🍁အခန်း(၁)

20 5 0
                                    

🌤မနက်ခင်းငှက်ကလေးတွေရဲ့ သာယာတဲ့
အသံလေးနဲ့အတူ
အပြာရောင်မွေ့ယာလေးထက်မှာအိပ်ပျော်နေတဲ့ သွေးရဲ့ ချစ်လှစွာသောသားလေး နေအသွင် မျက်လုံးလေးပွင့်လာခဲ့သည်နှင့်တစ်ပြိုင်နက်
"ဖေ့ ဖေ့ သားသားကို ချီပါဦး သားသားလေးအိပ်ရာက နိုးပြီဂျ"
ဟုဆိုကာ နှုတ်ခမ်းလေးဆူထော်၍အော်လေပြီ သွေး သားလေး အတွက် မနက်စာနဲ့ ထမင်းချိုင့်လေး ပြင်နေရာ မီးဖိုဆောင်လေးမှ အမြန် အိမ်ပေါ်ထပ်သို့ ပြေးတက်ခဲ့ရသည်။
ကုတင်ပေါ်တွင်တော့ မျက်လုံးပြူးပြူးလေးနဲ့ ငုတ်တုတ်လေးထိုင်ကာ တံခါးပေါက်ကို ကြည့်နေတဲ့ သားသားက
"ဖေ့ မြန်မြန်လာပါဂျ သားက မူကြိုတွားဖို့နောက်ကျရော့မယ် "
ဟုဆိုကာ ဂျီကျလေပြီ။သွေးသားလေး စကားကြောင့် အသာပြုံးကာ သားပါးဖောင်းဖောင်းလေးကို
"မွ "ခနဲ နမ်းရင်း
"ဟုတ်ပါပြီဗျ ဖေ က ဖေ့သားချောလေးအတွက် သားသားကြိုက်တဲ့ ကြက်ဥ ထမင်းလိပ်လေး ပြင်နေလို့ပါဗျ "
"ဟာ တကယ်ရား ဖေ့ "
"Omm တကယ်ပေါ့ဗျ လာ ဖေ နဲ့အတူ ရေချိုးပြီး မူကြိုသွားရအောင်နော် "
"ဟုတ်ကဲ့ဖေ့ မြန်မြန်ချိုးရအောင်"
"ဟုတ်ပါပြီ မြန်မြန်ပါကွာ ဝှီး...ရေချိုးခန်းသို့ ပျံသန်းပြီကွ"
သွေးသားလေးရဲ့ ချိုင်းကို ချီ မ ကာ ရေချိုးခန်းသို့ဝင်၍သားကိုရေချိုးပေးခြင်း လုပ်ငန်းစဉ်စတင်တော့သည်။
အဲ့နောက် သားလေးကို မွှေးပွသဘက်လေးနဲ့ ရေသုတ် သနပ်ခါးလူး အင်္ကျီလဲပေးပြီးနောက်မှာတော့ မနက်စာစားရန် ထမင်းစားခန်းသို့ ဆင်းလာခဲ့ကြသည်။
ထမင်းစားခန်းတွင်...
"သားသား ကြက်ဥထမင်းလိပ်စားလို့ကောင်းလား"
သားက မျက်လုံးဝိုင်းဝိုင်းလေးများတွင် အရောင်တဖျတ်ဖျတ်လပ်ကာ
"ဖေ့ရဲ့ လက်ရာ က ဗဲထီးဂွတ်👍👍ပဲ အဟီး"
ဟုဆိုပြီး လက်မလေးနှစ်ဖက်ထောင်ပြကာရယ်လေသည်။
သွေးတို့ ထမင်းစားပြီးသောအခါ...
သားကျောင်းသွားရအောင်နော် ကျောင်းမှာ ရန်မဖြစ်ရဘူးနော် သားအတွက်ထည့်ပေးလိုက်တဲ့ ထမင်းနဲ့ ဟင်းကို ကုန်အောင်စားရမယ် စာသေချာလိုက်လုပ်ရမယ် ပြီးတော့..."
"ပြီးတော့...ချာမ စကားနားထောင်ရမယ် အပြင်မုန့်တွေဝယ်အစားရဝူး စားချင်ရင်မှတ်ထားပြီး ဖေ့ကို ပြောရမယ်
ဖေ လာမကြိုမချင်း ချာမနားမှာပဲနေရမယ် ကိုယ်နဲ့ အသိတဲ့ လူဂျိမ်းတွေနဲ့ အခေါ်ရဝူး စကားအပြောရဝူး ဖေ့ ဖုန်းနံပါတ်
၀၉********၁ ကိုတစ်ခုခုဆို ဆက်ရမယ် ကဲရပြီရား"
"ဟား ဟား ဟား Wow ဖေ့သားက တော်လိုက်တာကွာ
ဟုတ်ပါပြီ ဖိုးဉာဏ်ကောင်းလေးရယ် ကဲ ဒါဆိုလဲကျောင်းသွားရအောင်နော်"
"ဟုတ်ကဲ့ဖေ့"
S.N Private Pre-School
"ကဲသားလေး တာ့တာ ဖေ‌ပြောတာတွေမှတ်ထားနော်
ဆရာမ စကားလည်းနားထောင်နော် "
"ဟုတ်ကဲ့ ဖေ့ တာ့တာ ချစ်တယ်နော် မွ မွ "
သားကသွေးပါးလေးနှစ်ဖက်ကိုလက်ကလေးနဲ့ ကိုင်ပြီး
အနမ်းပေးသည်။
"Omm အရမ်းချစ်တယ်နော် မွ မွ "
သွေးကလည်း သားလေးရဲ့ ပါးဖောင်းဖောင်းလေးနှစ်ဖက်ကို နှစ်ခေါင်းထိပ်လေးများနစ်ဝင်သည်အထိ မွှေးကြူလိုက်မှ ပြုံးပြီး ကျောင်းထဲဝင်သွား‌သည်။
သားလေးက ဖေ့ဘဝ ဖေ့ရဲ့အသက် ဖေ့သားလေး ရှိနေလို့ ဖေ အသက်ရှင်နေခဲ့ရတာ....သားလေးအတွက် ဖေ ပိုပြီးကြိုးစားရမယ် .....သူ.....ဆိုတာ သားလေးအတွက် ဘယ်တော့မှ မလိုအပ်စေရဘူး......

လရောင်လေးရဲ့မျှော်လင့်ချက်(M-preg)Where stories live. Discover now