Unicode
မင်္ဂလာဆောင်မတိုင်မီနှစ်ရက်အလိုမှာလည်းပါပါးSheကChengYangတို့ဆီဖုန်းဆက်လာပြန်တယ်။ထို့နောက်ChengYangအားရာသီဥတုကအေးလာပြီဖြစ်၍ထိုနေ့တွင်နွေးနွေးထွေးထွေးဝတ်လာခဲ့ရန်သေချာမှာသည်။
"သားXiao Yang, ဟိုကောင် SheYanကိုဖုန်းပေးလိုက်ပါဦး"
သူနဲ့ပြောနေစဥ်ကအသံမှာနူးညံ့သလောက်SheYanနာမည်ခေါ်သောအခါပါပါးShe၏အသံမှာခပ်တင်းတင်းဖြစ်သွားသည်။
သားအဖနှစ်ယောက်ရဲ့ဆက်ဆံရေးမှာသိပ်မကောင်းမှန်းChengYangရိပ်မိပါသည်။သို့သော်သွေးသားရင်းချာတွေမို့ဘယ်လောက်ဘဲအဆင်မပြေပြေတစ်ယောက်နဲ့တစ်ယောက်ကတော့ဂရုစိုက်ကြသည်။ChengYangကပါပါးSheကစကားပြောချင်နေသည်ဟုSheYanဆီဖုန်းပေးလိုက်တော့SheYanကဖုန်းကိုယူသွားပေမဲ့ဘာတစ်ခွန်းမှစမပြောပေ။ထို့နောက်ဘေးနားကChengYangပင်ကောင်းကောင်းကြားရလောက်တဲ့အထိပါပါးSheရဲ့အသံထွက်ပေါ်လာတော့သည်။
ပါပါးSheကSheYanအားအလုပ်ကိုဘဲအာရုံစိုက်မနေဘဲသူ့သားမက်လေးနဲ့မြေးလေးကိုလည်းအချိန်ပေးရန်ဆူနေခြင်းပင်။
အချိန်မပေးနိုင်ပါကChengYangကိုသူတို့နဲ့နေခိုင်းပြီးဂရုစိုက် ပေးမည်ဖြစ်ကြောင်းလည်းသတိပေးလိုက်သည်။ထိုစကားကိုကြားသော်ChengYangမျက်လုံးပြူးသွားပြီးSheYanမျက်နှာမှာလည်းသုန်မှုန်လာကာ
"အဖေ့ရဲ့ကြင်နာမှုကိုကျေးဇူးတင်ပါတယ် ဒါပေမဲ့ChengYangကကျွန်တော့်ယောကျာ်းပါ ကျွန်တော့်ယောကျာ်းကိုကျွန်တော်ကောင်းကောင်းစောင့်ရှောက်နိုင်တာမို့ အဖေအဲ့ဒီအတွက်စိတ်မပူပါနဲ့"
"ဒါဆိုလည်းကောင်းပြီ Xiao Yangနဲ့ငါ့မြေးလေးသာတစ်ခုခုဖြစ်လို့ကတော့ မင်းသတိထားနေ"
(TN/ ဘယ်သူကသားအရင်းလဲXD)
သူ့သားကသူ့ချစ်သူကောင်လေးအကြောင်းပြောကတည်းကChengYangကယောကျာ်းလေးတစ်ယောက်ဖြစ်နေတာကိုစိတ်ထဲမထားပေ၊သူလည်းနိုင်ငံခြားတွေမှာနေဖူးတာမို့ဒါမျိုးတွေကိုလက်ခံနိုင်သည်။သို့သော်ကိုယ်ဝန်ရှိနေသည်ဟုသိရတော့အစပိုင်းမှာအရမ်းအံ့သြသွားခဲ့တယ်၊ဒါပေမဲ့သူ့သားကဒါမျိုးကိစ္စကိုနောက်လိမ့်မည်မဟုတ်မှန်းတော့သူကောင်းကောင်း ကြီးသိသည်။
ChengYangမှာသူတို့မျိုးဆက်လေးရှိနေပြီဆိုမှတော့အားလုံးပြည့်စုံသွားပြီပေါ့။
YOU ARE READING
His son has a richest billionaires dad(Myanmar Translation)
RomanceAuthor(s) Shou Xin 狩心 Artist(s) N/A Year 2018 Status in COO Completed...66 Chapters Licensed N/A The Whole Story Isn't Mine.I just upload this because I want to.So, I give fully credit to the original publisher.BTW I've got permission from English...