အပိုင်း (၃၇)

1.5K 176 0
                                    


အပိုင်း (၃၇)

ဟွားကျူ့ယွီနဲ့ ဟွေရွှယ်တို့ စစ်မြေပြင်ဆီ မရောက်ခင်အချိန်လေး- လမ်းတစ်ဝက်မှာတင်- တပ်ဆုပ်လာကြတဲ့ မြောက်ပိုင်းစစ်သည်တွေနဲ့ ဆုံမိကြတော့သည်။

သူတို့တွေ တပ်ဆုပ်လာကြတာက စစ်ရှုံးလာလို့ပဲဖြစ်သည်။

ဟွားကျူ့ယွီ သူတို့ကိုတွေ့မိလိုက်တဲ့အချိန်မှာ သူတို့က မြို့တော်ကနေ ကီလိုမီတာ၁၀၀လောက်အကွာအဝေးထိ တပ်ဆုပ်လာကြပြီး စစ်စခန်းတောင်ဆောက်နေကြပြီ။

မြောက်လေက ပြင်းထန်စွာတိုက်ခတ်နေပြီး လမင်းကြီးက တိမ်လွှာတွေကြားထဲကနေ အခုံးလေးသဖွယ် ပေါ်ထွက်လာကာ၊ နှင်းတွေက မြေပြင်ကိုဖုံးအုပ်လျက်ရှိပြီး- ဆောင်းရာသီ၏၁၂လပိုင်းနေ့ရက်လေးတစ်ရက်ကဲ့သို့ ဖြူဖွေးနေတော့သည်။

ဟွားကျူ့ယွီ ယန်ကျီမြင်းကိုစီးနင်းရင်း ဟွေရွှယ်နောက်သို့ ကပ်ပြီးလိုက်ပါလာခဲ့တာ၊ စစ်သည်တွေကိုဖြတ်ပြီး သူမ ရှောင်ယင့်ကိုတွေ့တဲ့အထိပဲ။

စစ်သည်တွေခြံရံလျက် ကြီးမားလှတဲ့မြင်းနက်ကြီးကို သူ ဖြည်းညှင်းစွာစီးနင်းလာ၏။ သူ့ရဲ့အနက်ရောင်သံချပ်ကာဟာ အမှောင်ထဲမှာ အေးစက်ပြီးခက်ထန်တဲ့အသွင်ပေါ်နေ၏။ ချောမောလှပတဲ့သူ့ရဲ့မျက်နှာလေးဟာ နှင်းမှုန်လွှာလေးတစ်လွှာ ဖုံးလွှမ်းထားသလိုမျိုး ဖြူဖျော့နေခဲ့သည်။ နဂိုကစူးရှလှတဲ့ သူ့ရဲ့အကြည့်လေးဟာ အခုတော့ ရေခဲတမျှချမ်းစိမ့်လို့နေပြီ။ ရှည်လျားလှတဲ့မျက်တောင်လေးတွေက အနည်းငယ်ကျဉ်းမြောင်းသွားရင်း ကြည့်မိသူအပေါင်း အညံ့ခံလာစေချင်သည့် မွေးရာပါဘုရင့်အရှိန်အဝါတစ်ခုကို ထုတ်လွှင့်နေ၏။

“မင်း ဘာလို့ဒီကိုရောက်နေတာလဲ?” ဟွားကျူ့ယွီကိုတွေ့လိုက်တာနဲ့ သူ မေးမိသွားတော့သည်။ နက်ရှိုင်းတဲ့ သူ့ရဲ့မျက်ဝန်းတစ်စုံက နက်မှောင်လို့လာခဲ့သော်ငြားလည်း ချောမောလှပတဲ့မျက်နှာလေးကတော့ တည်တည်ငြိမ်ငြိမ်နဲ့ လှပတင့်တယ်နေမြဲပဲ။

ဟွားကျူ့ယွီ ယန်ကျီမြင်းပေါ်ကနေ ခုန်ဆင်းလိုက်တယ်။ သူမ နောက်ကျသွားတုန်းပဲ! သူမ စကားပြောမလို့ရှိသေး၊ မြင်းပေါ်ကမြင့်မြင့်မားမားပုံပန်းသဏ္ဍာန်တစ်ခုက တုန်ရီလို့လာသလိုမျိုး အနည်းငယ်ယိမ်းယိုင်လို့သွားပြီး- သိပ်မကြာမီမှာပဲ နှင်းမြေပြင်ပေါ်သို့ ပြင်းထန်စွာလဲကျသွားတော့သည်။

Feng Yin Tian Xia မြန်မာဘာသာပြန် စဆုံးWhere stories live. Discover now