Unicode
ဒီနေ့ရာသီဥတုဟာ တခြားသူများအတွက် မိုးအေးအေးနှင့် အေးချမ်းသော နေ့တစ်နေ့ဖြစ်ပေမယ့် သူ့အတွက်ကတော့ ဘဝတွက် လုံးဝမေ့မရနိုင်သော အဖြစ်ဆိုးကြီးတစ်ခု ဖြစ်ခဲ့သောကြောင့်...
လွန်ခဲ့သော ၁၀နှစ်ခနိ့တွင် ဒီနေ့လိုမျိုးမိုးသည်းထန်စွာ ရွာနေတဲ့အချိန် မျက်နှာဖုံးစွပ်ထားသော လူတစ်ယောက်မှ အဖေနဲ့ အမေအား မို့းရေထဲတွင် လက်ထဲမှဓားနှင့် စိတ်ကြိုက်ထိုးနေလေသည်... မြေပေါ်တွင်လည်း သွေးများနှင့် မိုးရေများ ရောနေသောကြောင့် သွေးများမှာ မြင်မကောင်း...
သူကတော့ အမေထားခဲ့တဲ့ ချုံပုတ်လေးနားမှာသာ အသံတိတ်ငိုရင်း ချောင်းကြည့်နေရတယ် ... အမေ့ရဲ့ နောက်ဆုံး နာကျင်မှုများကို အန်တုရင်း ပြုံးပြသွားတဲ့ အပြုံးကိုလည်း လုံးဝမမေ့သေး...
ထိုအဖြစ်ပျက်များကြောင့် မိုးသည်းလာပြီဆိုတာနဲ့ကို သူ့မှာ နေစရာနေရာမရှိအောင်ကို ကြောက်နေမိတယ်... သူလုပ်နိုင်တာက အခန်းထောင့်တနေရာတွင် ဒူးနဲ့ မျက်နှာအပ်ကာ ထိုင်ငိုရုံမှတစ်ပါး... ထိုအချိန် သူအလိုချင်ဆုံးက တစ်စုံတစ်ယောက်ရဲ့ ထွေးပွေ့မှု ...
Jin : : ဟင့်အင်း ... ကြောက်တယ် ... အမေ ... အဖေ သားကို တယောက်ထဲ ဘာလို့ထားခဲ့တာလေ အီးဟီး ဒါမှန်းသိရင် အဲ့နေ့တုန်းက ထွက်လာခဲ့ပါတယ် ... ခုတော့ သားတယောက်ထဲ ကြောက်တယ် ... သားကိုပြန်လာခေါ်ပါ
ဒီလိုနဲ့ပဲ အခန်းထောင့်မှာသာ မျက်ရည်အရွှဲသားနဲ့ အိပ်ပျော်သွားရတာ ခနခနပဲ ပြောရမယ်ဆိုရင် မိုးသည်းတဲ့နေ့တိုင်းပေါ့... သူ့မှာ ဖေဖေနဲ့ မေမေကလွှဲလို့ ဆွေမျိုးမိတ်ဆွေ အသိတစ်ယောက်မှမရှိတာကြောင့် အသက်၁၅နှစ် အရွယ်ကတည်းက တစ်ကောင်ကြွက် ဖြစ်ခဲ့ပြီး ကျောင်းဆက်တက်နိုင်ရန် ကိုယ့်အားကိုယ်ကိုးကာ သူ့အသက်အရွယ်နဲ့ လုပ်လို့ရသမျှ အလုပ် အကုန်လုပ်တာကြောင့် ပင်ပင်ပန်းပန်းနေခဲ့ရသည်...
![](https://img.wattpad.com/cover/276613466-288-k705689.jpg)