Uncover 6

2.2K 384 49
                                        

”နောက်အပတ် စကီကွင်းသွားမလို့ လိုက်မှာလား ချန်းယောလ် ”

အတန်းဝရောက်ထဲက လှမ်းမေးလာတဲ့ ဝူဆော့​ကြောင့် ချန်းယောလ် စဥ်းစားရင်း အထဲဝင်လာသည်။ ဝူဆော့ကတော့ သူ့ကိုကြည့်ရင်း အဖြေစောင့်နေတုန်းပဲ ။

နောက်လဆို သူတို့စာမေးပွဲဖြေရတော့မယ် ။
စာသင်နှစ်တစ်ခုရဲ့ အမှတ်တရအဖြစ် ခရီးထွက်ကြမဲ့ အကြံအစည်ကို သဘောကျတာတော့ အမှန်။

”ငါ လိုက်မယ်...မာမီကိုတော့ ပြောရဦးမယ် ”

ချန်းယောလ်စကားကို ဝူဆော့က ဟာ ခနဲ တုံ့ပြန်ချက်ပေးလာသည်။ မာမားဘွိုင်းဆိုတဲ့ သဘောနဲ့ ။ သူက မာမားဘွိုင်းတော့ မဟုတ်ပေမဲ့ မေမေတို့စီက ခွင့်ပြုချက်တောင်းပြီးမှ သွားတတ်တာဆိုတော့ မတတ်နိုင် ။

မနက်စာထမင်းဝိုင်းမှာ ချန်းယောလ်ကအေး အေးဆေးဆေးရှိနေသည်။ အသားဖက်ကို တူနဲ့ လှမ်းယူရင်းနဲ့...

”မာမီ...သား နောက်တစ်ပတ် သူငယ်ချင်းတွေနဲ့ စကီကွင်း သွားမလို့... ”

ဟင်းရည်သောက်နေတဲ့ ဖေဖေက သူ့ကို ကြည့်လာပြီး မေမေ့ကို ပြန်ကြည့်လာသည်။ သူကတော့ နှစ်ယောက်လုံးကို ခွင့်တောင်းနေလျက်ရှိ၏ ။

”အမြဲ မာမီတို့ကိုပြောနေကြဆိုတော့
အခုလည်း ခွင့်တောင်းတာ ”

ကြက်ဥလိပ်ကြော်က စားလို့ကောင်းနေတာမလို့ ထပ်ယူစားမိရင်း အဖြေကိုစောင့်နေလိုက်သည်။
မာမီရော ဒယ်ဒီရောက ဘယ်တော့မှပိတ်ပင်တာမရှိတာမလို့ ချန်းယောလ်အတွက်ကတော့ တွေးထင်ထားသလို အေးဆေးပဲ ။

”အင်းးးး အရင်ကတော့ မေမေတို့ကို ခွင့်တောင်းတယ်ဆိုတာ မေမေတို့က သားရဲ့ အုပ်ထိန်းသူမလို့လေ ”

ကြက်ဥလိပ်ကြော်ပန်းကန်ထဲရောက်နေတဲ့ တူတစ်စုံက ရပ်တန့်သွား၏ ။
ဘာစကားကြီးလဲ
အရင်က အုပ်ထိန်းသူဆိုတော့....?

”အခုက ဖေဖေတို့က သားရဲ့ အုပ်ထိန်းသူ မဟုတ်တော့
သားငယ်က ခွင့်ပြုချက်ကို ဖေဖေတို့စီက တောင်းရမှာ မဟုတ်တော့ဘူး ”

တစ်ဆိတ်လောက်...မေမေရော ဖေဖေရော ဘာတွေပြောနေကြတာလဲ?
သူ့ရဲ့ အုပ်ထိန်းသူမဟုတ်တော့ဘူးတဲ့လား ။
မွေးကတည်းက ဒီမေမေ ဒီ ဖေဖေလက်ထဲမှာ ကြီးပြင်းခဲ့တာကို အခုမှ အုပ်ထိန်းသူမဟုတ်တော့ဘူးဆိုတာ ဘာစကားကြီးလဲ ။

Uncover <Completed>Where stories live. Discover now