Part - 79 {Unicode☆☆}

197 12 8
                                    

အလုပ်ပိတ်သည့်နေ့​တွေက မိသားစုစုံစုံလင်လင် ရှိတတ်ကြသည့်...အားလပ်ရက်က​လေးတစ်ခုပင်...။
ဒီ​နေ့ နံနက်ခင်းမှာ​တော့...သူစိမ်းတစ်​ယောက်က မိမိအိမ်မှာ နိုးထလာမည်ကို​တွေးမိရင်း ဘုန်း​နေ​သော် စိတ်ရှုပ်​နေသ​ယောင်...။
မင်းရဲမာန်က​တော့...စော​စောစီးစီး​ရောက်လာသည့် ဇွဲသီဟကို မကြည်ကြည့်ဖြင့် ကြည့်​နေ​လေ၏....။
လ​ရောင်ခြယ်က ဇွဲသီဟလက်ထဲမှ မုန့်​တွေကိုယူလိုက်ပြီး မီးဖိုခန်းထဲဝင်သွားသည်...။
နေရာမှ လှည့်ထွက်သွားဖို့လုပ်​နေသည့် မင်းရဲမာန်အား..ဇွဲသီဟက...

"ကိုရဲမာန်..."

မင်းရဲမာန် လှည့်ကြည့်တော့...ဇွဲသီဟက ဆက်​​ပြော၏...။

"ခဏ စကား​ပြောရ​အောင်..."

"မ​ပြော​သေးဘူး...ငါအချိန်မရ-.."

"ခင်ဗျားအချိန်ရပါတယ်..."

ဇွဲသီဟက ပြောပြီး ခြံထဲထွက်သွားသည်...။မင်းရဲမာန်လည်း အောင့်သက်သက်ဖြင့် လိုက်သွားရ​တော့၏...။
ခြံ​လေးထဲမှာတော့ နံနက်ခင်း မြူခိုး​လေး​တွေ တစ်စိုးတစ်စကျန်​နေသေးသည်...။
နေ​ရောင်​လေးက ခပ်ပြပြ...။
ဇွဲသီဟက ပြာလဲ့လဲ့မျက်ဝန်း​တွေဖြင့် မင်းရဲမာန်ကိုကြည့်ပြီး...

"ကျွန်​တော့်ကို မ​ချေပါနဲ့​တော့...ကျွန်​တော် ခင်ဗျားကို ချစ်​ကြောင်း ဝန်ခံပြီးပြီ​လေ...ခင်ဗျားအတွက် ကျွန်​တော့်ရဲ့တက်လမ်း​တွေကို စွန့်လွှတ်ပြီး ခင်ဗျားရှိတဲ့ နေရာမှာပဲ​နေ​နေတာ...."

"အဲ့ဒါနဲ့ပဲ...မင်းက ငါ့ကိုဘယ်​လောက်ထိချစ်နိုင်မှာမို့လို့လဲ..."

ဇွဲသီဟက လေးနက်သည့်အကြည့်​တွေဖြင့်....

"ကျွန်​​တော် ခင်ဗျားကိုချစ်ခဲ့တာ ဆယ်နှစ်ပြည့်​တော့မယ်..."

မင်းရဲမာန်က​တော့ ဂရုမစိုက်သည့် ပုံစံဖြင့်သာ နှုတ်ဆိတ်​နေသည်....။

"ခင်ဗျား ပြန်ချစ်လာဖို့က ကျွန်​တော့်အိပ်မက်...ကျွန်​တော် ခင်ဗျားကိုချစ်ခဲ့တဲ့ အချိန်တွေက မလုံ​လောက်​သေးဘူးလားဗျာ..."

"မင်းဒုက္ခမင်းရှာ​နေတာ​လေ...မင်းက ငါ့roomနဲ့ လိုက်ဖက်တဲ့သူမျိုးလဲမဟုတ်ဘူး...ငါ မင်းကို ချစ်နိုင်မှာလဲ မဟုတ်ဘူး ဇွဲသီဟ..."

⚠BECAUSE...⁉   {U+Z} (Completed)Where stories live. Discover now