ep(5)💚

906 82 5
                                    

ရှောင်ကျန့် အခုရောက်နေတာက နာမည်ကြီး စားသောက်ဆိုင်တခုရဲ့ အထူးVip အခန်းထဲမှာပါ....
တဖက်လူနဲ့တွေ့ရမဲ့အရေးအတွက် သူ့ရဲ့စိတ်တွေက ဂနာမငြိမ်ရှာဘူး။

ထိုသူက သူ့ရဲ့အိမ်ထောင်ဖက်ဆိုသည့်အကြောင်းနဲ့အတူ ထိုလူက သူ့အဖေအပေါ် အတော်ကိုလွှမ်းမိုးနိုင်သည်ဟူသည့်အကြောင်း သူကြားဖူးယုံလောက်သာဖြစ်တယ် ထိုလူရဲ့ပုံပန်းသဏ္ဍာန်ကို
သူမသိ မမြင်ဘူးပေ.....
သူ့ရှေ့က ဝိုင်နီညိုရောင်တွေက ငြိမ်သက်နေပြီး သူ့ရဲ့လက်တစ်စုံက ပေါင်ပေါ်နှစ်ဖက်ယှက်၍လှုပ်ရှားနေရှာတယ်။

ထိုအချိန်မှာပဲ ပိတ်ထားတဲ့အခန်းတံခါးက ပွင့်လာတော့တယ်။
အခန်းထဲကို ဝင်လာခဲ့တဲ့ထိုလူရဲ့ ကိုယ်သင်းရနံ့ကအတော့်ကိုဆွဲဆောင်နိုင်လွန်းတယ်။
ရှောင်ကျန့်ရဲ့နှာသီးထိပ်သို့ ဝင်ရောက်လာတဲ့ သစ်သီးဝလံရဲ့ရနံ့ကခပ်သင်းသင်းရယ်....
မသိရင်ပဲ သစ်သီးအစုံကို စိုက်ပျိုးထားတဲ့ခြံကြီးထဲရောက်သွားသလားအောက့်မေ့မိလိမ့်မယ် သူ အဲ့ဒီရနံ့လေးကို သဘောကျနေမိပြီထင်တယ်။

''ရောက်နေတာကြာပြီလား...ကိုယ်နောက်ကျသွားတယ် ကျန့်။''

ရိပေါ်ထိုသို့မေးလိုက်သောကြောင့်....
ရှောင်ကျန့်မှာတော့ မျက်လုံးဝိုင်းလေးနဲ့ သူ့ကိုကြည့်၍နေတာကို မြင်လိုက်တဲ့သူ။

''ဟုတ်တယ်...ကျန့်လေး အံ့သြနေမှာပဲ...
ကိုယ်မေ့နေတာ....
အရေးကြီးကိစ္စပြောဖို့အတွက်။''

''ဝမ်ရိပေါ်ဆိုတာ ခင်ဗျားလား။''

သူ့ရဲ့ဖူးစာဖက်လေးရဲ့အမေးကို...
အင်းလို့သာ ဖြေခဲ့မိတဲ့ ဝမ်ရိပေါ်ကြောင့်
ရှောင်ကျန့်ရဲ့မျက်နှာလေး အနည်းငယ်
ငိုမလိုရုပ်လေးဖြစ်သွားတော့တယ်။

''ကျန့်ကျန့်မှာ ချစ်သူရှိတယ် ကော.....''
ထိုစကားလေးက နီနီရဲရဲ နှုတ်ခမ်းထက်
မှဖွင့်ဟဝန်ခံလာခြင်းပင်။
''ရှောင်ဖယ်လို့မရလို့သာ ခုလိုလာတွေ့ရတာ အမှန်တော့ ကျန့်ကျန့်ခုလိုမလုပ်ချင်ဘူး။''

''ကျန့်က ကိုယ့်ကိုလက်မခံနိုင်ဘူးလား
ဖြေလေ....''

''ကျန့်ကျန့်ကြောက်တယ်ကော....ပြီးတော့
မဖြစ်နိုင်ဘူးလို့ထင်တယ်။''

ဆူးမဲ့ပုံပြင်(​ေခတ္တရပ်နား)Where stories live. Discover now