အားချန် ကျေးဇူးပြုပြီး...(One Shot)

2.7K 251 59
                                    

Unicode

အားချန်...ကျေးဇူးပြုပြီး... ။

လောကကြီးမှာပုံပြင်တွေအများကြီးရှိတယ်..။
တစ်ချို့သောပုံပြင်တွေကတော့ စာအုပ်ထဲမှာပဲရှိနေသင့်ပါတယ်... ။

(၁)

"တီ....တီ....တီ...တီ..... "
"လူကြီးမင်းခေါ်ဆိုသော တယ်လီဖုန်းမှာ သတ်မှတ်ချိန်အတွင်း..... "

ကျင်းရှန်ယွီ တစ်ယောက် သူကလွဲရင်ဘယ်သူမှရှိမနေတဲ့ အိမ်ထဲမှာ ကိုင်သူမရှိတဲ့ ဖုန်းနံပါတ်ကိုပဲအကြိမ်ကြိမ်အခါခါခေါ်နေမိတယ်။ ကားလမ်းမနဲ့ဝေးနေတဲ့ အိမ်နဲ့ခြံဝန်းတစ်ခုလုံးကတိတ်ဆိတ်နေလွန်းတယ်။ တိတ်ဆိတ်နေတာမှ သူ့ကိုယ်သူ အသက်ရှင်နေသေးတာလား သေဆုံးသွားပြီဆိုတာလားတောင်မသိနိုင်တော့တဲ့အထိပဲ။ ပြီးတော့ ညနေစောင်းရောက် လာပြီမို့အိမ်ကအရမ်းကိုမှောင်နေတယ်။ အဲဒါနဲ့ ကျင်းရှန်ယွီ ဝှီးချဲဘီးကိုဖြည်းဖြည်းချင်းရွှေ့သွားပြီး မီးခလုတ်ဖွင့်လိုက်တယ်။

နောက်ဆုံးတော့ သူ ဖုန်းကိုင်ပြီပဲ.. ။

"အားချန်.... မင်းပြန်မလာသေးဘူးလား.... "

"နောက်ကျမယ်"

"မင်းဘယ်အချိန်ပြန်လာမှာလဲ..ထမင်းရော စားပြီးပြီလား "

"......"

အားချန်ကပြန်မဖြေဘူး ဆိုပေမယ့် အဲဒီလိုပြန်မဖြေဘဲ နှုတ်ဆိတ်နေတယ်ဆိုတာကိုက ကျင်းရှန်ယွီ အပေါ် သူပြန်ဖြေတဲ့နည်းလမ်းတစ်မျိုးပါပဲ။ သူက အဲဒီလိုပဲ။ သူစပြီးပြောင်းလဲသွားတဲ့အချိန်ကတည်းက ကျင်းရှန်ယွီနဲ့ဆိုစကားပြောဖို့အရမ်းကို တွန့်တိုလွန်းတယ်။ တစ်နေ့တစ်ကြိမ် အိမ်ကိုပြန်လာနေပေမယ့် ကျင်းရှန်ယွီနဲ့ မျက်နှာချင်းဆိုင်စကားမပြောခဲ့တာတောင်ကြာခဲ့ပြီ။

နောက်တော့ သူဖုန်းချသွားတယ်။ ကျင်းရှန်ယွီနဲ့ စကားဆက်မပြောချင်တော့တဲ့ပုံစံမျိုးနဲ့။

မင်းဘာလို့ဒီလောက်ပြောင်းလဲသွားရတာလဲ...။

ညနက်တဲ့ထိအောင်မအိပ်သေးဘဲ သူ့ကို ဆက်ပြီး စောင့်နေလိုက်တော့ ကျင်းရှန်ယွီနေတဲ့ အပေါ်ထပ် မှန်တံခါးကနေတဆင့် သူပြန်လာတာကိုမြင်ရတယ်။ ကားထဲက နေထွက်လာတဲ့သူ့ပုံစံ။ ရှပ်အင်္ကျီအနက်ကို ကြယ်သီးသုံးလုံးတိတိဖြုတ်ပြီးဝတ်ထားတဲ့ သူ့ပုံစံကအရမ်းကြည့်ကောင်းတာမို့ ကျင်းရှန်ယွီ နှုတ်ခမ်းတွေကအလိုအလျှောက်ပြုံးမိသွားတယ်။ ပြီးတော့ အားချန်က အရက်လည်းနည်းနည်းသောက်လာပုံပေါက်တယ်။ တစ်နေ့လုံး ဝှီးချဲပေါ်မှာထိုင်နေရတဲ့ ကျင်းရှန်ယွီနဲ့တော့သိပ်ကို ကွာခြားလွန်းတာပေါ့။

အားချန် ကျေးဇူးပြုပြီး... (OC One shot)Where stories live. Discover now