အပိုင်း ၁

12 1 0
                                    

မျက်စိရှေ့တွင်လောင်ကျွမ်းနေသော လက်ကြားထဲ ညှပ်ထားသည့် သောက်လက်စ ဆေးလိပ်တိုတစ်လိပ်ကို အဆုတ်ထဲသို့ ခပ်ပြင်းပြင်း ဖွာရှိုက်လိုက်သည် ။

"ဟူး''

သက်ပြင်းတစ်ခုနှင့်အတူ မှုတ်ထုတ်လိုက်သော ဆေးလိပ်ငွေများသည်အမှောင်ကျလုလု
ဖြစ်နေသော အခန်းငယ်အတွင်း ပျံ့ လွင့်သွားကြသည် ။ကုတင်စွန်းတွင်ထိုင်ကာ ဘယ်နှစ်လိပ်မြောက်မှန်းမသိသော ဆေးလိပ်ကို
သောက်နေမိသည် ။

ကုတင်အခြားတစ်ဖက်တွင် ph သုံး၍ ထိုင်နေသောလူ ။
ပူလောင်သော ရာသီဥတုကြောင့် တစ်ဖက်လူက မနေတတ်ဟန်ဖြင့် အဲကွန်း
အရှိန်ကို မြှင့်လိုက်ရင်း......

"အကိုဆေးလိပ်တွေသောက်နေတာ တော်ပါတော့ဗျာ ဒီဟာ
ဘယ်နှစ်လိပ်မြောက်မှန်းမသိတော့ဘူး ''

မိမိလက်ထဲမှဆေးလိပ်ကို ဆွဲလုကာ စိတ်မကြည်သည့် လေသံ မျက်နှာပေးမျိုးနှင့်ပြောလာသော ကောင်ငယ်လေး ။ ထိုကောင်လေးလုသွားသောဆေးလိပ်ကို ပြန်လုဖို့ရော နောက်ထပ်အသစ်တစ်လိပ်မီးညှိဖို့ရော သူမလုပ်ဖြစ် ။ ထိုကောင်လေးသည် သူ့အား အနိုင်ယူသည်ဟုမဆိုနိုင်သောအနိုင်ယူခြင်းမျိုးနှင့်အနိုင်ပိုင်းတတ်သည်။ဒါကိုသူကိုယ်တိုင်
ကျေကျေနပ်နပ်လက်ခံသည်ဆိုလဲမမှား ။ တိတ်ဆိတ်နေသောအခန်းငယ်သည် တဒင်္ဂပြန်လည်တိတ်ဆိတ်သွားပြန်သည် ။

ထိပ်၌စု၍ ချည်ထားသော ဆံပင်ကြောင့် နဖူးသားလေးက ပြောင်ရှင်းနေကာ
ကော့တက်နေသည့် မျက်တောင်လေးများကြောင့် အရုပ်လေးတစ်ရုပ်နှင့်ပင်တူနေသည် ။
ထိုအရာကို ကျွန်တော် ပြုံး၍သာ ကြည့်နေမိ၏ ။

"အကို ဘာကို ပြုံးပြီး ကြည့်နေတာလဲ ကျွန်တော်ပြောနေတာ ကြားလား ''

ထိုသို့ပြောလိုက်မှ အသိစိတ်ဝင်ကာ ကုတင်ပေါ်ချထားသော ဖုန်းအား ကောက်ယူကာ

"ပိုင်ရတု အကိုပြန်တော့မယ် ခေါ်ထားပြီး ဘာမှလဲ
မဟုတ်ဘူး အလုပ်တောင်ဖျက်လာရတာကို ''

ချက်ချင်းပင်ထရန်ပြင်လိုက်တော့ သူ ကျွန်တော့်၏ လက်ကောက်ဝတ်ကိုဖမ်းဆုပ်ရင်း တားဆီးလိုက်သည် ။

You've reached the end of published parts.

⏰ Last updated: Jul 13, 2021 ⏰

Add this story to your Library to get notified about new parts!

သွေဖည်ခြင်းသည် တစ်နည်းအားဖြင့် (Zawgyi+Unicode)Where stories live. Discover now