☘︎ 3 ☘︎

1.8K 316 69
                                    

Unicode
------------

"ဘာလုပ်နေတာလဲ "

စိုစိစိ မြက်ပင်စိမ်းငုတ်တိုလေးတွေအပေါ် ဆော့ဂျင်ဖြတ်နင်းလာရင်း စပ်စုလိုက်သည်။မုန်လာခင်းတွေ၊ကန်စွန်းခင်းတွေက မနက်ခင်းမှာ စိမ်းစိမ်းစိုစိုနဲ့ အစိမ်းလိုက်စားချင်စဖွယ်။

"မမြင်ဘူးလား။အပင်တွေကို ရေလောင်းနေတာလေ"

ခြေသလုံးထိ မြူပ်နေသော ဖိနပ်ရှည်ကိုစီးကာ တစ်ပတ်နွမ်း ဂျင်းဘောင်းဘီအရှည်ကိုတော့ ဖိနပ်ပေါ်အထိ လိပ်တင်ထားသည်။အကျီအကွက် အုန်းခြောက်ရောင်လက်ရှည်ကို စွပ်ကျယ်အဖြူပေါ်ထပ်ဝတ်ထားပုံက လူငယ်ဆန်စွာ သွက်လက် ထက်မြက်သည့်ဟန်မျိုး။သူ့မျက်နှာဟာ နုဖတ်မနေ။သို့သော် ရင့်လည်း မရင့်။မေးရိုးထင်းထင်းတွေက ဘေးတစောင်းအနေအထားနှင့်တောင် အတော်ကြည့်ကောင်းနေပြီ။

"ကောင်းကောင်းမွန်မွန် ပြောစမ်း ကောင်လေး။ငါ မင်းထက်အသက်ကြီးတယ်"

"အစ်ကိုကြီးလို့ခေါ်ရမှာလား"

"ရွဲ့မနေနဲ့"

"ပေးစမ်း...ငါလည်း ရေလောင်းချင်တယ်"

ဆော့ဂျင် ကောင်လေး လက်ထဲက ရေလောင်းနေသည့် သစ်သားခွက်ကိုအတင်းဆွဲလုလိုက်သည်။

"ကဲ ပေးစမ်းပါဗျာ။ခင်ဗျား လုပ်လည်းမလုပ်ဖူးဘဲနဲ့"

"မလုပ်ဖူးလို့ လုပ်ကြည့်မလို့လေ"

သူတို့ရေလောင်းပုံက ဆန်းတော့ဆန်းသား။စိုက်ခင်းတွေအလယ်မှာ ရေအိုင်ခပ်ကြီးကြီးထဲ ရေအပြည့်ဖြည့်ကာ လက်ကိုင်အရိုးရှည်တပ်ထားသော သစ်သားထွင်းခွက်အကြီးဖြင့် ရေကိုခပ်လိုက်၊အပင်တွေကြားထဲပက်လိုက်နှင့်။စိုက်ခင်းက အရမ်းမကျယ်တာမို့ ဒီနည်းက အဆင်တော့ပြေသား။သူ့အရပ်နဲ့ သူ့ဇာတ်ဟုတ်တော့ ဟုတ်နေပြီ။

"ပြောတယ်နော်။ လက် နာလိမ့်မယ်"

ဂျောင်ကု သတိပေးလိုက်ပေမယ့် မြို့ကြီးသား ကိုတတ်ပက အလျော့မပေး။သူ့အရပ်ထက်ရှည်သော လက်ကိုင်တုတ်ချောင်းကို မနိုင်မနင်းကိုင်ပြီး သစ်သားခွက်အပြည့်နှင့် ခပ်လိုက်လောင်းလိုက်။မပြောသာတဲ့အဆုံး ခါးထောက်ပြီး ရပ်ကြည့်နေလိုက်တော့သည်။

𝐒𝐏𝐑𝐈𝐍𝐆 𝐁𝐑𝐄𝐄𝐙𝐄 ║𝐉𝐢𝐧𝐤𝐨𝐨𝐤 ✓Where stories live. Discover now