"ဝမ်ရိပေါ်....!"
နောက်နားဆီကခေါ်သံကတုန်ဟိုက်စွာ။
"Sorry, ဒေါသမထိန်းလိုက်နိုင်ဘူး"
သွေးစွန်းနေတဲ့ဓားကိုပစ်ချရင်းဆိုလိုက်တော့
နောက်ကိုတဖြည်းဖြည်းဆုတ်သွားတဲ့ကိုယ်လုံးလေး။"ထွက်ပြေးလည်းမလွတ်တာမလို့
ရှောင်ကျန့်ကိုကိုယ်မကြမ်းရမ်းမိအောင် အဲ့နားမှာပဲငြိမ်ငြိမ်နေ
ကိုယ်လက်ဆေးပြီးရင်လာခဲ့မယ်"ထွက်မပြေးဖို့ပြောရဲ့သားနဲ့
ပြေးဖြစ်အောင်ပြေးသွားတဲ့အချစ်ကလေးက
တစ်ကယ်ကိုလူဆိုးလေးပဲ။" Boss ကျွန်တော်တို့ဖမ်းပြီးပြန်ခေါ်လာခဲ့ပါမယ်"
"လွှတ်ပေးလိုက် Andrew
ယုန်ကလေးအပြေးမြန်တယ်ဆိုတာ ခြင်္သေ့တစ်ခုန်စာလောက်ပဲရှိတာ
ဒီညတော့လွတ်လွတ်လပ်လပ်ပြေးပါစေ"လူဆိုးလေးကအသည်းနုတဲ့ယုန်ဖြူလေးဆို
သူကရင်ခွင်ထဲထည့်ပြီးကာကွယ်ပေးလိုက်မည်။
အပိုင်လို့သတ်မှတ်ခဲ့ပြီမလို့ စကားနားမထောင်ပဲ
ထွက်ပြေးသွားတဲ့လူဆိုးလေးကို အသည်းတယားယားနဲ့ကိုက်စားပစ်ဦးမည်ပင်။🌺🌺🌺
ဂျူလိုင်ရဲ့ညခင်းတစ်ခုမှာဝမ်ရိပေါ်ကအရင်နဲ့မတူ။
"ယနေ့နံနက်ပေကျင်းမြို့မှာ လတ်တလောရွေးကောက်ပွဲအတွက်ဆိပ်ကမ်းဝန်ကြီးအဖြစ်
လျာထားခြင်းခံရတဲ့ လွီဖေးဟုန် အသတ်ခံခဲ့ရပါတယ် ""ဒီအမှုအတွက်ဆောင်းပါးကောင်းရေးနိုင်မယ်ထင်လားရှောင်ကျန့်?"
အယ်ဒီတာရဲ့စကားကိုရှောင်ကျန့်
အားတက်သရောခေါင်းငြိမ့်ပြလိုက်တယ်။
လွီဖေးဟုန်ဆိုတဲ့သူက ရှောင်ကျန့်အားကျရတဲ့သူတစ်ယောက်။
မိဘမဲ့ကလေးတွေကိုလည်းစောင့်ရှောက်သလို
သက်ကြီးရွယ်အိုတွေကိုလည်းဖေးမတယ်။
Foundationတွေအများကြီးထူထောင်လို့မသန်မစွမ်းကအစ
စားဝတ်နေရေးကြပ်တည်းသူတွေအားလုံးကို ကူညီထောက်ပံ့ပေးနေတဲ့သူ။
ဒီလိုလူတစ်ယောက်အသတ်ခံရတာက တစ်ကယ်ကိုနှမြောစရာကောင်းတဲ့ကိစ္စရပ်ပင်။တစ်ခါတစ်ရံမှာ သေနတ်အစွမ်းထက်
ကလောင်အစွမ်းတွေကပိုထက်တတ်သည်။
ကလောင်တစ်ချက်နဲ့လူ့အသက်ကိုကယ်နိုင်သလို
ပြစ်မှုတစ်ခုကိုလည်းဖော်ထုတ်နိုင်သည်။
ကိုယ်အားကျရတဲ့သူရဲ့ မတရားအသတ်ခံရမှုကို
ရှောင်ကျန့်တစ်ထောင့်တစ်နေရာကဖော်ထုတ်ချင်ပါ၏။