When does he call him 'Senpai'?

1.1K 129 24
                                    

UNICODE

Training ပြီးခါနီး တစ်ခုသောညနေ၌ Fukuodani ဘော်လီဘောအသင်း ၏ ပထမနှစ် Setter ဖြစ်သူ Shuichi က စီနီယာတစ်ဖြစ်လဲ Wing Spiker Konoha အား သူ့စိတ်ထဲတွင် အမြဲမတင်မကျဖြစ်နေသည့် မေးခွန်းတစ်ခုကို မေးလိုက်လေသည်။

"Konoha-senpai၊ Akaashi-senpai က Bokuto-senpai ကို ဘာလို့ Senpai လို့မခေါ်တာလဲဟင်။ Senpai ကိုကျတော့ Senpai က Senpai လို့ခေါ်ပြီး Bokuto-senpai ကျ..."

Konoha သည် ဘောလုံးများကိုသိမ်းနေရင်းမှ ရယ်မောကာ အပြုံးမမည်သောအပြုံးကြီးဖြင့် ပြန်ဖြေလေသည်။

"ခဏ...ခဏ... ခဏ...မင်းမေးချင်တာကို ငါနားလည်တယ်။ အဲ့ဒါကြောင့်ထပ် ရှုပ်အောင်မပြောနဲ့တော့။ အဖြေကတော့ ငါလည်း မသိဘူး။ ဒါပေမယ့် သူတို့နှစ်ယောက်ကိုမင်းသေချာစောင့်ကြည့်ရင်မင်းဖာသာသိလာလိမ့်မယ်။ဟင်း ဟင်း..."

ထိုအပြုံးကြီးမှာ အတော်ကို မသင်္ကာစရာ ကောင်းလှပေသည်။

Shuichi ခမျာ ဖြေသွားသမျှကို အကုန်နားမလည်လိုက်သော်ငြား နောက်ရက်များတွင် အဖြေကိုသိလိုစိတ်ပြင်းပြစွာနှင့် Konoha ပြောသည့်အတိုင်း Bokuto နှင့် Akaashi အား သေချာ စောင့်ကြည့်လေတော့သည်။

ထိုအချိန်အတွင်း Shuichi သိလိုက်ရသည်မှာ Bokuto ရှိသည့်နေရာတွင်Akaashi ရှိနေတတ်ပြီး Akaashi ဘေးတွင် အမြဲလိုလို Bokuto ကို တွဲလျက်တွေ့နေရခြင်းပင်။ သူ့စိတ်တွင် အစက ထူးဆန်းသည်ဟုတွေးမိလိုက်သော်လည်း တကယ်တမ်း နှစ်ယောက်ကို အတူမမြင်ရသောအချိန်ကမှ ပို၍ ထူးဆန်းကြောင်း သူတဖြည်းဖြည်း သဘောပေါက်လာသည်။ သူ့နည်းတူ တစ်ခြားသူများလည်း ခံစားရပုံပေါ်သည်။ ထိုသူနှစ်ယောက်အား အတူမတွေ့ပါက တစ်ယောက်က ဘယ်ရောက်သွားလဲ လို့ဟု ကျန်တစ်ယောက်ကို မေးဖြစ်သည်မှာ ထမင်းစားရေသောက်သလို အကျင့်ပါနေကြကြောင်း သူတို့ဘေးရှိ လူများပင် သူတို့ကိုယ်သူတို့ သတိမထားမိကြတော့။

ယခုလည်း နေ့လည်ကျောင်းခဏဆင်းချိန်၌ ဒုတိယနှစ်များရှိရာ အခန်းသို့သွားနေသော Bokuto ကို Shuichi တွေ့လိုက်ရပြီးနောက် စောင့်ကြည့်မည်ဟူသော သူ့ဆုံးဖြတ်ချက်အတိုင်း Bokuto နောက်လိုက်သွားလေတော့ သည်။ Bokuto သည်ကား ထုံးစံအတိုင်းပင် အပြုံးကြီးကြီးတစ်ခုနှင့် သွက်သွက်လက်လက်ပင် လမ်းလျှောက်သွားနေသောကြောင့် နောက်ကလိုက်ရသည့် Shuichi မှာ မနည်းအမှီလိုက်နေရသည်။ ထို့နောက် ဒုတိယနှစ် အတန်း (F) ရှေ့သို့ Bokuto မရောက်သွားခင်တွင် အတန်းထဲမှ ကျောင်းသားတစ်ယောက်က အရင် လှမ်းမြင်လိုက်ကာ အော်ပြောလိုက်သည်က "Akaashi- kun...မင်းရဲ့ Senpai လာပြီ " ဟုပင်။

When does he call him 'Senpai'? {One Shot}Where stories live. Discover now