Alarmရဲ့အသံကြောင့်လန့်ပြီးနိုးလာသောကောင်မလေးတယောက်
တွေးတာ- '...'
ပြောတာ- "..."
"ဟာ..!!ငါနောက်ကျပြီ ငါနောက်ကျပြီ!!!!! အမေ သမီး မနက်နောက်ကျရင်နှိုးပါဆို ဘာလို့မနှိုးတာလဲ !!!ကျောင်းစတက်တဲ့နေ့မှာ နောက်မကျချင်ပါဘူးဆို!!!" ကမန်းကတမ်းနဲ့ ကောင်မလေးဟာ မနက်စာကို ပါးစပ်ထဲမှာကိုက်ပြီး တံခါးဖွင့်ပြီး ကျောင်းကိုထသွားပါတယ်..
ကျောင်းသွားတဲ့လမ်းမှာ အသေအကြေပြေးပြီး ကျောင်းကိုရောက်ခါနီးမှာ ကောင်လေးတယောက်နဲ့ ၀င်တိုက်မြိပီး ကောင်လေးကိုင်ထားတဲ့ စာအုပ်တြွေပုတ်ကြပါလေရော🤭... ဒါပေမယ့် ကောင်မလေးဟာ ပြန်မကောက်ယူဘဲ "တောင်းပန်ပါတယ်!!!!ကျွန်မ အလျင်လိုနေလို့ပါ"ဆိုပြီး ပြေးသွားတယ်.. ကောင်မလေးအတန်းထဲလဲရောက်ရော ပထမဆုံးမြင်မိတာက.. သူခုနက ၀င်တိုက်မိတဲ့ ကောင်လေးပါတဲ့ သူမဟာ သူ့ကိုမြင်မိတာနဲ့ ရှက်သွေးဖြာပြီး .. တီချယ်က "အော် သမီး ရောက်ပြီလားနောက်ကျတယ်နော် ကဲကဲ ဟိုနားက ကောင်လေးဘေးမှာပဲဝင်ထိုင်လိုက်တော့နော်" ဆရာမကအဲ့ကောင်လေးနဲ့ ထိုင်ခိုင်းလိုက်ပါတယ် သူမဟာ 'အားး သေပြီ သူနဲ့မှကျရလား >~<' ... "ဟုတ်ကဲ့ တီချယ်" ဆိုပြီး ကောင်လေးဘေးမှာဝင်ထိုင်လိုက်ပါတယ် ဒါနဲ့ပဲ ကောင်လေးဟာ
"ဟ..ဟိုင်း ငါက harryပါဘေးချင်းကပ်ဆိုတော့ ခင်ရမင်ရအောင် ကြိုနှုတ်ဆက်ထားတာပါ" ကောင်မလေးကလဲ "ဟု..ဟုတ်ကဲ့ ကျွန်မက Emilyပါ တွေ့ရတာဝမ်းသာပါတယ် ခင်ကြတာပေါ့"
Emily- 'သူငါ့ကို မမှတ်မိတာလား ဘာလား' .. ဒါနဲ့ပဲ သူharryကိုကြည့်လိုက်တော့ harryဟာ သူ့ကိုစိုက်ကြည့်နေတယ်တဲ့🌚
သူမဟာ ရှက်ပြီး အရှေ့ကိုပြန်လှည့်လိုက်တယ်... အရှေ့မှာလဲ ကောင်မလေးတယောက်ဟာ သူ့ကိုကြည့်နေတယ်တဲ့ emily- 'အယ် ဘာလို့ငါ့ကိုပဲစိုက်ကြည့်နေကြတာလဲ' ... "ဟဲ့ ငါ့ပုံကတခုခုဖြစ်နေလို့လား ဘာလို့စိုက်ကြည့်နေကြတာလဲ?" ဆိုပြီး စိုက်ကြည့်နေတဲ့ကောင်မလေးကိုပြောလိုက်တယ်
ကောင်မလေးဟာ "အ ...အာ....ဘာမှမဖြစ်ပါဘူး ငါက ဟိုနှစ်ကတည်းက ဒီကျောင်းမှာတက်တာ သူငယ်ချင်းလဲတယောက်မှမရှိလို့ နင့်ပုံက ခင်မယ့်ပုံပေါ်လို့ သူငယ်ချင်းဖြစ်ချင်လို့ပါ"
YOU ARE READING
My Love Is You
Fantasyဇာတ်လမ်းအကျဉ်းကတော့... emilyနဲ့harryတို့ကတယောက်ကိုတယောက်ချစ်ကြပေမဲ့ဖွင့်မပြောခဲ့ကြဘူး...အက်လိုနဲ့ဝေးသွားကြရတာပေါ့ရှင်..အက်လိုဘဲဆိုပါတော့.. ဇာတ်လမ်းတိုလေးမလို့ဖတ်ပြီးအားမလိုအားမရဖြစ်ကြရင်ဘဲဖြစ်ဖြစ်အမှားတခုခုပါလို့ဘဲဖြစ်ဖြစ်ဒါကfirst timeမို့နားလည်ပေြး...