ဂိမ်း
(၁)
၂၁ရာစုမှာ ကျွန်တော်တို့နိုင်ငံက လူငယ်တွေကို အလွှမ်းမိုးဆုံး အရာက ဘာလို့ သင်ထင်ပါသလဲ။ သင်သေချာလေ့လာကြည့်ရင် သိနိုင်ပါတယ်။ ညနေပိုင်းဆို လက်ဖက်ရည်ဆိုင်၊ဘီယာဆိုင်တွေမှာ လူငယ်တွေ ဘာလုပ်နေတယ်လို့သင်ထင်ပါသလဲ။ လူငယ်အများစုဟာ mobile gameတွေနဲ့ အချိန်ကုန်နေကြပါတယ်။ Mobile Legend, PUPG, Free Fire စတဲ့ internetဂိမ်းတွေနဲ့သာ အားလပ်ချိန်အများစု ဖြတ်သန်းနေကြပါတယ်။ ကျွန်တော်ကိုယ်တိုင်လည်း ပါဝင်ပါတယ်။ "အားလပ်ချိန်ဆို ဂိမ်းကစားမယ်၊ ရုပ်ရှင်ကြည့်မယ်၊ social mediaတွေ သုံးမယ် " အဲ့ဒီ အလုပ်တွေပေါ်ဘဲ အာရုံရောက်နေပါတယ်။ စာဖတ်ရမှာ ပျင်းလာတယ်။ အားကစားလုပ်ရမှာ ပျင်းလာတယ်။ ကျွန်တော်တို့တွေက ဂိမ်းရဲ့လွှမ်းမိုးမှုတွေကို ခံနေကြရတယ်။ ကျွန်တော်တို့မေ့နေတဲ့ဂိမ်းတစ်ခုကတော့ အထီးကျန်စွာတည်ရှိနေပါတယ်။ အဲ့ဒီဂိမ်းက လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတည်းက သိသူနည်းပါးစွာပေါ်ပေါက်နေခဲ့တယ်။ အတိအကျဆို လူသားတွေ စတင်ဖြစ်တည်ကတည်းက အဲ့ဒီဂိမ်းလေးက တည်ရှိနေခဲ့ပါတယ်။ အဲ့ဒီဂိမ်းကို ကျွန်တော်တို့အားလုံးကစားနေကြပေမယ့် ကစားနေတယ်ဆိုတာ သိသူနည်းလှတယ်။ အဲ့ဒီဂိမ်းကို ကစားနေမှန်းမသိ ကစားနေကြတယ်။
အဲ့ဒီဂိမ်းကို ကျွန်တော်တို့ မကစားလို့မရပါဘူး။ ကစားနေမှန်းလည်း မသိကြပါဘူး။ အဲ့ဒီဂိမ်းလေးက ကစားရတာ လွယ်မယောင်နဲ့ခက်လှတယ်။ အဲ့ဒီဂိမ်းလေးအကြောင်း ကျွန်တော်ရှင်းပြပါမယ်။ ဂိမ်းလေးက အခြားဂိမ်းတွေလိုဘဲ Levelတွေနဲ့ သွားတယ်။ Game Overဖြစ်သွားရင်တော့ ပြန်ဆော့လို့မရတော့ဘူးပေါ့။ Game over
မဖြစ်မချင်း levelတစ်ခုချင်းစီတိုင်းမှာ စမ်းသပ်မှုများစွာကို ပြုလုပ်လိမ့်မယ်။ စမ်းသပ်မှုတွေကို
ကျရှုံးတဲ့အခါရှိသလို၊ အောင်မြင်တဲ့အခါလည်းရှိလိမ့်မယ်။ အဲ့ဒီဂိမ်းလေးက ကစားရတာ အရမ်းစိတ်လှုပ်ရှားစရာကောင်းတယ်။ ရင်ခုန်စရာကောင်းတယ်။ ရသမျိုးစုံကို သင်ခံစားရလိမ့်မယ်။
Levelကတော့ နိုင်နိုင်ရှုံးရှုံး အမြဲတမ်း တက်နေမယ်။ Level မြင့်လာတာနဲ့အမျှ ဂိမ်းက ခက်ခဲလာမယ်။ ဂိမ်းရဲ့levelအနိမ့်ကတည်းက ကြိုးစားမှ ဂိမ်းlevelမြင့်လာတဲ့အခါ ကစားရတာ သက်သာလိမ့်မယ်။ ဂိမ်းရဲ့အဆုံးသတ်မှာ ကစားသမားတွေရဲ့ အဆုံးသတ်၊ ပြီးဆုံးပုံတွေကတော့ တူကြမှာမဟုတ်ပါဘူး။ ကျွန်တော်ပြောနေတဲ့ ဂိမ်းကို သင်တို့သိနေကြပြီလား။