာရီကို တချက်ကြည့်လိုက်ပီး ပြောလိုက်တဲ့ထယ်ယောင်း
"ဟုတ်ကိုကို ဂျယ်တို့စောစောနိုးလို့"
"ဟုက်ပီ ကိုကို အလုပ်သွားတော့မလို့ ဂျောင်ကုကျန်ခဲ့လိမ့်မယ် ကောင်း"နေခဲ့နော်"
"ဟုက် ကိုကို အပြန်ကျ မုန့်လေးဝယ်ခဲ့ပါအုံး"
"အမလေး ဂျယ်မင်ရယ် ကဲပြော ဘာမုန့်လဲ ထုံးစံအတိုင်း cheese cakeပဲလား"
"အွန်းအွန်း ဒေါ်လေးဂါအွန်းတို့ဆိုင်မှာ စာအုပ်ငှားထားတာလေးတေရာ ဝင်ယူခဲ့ပေးအုံးနော် ကိုကို"
"အင်းအင်း ဒါပဲမလား"
"ဟုက်"
"ကိုကိုသွားပီနော် အဲ့တာဆို"
"ဟုက် ကောင်းကောင်းသွားပါကိုကို"
ကားနားထိလိုက်ပို့ပီး လက်ယမ်းပြနေတဲ့ သူ့ညီမလေးကိုကြည့်တာ ထယ်ယောင်းစိတ်ထဲထင့်နေခဲ့ပါတယ်။
ဘာဖြစ်တာလဲမသိဘူး။ စိတ်ထဲမာတမျိုးကြီးပဲ။ ဂျယ်လေးကို နောက်ဆုံးတွေ့ရမှာလိုမျိူးကြီး။ မဖြစ်သေးပါဘူး ငါလဲ ဆရာဝန်ပြအုံးမှ အကုန်လန့်စရာတွေ။
ပေါ့ပေါ့တန်တန်ပဲ ထယ်ယောင်းထားလိုက်ပေမဲ့ သူပြန်လာရင် ဖြစ်နေမာတွေကို သူလက်ခံနိုင်ပါ့မလား?
//
ထယ်ယောင်းက လုပ်ငန်းစုတခုရဲ့ သားကြီးဖြစ်တဲ့အလျှောက် အရာရာမှ တော်သည်။
မိဘတွေ ရုတ်တရက်ဆုံးသွားတော့လဲ အခြေအနေအရပ်ရပ်ကို ထိန်းချုပ်နိုင်ခဲ့သည်။
ထယ်ယောင်းမှာ အခက်အခဲဆိုတာမျိုးက ရှိခဲပေမဲ့ အခုကြုံနေရတာက သူ့ကို ထိုးချချင်နေတဲ့ လူတယောက်
ပြောရရင် ဂျွန်ယူရှင်း
လုပ်ငန်းအသေးလေးကိုသာ လုပ်ကိုင်ပီး ထယ်ယောင်းလက်အောက်မှာ နေနေရတဲ့သူက ကျေနပ်ပုံမပေါ်
အသက်အန္တာရယ်လောက်ထိတော့ ဒုက္ခမပေးမနာလိုလဲဖြစ်ချင်စရာပါပဲ
ထယ်ယောင်းတို့ ဘိုးဘွားပိုင် KIMလုပ်ငန်းစုဆိုတာက ထယ်ယောင်းလက်ထက်မှ ပိုတိုးချဲ့လာခဲ့တာ
AirLine, Bar, Hotelစသည်ဖြင့် တိုးချဲ့လုပ်နိုင်လာတဲ့ ထယ်ယောင်းကို မနာလိုတာတော့မဆန်းတော့ဘူးပေါ့
သမီးရှင်တွေက လက်ထက်ထားပီး ဂျွန်ထယ်ေယာင်းဖြစ်တာေတာင် လာကမ်းလှမ်းကြသေးတဲ့အထိ ကင်မ်ထယ်ယောင်းက အော် ဂျွန်ထယ်ယောင်းက ပြည့်စုံလွန်းပါတယ်
တခုပဲ
ဂျွန်ထယ်ယောင်းကို ဂျွန်ဂျောင်ကုက မချစ်ဘူး
YOU ARE READING
ǝɯ ʇsnɹ⊥
Fanfic"မင်းကိုချစ်တယ် ဒါပေမဲ့ဘယ်လ်ိုလုပ်မလဲ ငါမင်းကိုနှိပ်စက်အုံးမှာ" ᴊᴇᴏɴ ᴊᴜɴɢᴋᴏᴏᴋ "မင်းဘယ်လိုပဲနှိပ်စက် နှိပ်စက် အဆုံးထိငါမင်းကိုကပ်တွယ်နေအုံးမှာ ဘာလို့လဲသိလား မင်းကိုပြောမပြတတ်လောက်အောင်ချစ်လို့" ᴋɪᴍ ᴛᴀᴇʜʏᴜɴɢ ᴠᴋᵒᵒᵏ