Unicode
ငါက ကုမ္ပဏီကလုပ်ဖော်ကိုင်ဖက်တစ်ယောက်ဖြစ်တဲ့ နူးညံ့သိမ်မွေ့ပြီး တာဝန်ယူတတ်တဲ့လူဖြစ်တဲ့ ရှန်လော့ကို သဘောကျနေမိခဲ့တယ်။သူ့ရဲ့ပြောဟန်ဆိုဟန်တွေက ရည်မွန်ကြော့ရှင်းပြီးတော့ ငါ့အလုပ်တွေကိုလည်း တစ်ခါတစ်လေ ကူညီပေးတတ်တယ်။
ငါဟာ ငါလိုမျိုးတူ ယောကျာ်းတစ်ယောက်ရဲ့ဖမ်းစားခြင်းကိုခံလိုက်ရတယ်။
ကံမကောင်းတာကတော့ သူ့မှာ ချစ်သူကောင်မလေးရှိနေပြီးသား ဖြစ်နေတယ်။
သူ့ကောင်မလေးကလည်း ငါတို့ကုမ္ပဏီမှာပဲ အလုပ်လုပ်တာ။သူမက ငါ့ရဲ့ဂျူနီယာဖြစ်ပြီးတော့ သူမအခက်အခဲ တစ်စုံတစ်ရာတွေ့တိုင်း ငါ့ဆီကို အကူအညီလာတောင်းတတ်တဲ့ ဖြူစင်တဲ့နှလုံးသားရှိတဲ့ ခပ်ရိုးရိုးကောင်မလေးပါပဲ။
တကယ်လို့များ သူမသာ သူမချစ်သူနဲ့ပတ်သက်ပြီး ငါ့ခေါင်းထဲမှာပြေးလွှားနေတဲ့အကြောင်းအရာတွေကိုသိခဲ့မယ်ဆိုရင် သူမနေ့တိုင်းပြုံးပြနေတဲ့အပြုံးမျိုး ဆက်ပြုံးပြပါဦးမလား။
တစ်နေ့မှာတော့ ကုမ္ပဏီက အခမ်းအနားပွဲတစ်ခုမှာ ငါအရက်မူးချင်ယောင်ဆောင်ပြီးအမျိုးသားသန့်စင်ခန်းထဲသွားတဲ့ ရှန်လော့နောက်ကို လိုက်သွားခဲ့တယ်။
"ငါမင်းကိုချစ်နေတာကြာပြီ"
မူးနေတဲ့အကြည့်တွေနဲ့အတူ ငါ သူ့ကိုယ်ပေါ်ကိုမှီရင်း သူ့ရင်ဘတ်ကိုထိနိုင်မယ့်အခွင့်အရေးကိုယူပစ်လိုက်တယ်။
သူက ထိတ်လန့်သွားတယ်။ဒါပေမယ့်လည်း သူ့ရဲ့တည်ငြိမ်အေးဆေးမှုကိုအမြန်ထိန်းရင်း ငါ့နားနားမှာတိုးတိုးပြောတယ်။
"မင်းမူးနေပြီ"
ငါဘာကိုမှ ထပ်ပြီးဂရုမစိုက်နိုင်တော့ပဲ ငါ့လက်တွေကိုသူ့အင်္ကျီတွေထဲလျိုဝင်ပြီး သူ့ရင်ဘတ်တွေကိုပွတ်သပ်ကာပြောလိုက်တယ်။
"မင်း ယောကျာ်းတစ်ယောက်ကို ဘယ်တုန်းကမှ မမြည်းစမ်းဖူးဘူး။ ဟုတ်တယ်မလား။ငါမင်းရဲ့ အမြှောင်ရည်းစားဖြစ်ဖို့ဆန္ဒရှိတယ်။ငါတို့အကြောင်းကို ဘယ်သူမှ မသိအောင်လည်း လျို့ဝှက်ထားပေးမယ်။ငါမင်းကို ဘာပြဿနာမှ မတက်စေရဘူးလို့ ကတိပေးတယ်"
YOU ARE READING
(ကိုယ်ခွဲ)ကိုယ္ခြဲ[Completed](ဘာသာပြန်)
Horrorငါမင်းကိုချစ်တယ်။ဒါပေမယ့် မင်းနဲ့အတူရှိမနေနိုင်ဘူး။ ငါ့ကိုယ်ငါသာ နှစ်ကိုယ်ခွဲရရင် မင်းနဲ့အတူရှိလိုက်ချင်ပါရဲ့