❣️နှလုံးသားနှင့်ရင်း၍ချစ်ခဲ့သည်❣️
Normal fic
Part-1မောင်နဲ့ကျွန်မလက်ထပ်တာခုဆိုရင်၃နှစ်ပြည့်ခဲ့ပြီ။မောင်နှင့်ချစ်သူမဖြစ်ခင်ကရုပ်အချောကြီးမဟုတ်ပေမယ့်ရုပ်ရည်အသင့်အတင့်နှင့်ကျွန်မကိုချစ်သူခင်သူအလွန်ပေါ်များခဲ့သည်။ထိုအထဲမှကျွန်မအပေါ်သည်းခံနိုင်သော၊ကျွန်မကိုအရမ်းချစ်သောမောင့်ကိုရွေးချယ်ခဲ့သည်။မောင်နဲ့ကျွန်မချစ်သူသက်တမ်း၃နှစ်ကျော်မှာနှစ်ကိုယ်တူဘဝလေးတစ်ခုဖန်တီးခဲ့ခြင်းဖြစ်သည်။
ကျွန်မမျှော်လင့်ခဲ့သည့်အတိုင်းပင်မောင်ကျွန်မအပေါ်ချစ်ခြင်းမေတ္တာတွေအပြည့်ပေးခဲ့သည်။အရိပ်တစ်ကြည့်ကြည့်နှင့်ချစ်တတ်သောယောက်ျားကိုပိုင်ဆိုင်ထားရသောကျွန်မဘယ်လောက်တောင်ကံကောင်းလိုက်ပါသလဲ။
ရှင်ယွန်းသစ္စာ
*************************************
ကျွန်တော်သူမကိုမြင်မြင်ချင်းချစ်မိသွားခဲ့သည်။သူမကအဖြူအစိမ်းဝတ်ကျောင်းဆရာမလေးပါ။ကျွန်တော်ကတော့သူမကိုချစ်မိစအချိန်မှာသာမန်တက္ကသိုလ်ကျောင်းသားလေးတစ်ယောက်ပါပဲ။ကျောင်းသားမို့ဆရာမပေါက်စကိုလိုက်ကြိုက်ရသည်မှာမလွယ်ကူလှပါ။ယူနီဖောင်းကိုရှိန်တာကြောင့်ခပ်လှမ်းလှမ်းကပဲမရဲတရဲလိုက်ခဲ့ရသည်လေ။ကျွန်တော့်ထက်အသက်ကြီးသောဆရာမလေးကိုချစ်မိပေမယ့်ကျွန်တော့်ကိုသူမပြန်ချစ်နိုင်လိမ့်မည်ဟုသိပ်တော့မမျှော်လင့်ရဲခဲ့ပါ။သိုပေမယ့်ကျွန်တော့်ရဲ့အချစ်စစ်မှန်၍ထင်သည်။သူမကျွန်တော့်ကိုလက်ခံပေးခဲ့သည်။ကျွန်တော့်ရဲ့Angelဆရာမလေးရှင်ယွန်းသစ္စာ....ကျွန်တော့်ရဲ့မကိုအရမ်းချစ်ပါတယ်။
ဝသုန်မိုးစက်
*************************************
ဝသုန်မိုးစက်ကျောင်းပြီးကတည်းကဘဏ်တစ်ခုမှာအလုပ်ရခဲ့သည်။အလုပ်ရပြီး၂နှစ်ခန့်အကြာမှာချစ်သူရှင်ယွန်းသစ္စာနှင့်လက်ထပ်ခဲ့သည်။လက်ထပ်ပြီးပေမယ့်အတူမနေရ။ဝသုန်မိုးစက်ကမန္တလေးမှာ...ရှင်ယွန်းသစ္စာကနယ်မှာပဲတာဝန်ကျနေခဲ့သည်။သူတို့နှစ်ဦး၏တွေ့ဆုံချိန်မှာရှင်ယွန်းသစ္စာကျောင်းပိတ်ချိန်မှသာဖြစ်နိုင်သည်။တစ်ယောက်ကိုတစ်ယောက်ယုံကြည်နားလည်မှုချစ်ခြင်းမေတ္တာတွေနဲ့ဘဝကိုအတူဖြတ်သန်းလာခဲ့တာအိမ်ထောင်သက်တမ်း၃နှစ်ရှိခဲ့ပါပြီ။သားသမီးမထွန်းကားသေးတာကလွဲရင်သူတို့ဘဝလေးဟာပျော်စရာတွေပြည့်နှက်နေပါသည်။
YOU ARE READING
❣️နှလုံးသားနှင့်ရင်း၍ချစ်ခဲ့သည်❣️
Short Storyပညာပေးဇာတ်လမ်းတိုလေးပါ။ ခဏတာသာယာမှုမှာ ယစ်မူးသွားမိသူကြောင့် ဘာတွေဖြစ်သွားလဲဆိုတာ အားပေးကြပါဦး🙏🏻 Normal fic Short storyလေးပါနော်😄